P

5.8K 562 46
                                    

Written by: CandyBangtan

_______________________________

မချစ်​​​တော့၍မဟုတ်​.....မချစ်​သင့်​​တော့၍။

ထိုမိုက်​ရူးရဲအ​တွေးကို ကျ​တော်​ အကြိမ်​ကြိမ်​​တွေးမိတယ်​။ ​တွေးတိုင်းလည်း နာကျင်​ရတာ ကျ​တော်​ပဲ။

မ​နေ့ညက သူအိပ်​ချင်​တဲ့ ဒီ​အောက်​ထပ်​ကုတင်​ကို မ​ပေးခဲ့ဘူး။ တကယ်​ဆို ဖယ်​​ပေးလိုက်​ဖို့ အသင့်​ဖြစ်​​ပြီးကာမှ မာနတချို့က ကျ​တော့်​ဆန္ဒ​တွေကို ဖျက်​ဆီးပစ်​တယ်​။ အင်း​လေ သူစိမ်းဆန်​သွားတဲ့ လူ​နှစ်​​ယောက်​ကြားမှာ အကြင်​နာ​တွေထား​နေ​တော့​ရော ဘာအသုံးဝင်​​တော့မှာလဲ။

အ​တွေးတစ်​ခုလုံးကို ရပ်​လိုက်တယ်​။ ရပ်​လိုက်​ဆို ​ရေ​သောက်​များတဲ့ ကျ​တော်​မှာ မနက်​ဆို အိပ်​​ရေးပျက်​​လောက်​​အောင်​ toilet​ပြေးချင်​တဲ့ကိစ္စ။

ရေးချိုးခန်းကို အလျင်​အမြန်​ ဦးတည်​လိုက်​တော့ shit အထဲက​လော့ချထားတယ်​။ ဒါ ဟို​ကောင်​ပဲ။

*​ဒေါက်​..​ဒေါက်​...​ဒေါက်

"Yah...Kim Tae Hyung!!! တံခါးဖွင့်​စမ်း"

ဒီလိုအချိန်​ ခံစားရတဲ့ feelက အား... မရ​တော့ဘူး။ ​ပေါင်​နှစ်​ဖက်​ကို အသားကုန်​ လိမ်​ထားရတဲ့အဖြစ်​။

"ဟိတ်​​ကောင်​ တံခါးဖွင့်​လို့"

"​ရေချိုး​နေတယ်​ မင်းအသံဆိုးကြီးနဲ့ ​အော်​မ​နေနဲ့ ကျက်​သ​ရေတုံးတယ်​"

အထဲက ကိုယ်​​တော်​က ကျ​တော့်​အဖြစ်​ကို မသိ။ ဒီက​ကောင်​က ​သေ​တော့မယ်​။

"ဟိတ်​​ကောင်​ ဖွင့်​​ပေး ငါ..ငါအပြင်​သွားချင်​​နေပြီ"

"​အောင့်​ထား"

အောင့်​ထားဆိုပြီး သီချင်း​တောင်​ ညည်းလိုက်​​သေးတဲ့ မသာ​ကောင်​။

*ဒုန်း...ဒုန်း...ဒုန်း

"ဟိတ်​​ကောင်​ Kim Tae Hyung မြန်​...မြန်​မြန်​လုပ်​...ငါ...မရ​တော့ဘူး"

"​မ​အောင့်​နိုင်​ ​ပေါက်​ချလိုက်​"

ကျစ်​...ဒီ​ကောင်​ သက်​သက်​လုပ်​​နေပြီ။ အား...​ဒေါသထွက်​​နေဖို့ အချိန်​မရှိဘူး။ အထဲက​ကောင်​ကလည်း လုံးဝဖွင့်​​ပေးမှာမဟုတ်​။ ဒီနားမှာတင်​ နှစ်​ပါးသွားလိုက်​လို့လည်း မဖြစ်​။ မရ​တော့ဘူး။ Yoongi အခန်းကိုပဲ ​ပြေးရ​တော့တယ်​။

Never Ever {♥Completed♥}Where stories live. Discover now