H

8.4K 768 36
                                    

Written by: CandyBangtan

_____________________________

အိပ်​​ရေးမ၀​တော့ မျက်​စိက ခပ်​စပ်​စပ်​။ မျက်​စိကို အသာပွတ်​ရင်း ​ဘေးနားကသူ့ကို ကြည့်​မိ​တော့ မ​နေ့ညက....ဟုတ်​တယ်​...မ​နေ့ညက ကျ​တော့်​ကိုနမ်းတဲ့​တစ်​​ယောက်​။ ​တွေးလိုက်​ရင်​ကို ရင်​ထဲက ဖိုးတိုးဖက်​တက်​နဲ့။

"​ဟေ့​ကောင်​ ထ​တော့...မိုးလင်း​နေပြီိ"

အိပ်​​ပျော်​​နေတဲ့သူ့ကို ပုခုံးက​နေ အသာလှုပ်​နိုးလိုက်​​တော့ လူးလွန့်​လာတယ်​။ မျက်​စိကို ဟိုပွတ်​ဒီပွတ်​နဲ့ ကျ​တော့်​ကိုလည်း မြင်​​ရော ထွက်​​ပြေးသွားတာများ ကျ​တော်​က သူ့ကို ဘာလုပ်​ထားတာကျလို့။ သူပဲ ရန်​စပြီး​တော့။ ဘယ်​လို​ကောင်​မှန်းမသိဘူး။

"ဒီ​နေ့ ​တောင်​​ပေါ်တက်​မယ်​ အဖွဲ့​တွေ ခွဲ​ပေးထားတယ်​ အဖွဲ့စာရင်း​တွေ ဒီမှာ လာကြည့်​ကြ"

ပထမဆုံး ဆု​တောင်းမိတာ ​မျောက်​နဲ့အဖွဲ့မတူဖို့။ ဆု​တောင်းပြည့်​တယ်​။ အဖွဲ့ကလုံးဝမတူဘူး။ အဖြူနဲ့အမဲ ​တောင်​နဲ့​မြောက်​။ တခြားစီ တခြားစီ။ ​ပျော်​သွားသလိုလိုနဲ့ တကယ်​​တော့ ရင်​ထဲမှာ ဟာတာတာကြီိး။ ကြည့်​မ​ကောင်း​အောင်​ ​မျောက်​က သူ့တို့​အဖွဲ့ထဲက ​ကောင်​မ​လေး​တွေနဲ့ သာယာ​နေတာကိုး။ ရင်​ထဲမှာ ဘယ်​လိုကြီးမှန်းမသိ ကလိကလိနဲ့ ​နေရခက်​လိုက်​တာ။

"အဲ့​လောက်​ကြည့်​မ​နေနဲ့ ရုပ်​ကိုက အူနုကျွဲခတ်​​နေတဲ့ ရုပ်​နဲ့ လိုက်​ချင်​လည်း အဲ့အဖွဲ့နဲ့ လိုက်​သွား"

ဘေးနားက​နေ ခပ်​ရွဲ့ရွဲ့လာ​ပြောတဲ့ Yoongi​ကြောင့်​ ရှက်​ရှက်​နဲ့ ​ပြောင်​ငြင်းရတယ်​။

"ဘာ....ဘာလဲ...ဘယ်​မှာကြည့်​လို့လဲ"

ထပ်​မစခံရခင်​ ကျ​တော်​တို့အဖွဲ့ဖက်​ ထွက်​လာလိုက်​တယ်​။ ​မျောက်​တို့အဖွဲ့က​တော့ ထွက်​သွားခဲ့ပြီ။ မနက်​ကတည်း ကျ​တော့်​ကို ​တွေ့ရင်​ထွက်​ထွက်​​ပြေး​နေတဲ့ ​ကောင်​​လေး​ကြောင့်​ မျက်​နှာ​လေးကို ​ကောင်း​ကောင်းမမြင်​ရ။ အခုလည်း မြင်​ကွင်းထဲက ​ပျောက်​သွား​တော့ လွမ်းတာလိုလို ဘာလိုလိုနဲ့ ​နေရခက်​သား။ ဟာ...Jeon Jung Kook ရူး​နေပြီလား။ ကျ​တော့်​မှာ ဘာ​တွေဖြစ်​​နေမှန်းမသိ။ စိတ်​ညစ်​တယ်​။

Never Ever {♥Completed♥}Where stories live. Discover now