E

9.1K 781 28
                                    

Written by: Kim Tae_Nun

_______________________________

စက်​ဘီးတစ်​စီးနဲ့ ထွက်​သွားတဲ့ ဟိုအရှည်​​ကောင်​ကို ကြည့်​ပြီး တဒုတ်​ဒုတ်​ မြည်​​နေတဲ့ ​ဟောဒီနှလုံးသားကြီးကို ဖိထားရတာက အ​မော။ ရင်​ခုန်​တာလား မဟုတ်​ပါဘူး အိမ်​​မြှောင်​မြင်​ပြီး လန့်​သွားလို့ဖြစ်​မှာပါ။ လက်​​တွေကိုကြည့်​ပြီး တစ်​ဖက်​နဲ့တစ်​ဖက်​ ပြန်​ရိုက်​ကာ.......

"ဒီလက်​​တွေကလည်း ဘာလို့ သွားဖက်​တာတုန်း"

ခေါင်းတခါခါနှင့်​ အိမ်​ထဲအမြန်​​ပြေးဝင်​ပြီး အခန်းထဲကို ဘယ်​ပုံဘယ်​နည်း ​ရောက်​သွားလဲ​တောင်​ မသိလိုက်​ရပါဘူး။ ကုတင်​​ပေါ်လဲအိပ်​ပြီး အသက်​ကို ၀​အောင်​ရှူလိုက်​သည်​။ အခုထက်​ထိကို ​လိုက်​​နှောက်​ယှက်​​နေပါလား အရှည်​​ကောင်​။

ကျ​တော့်​နှုတ်​ခမ်း​တွေ​ပေါ် သူ့နှုတ်​ခမ်း။ အား......အဲ့ဒါဆို ကျ​တော့်​ရဲ့ first kiss​လေးက သူနဲ့​ပေါ့။ သွားပါပြီ ချီးထုပ်​ကြီး သူ့​ကြောင့်​မို့လို့။ ​ပြောလိုက်​ရင်​ ဘယ်​ကမှန်းမသိတဲ့ ငှက်​​ပျောခွံကို အပြစ်​လွှဲချအုံးမယ်​။ ဒါသက်​သက်​ အသားယူချင်​လို့်​ လုပ်​တာလားပဲ။ ငလူး​ကောင်​ကြီး။ ဒါ​ပေမယ့်​လည်း အဲ့လို​တွေဖြစ်​တိုင်း စွာစိလန်​ ကျွန်​​တော်​က "အင်း" တစ်​လုံးထဲ​ပြောပြီး ဒီပါးစပ်​ကြီးကလည်း ဘာမှကို ထွက်​မလာ​တော့ဘူး။
Omma ​ရေ ကျွန်​​တော့်​အဖြစ်​ကို လာကြည့်​လှည့်​ပါအုံး။
ကျေးဇူးတင်​ချင်​စရာမရှိတဲ့ သူ့မျက်​နှာကြီးကို
ဘာလို့များ မျက်​လုံးထဲ မြင်​​နေလဲမသိဘူး။
ပြီး​တော့ သူ့နှုတ်​ခမ်း ဟင့်​အင်း မမြင်​ဘူး မမြင်​ချင်​ဘူး။
ငါဒီ​နေ့ည အိပ်​မ​ပျော်​ရင်​ မင်းကို အရင်​လာသတ်​မှာ Jeon Jung Kook။

-----------------

ကျွန်​​တော်​သူ့ကို မျက်​နှာချင်းမဆိုင်​လို၍
ကျောင်းကို အရင်​ကထက်​ပိုပြီး ​စော​စောထွက်​ခဲ့သည်​။ ဟင်​.....အရှည်​​ကောင်​က
ကျောင်းတံခါးမဖွင့်​ခင်​ ကတည်းကများ ​ရောက်​​နေသလားမသိဘူး။ ထိုင်​ခုံမှာ အခန့်​သားထိုင်​လို့ ပြုံးပြ​နေ​သေးသည်​။
ကျွန်​​တော်​ကို​ယ်​တိုင်​ ဘာဖြစ်​သွားမှန်း​တောင်
မသိလိုက်​ပါဘဲ အခန်းတံခါးဝမှာ ရပ်​​နေတဲ့ ​ခြေလှမ်းကို ​နောက်​ပြန်​လှည့်​ကာ အပြင်​ကို
ရောက်​လာခဲ့သည်​။

Never Ever {♥Completed♥}Where stories live. Discover now