O

6.1K 567 61
                                    

Written By: KimTae_Nun

_______________________________

Jeon Jung Kook ရက်​စက်​သည်​။
သူ့ရဲ့အချစ်​ဦးအ​ကြောင်း ​ပြောဆို​မိသည့်​ ​နေ့မှစ၍ ကျွန်​​တော့်​ကို နည်းနည်းမှ အဖတ်​မလုပ်​။ စက်​ဘီးလှဲတဲ့ ​နေ့မှာဆို ဒဏ်​ရာရ​နေခဲ့တာကို မြင်​ရဲ့သားနဲ့ သူလှည့်​ထွက်​သွားတယ်​။
ဘာတဲ့ မင်း​ကျေနပ်​တယ်​မလား ဆိုပြီး သူ​ပြောတယ်​။ သ၀န်​တိုမှု​လေးကို ​တောင်းတမိတယ်​။ ဒါ​ပေမယ့်​လည်း သူပါးစပ်​က ထွက်​သမျှစကား​တွေက ဓားတစ်​​ချောင်းလို။
သိလား ဒီရင်​ဘတ်​ကြီး စုတ်​ပြတ်​သတ်​သွားတယ်​။
အရင်​အချိန်​က ရန်​ငြိုး​တွေ​ကြောင့်​ တမင်​လုပ်​​နေခဲ့တာလား Jung Kook ရယ်​။
ငါ မင်းကို တကယ်​ချစ်​ခဲ့တာ။
ငါ့ရဲ့ ပထမဆုံးချစ်​သူ ပထမဆုံးရင်​ခုန်​သံက မင်းပါလို့ ​မင်းရှေ့မှာရပ်​ပြီး ၀န်​ခံချင်​​ပေမယ့်​ မာနတချို့က တင်းခံ​နေတယ်​။
မင်း​တောင်​ ဂရုစိုက်​ခဲ့တာမှ မဟုတ်​တာ။

"Tae Hyung ငါတို့ အ​ဆောင်​၀င်​ရမှာတဲ့ မင်း​ရော ၀င်​မှာလား"

Hoseok ရဲ့ အ​​မေးကို ခနတာ စဉ်းစားပြီး အ​တွေး​တွေက ဆက်​တိုက်​။
အိမ်​က ​မေ​မေ့ရဲ့ ပူညံသံကို ​ရှောင်​ရန်​လည်း ဒီတစ်​နည်းထဲ ရှိသည်​မို့။

"အင်း....၀င်​မှာ မင်းငါနဲ့ တူတူ​နေ​နော်​"

"ဟင့်​ မင်းကလည်း ကိုယ့်​အ​ကောင်​နဲ့ကိုယ်​ ​နေ​ပေါ့ "

သူ့ရဲ့ စကားက ရင်​ထဲကို နင့်​ခနဲ။ အခုချိ​န်​မှာ​လေ Tae ကိုနဲ့ အတူတစ်​ခန်းထဲ ​နေရ​အောင်​ လို့ လာ​ပြောမယ့်​ သူ့ကို ​မျှော်​လင့်​​နေမိတယ်​။ သွား​ပြောချင်​တာ​ပေါ့
Taeနဲ့အတူ​နေရ​အောင်​​လေ ဆိုပြီး​တော့။
ဒါ​ပေမယ့်​​လေ ဘာမှန်းမသိတဲ့ မာန​လေး တချို့က ငါ့​ရှေ့မှာ ကာဆီးကာဆီးနဲ့။
ငါ့မှာလည်း မာန ​တွေရှိပါ​သေးတယ်​ Jung Kookရယ်​။

"မင်းတို့ရန်​ဖြစ်​ထားတာလား"

Hoseok ​မေး​သော ​မေးခွန်းကို ​ခေါင်း​လေးသာ သွင်​သွင်​ခါရင်းပင်​။
ဒါ​ပေါ့ သူနဲ့ကျွန်​​တော်​ ရန်​ဖြစ်​ထားကြတာမှ မဟုတ်​ဘဲ​လေ။ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ရှိတယ်​လို့ပင်​မထင်​ကြ​သော စိတ်​ပျက်​စရာ အ​ခြေအ​နေ။ သူ့နှုတ်​ခမ်းက ​ပြောထွက်​မလာ​သေး​သော လမ်းခွဲစကားကို ခံနိုင်​ရည်​မရှိဘူးဖြစ်​​နေတယ်​။
ဒီတိုင်း​လေးပဲ ဆက်​တည်​ရှိ​နေ​ပေးပါ။
သူ့ဆီက ရက်​စက်​တဲ့ စကားသံ​တွေကို ဒီရင်​ထဲက လက်​ခံနိုင်​​တဲ့ အ​ခြေအ​နေမဟုတ်​​သေးလို့။
သူ ကျွန်​​တော့်​ကို အရင်​လို မချစ်​​တော့ဘူး။

Never Ever {♥Completed♥}Opowieści tętniące życiem. Odkryj je teraz