F

8.8K 777 38
                                    

Written by: CandyBangtan

_______________________________

လက်​ထဲက ပိုက်​ဆံအ​ကြွေ​လေးကို ကြည့်​ရင်း ငိုချင်​လာသလို။ မ​နေ့က ​မျောက်​​လောင်းကို နိုင်​ချင်​တာနဲ့ ​ရောက်​ဖူးဖို့မ​ပြောနဲ့ အလုံးလားအပြားလား​တောင်​ မသိတဲ့ ကာစီနိုကို ​ခေါ်သွားလိုက်​တာ မွဲကိန်းအကြီးအကျယ်​ စိုက်​ခဲ့တယ်​​လေ။ tripအတွက်​ ​ပေးရမယ့်​ပိုက်​ဆံ​တွေ တစ်​ပြားတစ်​ချက်​​တောင်​ မကျန်​ဘူး။ အိမ်​က မားသားကြီးကို ပြန်​​တောင်းဖို့ကလည်း ကမ္ဘာပဲ နှစ်​ခြမ်းကွဲရင်​ကွဲမယ်​ ပိုက်​ဆံက​တော့ ​ကော်​ထုတ်​​တောင်​ ထွက်​လာ​မှာ မဟုတ်​။

"ဟူး..........."

သက်​ပြင်းအရှည်​ကြီးချရင်း ​ကျောင်းထဲဝင်​လာသည့်​ ကျ​တော့်​ခြေလှမ်း​တွေကို လိပ်​က အဘ​ခေါ်သွားလိမ့်​မည်​။

"မုန့်​ဝယ်​​ကျွေးမယ်​ဆိုပဲ ချမ်းသာ​နေတယ်​​ပေါ့"

"မဟုတ်​ပါဘူး ငါ အချိန်​ပိုင်း အလုပ်​လုပ်​​နေတာ​လေ"

အချိန်​ပိုင်းအလုပ်​။ ​ဘေးနားက ဖြတ်​သွားသည့်​ ​ကောင်​မ​လေးနှစ်​​ယောက်​​ကြောင့်​ အကြံတစ်​ခု ရလိုက်​သည်​။ ပိုက်​ဆံရှာရမယ်​။ အိမ်​ကအ​မေက ဘယ်​နားဖွက်​ထားလဲ မသိ​တော့ ကိုယ့်​အစွမ်းနဲ့ ကိုယ်​ ရှာရ​တော့မှာ​ပေါ့။

အတန်းထဲဝင်​လာ​တော့ အ​ပေါက်​၀မှာတင်​ ​ကောင်​မ​လေးတစ်​​ယောက်​က စာတစ်​​စောင်​နဲ့ ပန်းတစ်​ပွင့်​ အင့်​ကနဲ ထိုး​ပေးသည်​။

"Oppa...Saranghae"

ရှေ့က​ကောင်​မ​လေးက ဘယ်​သူလားမသိခင်​ ကျ​တော့်​အကြည့်​က ​နောက်​​ဆုံးတန်းရဲ့ ​ရှေ့ခုံက ​ကောင်​​လေးဆီ။ စူးစူးရဲရဲ ၀ါးမတတ်​ စားမတတ်​ စိုက်​ကြည့်​​နေသည့်​​ ​မျောက်​​လောင်း အချစ်​ဆုံးကြီး​။ ကျ​တော့်​ကို​တော့ မဟုတ်​။ ကျ​တော့်​​ရှေ့က ​ကောင်​မ​လေးကို။ မနာလို​နေသည့်​ ​မျောက်​​လောင်း​ကြောင့်​ ​ကောင်​မ​လေးဆီက စာနဲ့ပန်းကို တမင်​ယူလိုက်​သည်​။ ခပ်​သန့်​သန့်​​လျှောက်​လာရင်း သူ​ရှေ့​ရောက်​​တော့ winkတစ်​ချက်​​ပေးကာ စာအိတ်​​လေးနှင့်​ ယပ်​ခပ်​ပြလိုက်​သည်​။ ထိုအခါ​ဒေါသမကင်းသည့်​ အကြည့်​ရဲရဲတစ်​ချက်​ ကျ​တော့်​ကို​ပေးရင်း ​ရှေ့ကခုံကို ကန်​ကာ ထွက်​သွားသည်​။ နဂိုဆို အဲ့လိုမလုပ်​တတ်​တဲ့ သူ့​ကြောင့်​ ဇ​ဝေဇ၀ါ ဖြစ်​ရတာ​တော့ အမှန်​။ ​အော်​ ​မျောက်​​ရယ်​ မနာလိုတာလားကွာ။ မနာလိုတာဆို ဘာကိုလဲ? အား...မသိ​တော့ဘူး။ ငှက်​​ပျောခွံအစွမ်းနဲ့ လူလည်း ရူးတူးတူး ဖြစ်​​နေပြီ။

Never Ever {♥Completed♥}Where stories live. Discover now