အခန်း(၂)လရောင်လွှမ်းသောမြို့တော်

59K 3.2K 100
                                    

[[U]]

ဟန်ကျိုးပြည်နယ်သည်စာပေပညာရှင်များ၊စာသင်သားများနဲ့အမြဲတမ်းပြည့်လျံနေလျက်ရှိသည်။ကြီးသောငယ်သော၊ထက်မြတ်သောသာမန်မျှဖြစ်သောစသဖြင့်ခွဲခြားထားသောကိစ္စရပ်တွေသည်မရှိသလောက်ရှားပါး၏။မြို့တော်၏ရေကန်အရှေ့ဘက်ပိုင်းမှာနေထိုင်ကြပြီးချမ်းသာတဲ့သူတွေကအပန်းဖြေအိမ်တွေနှင့်တမူ၊ဆင်းရဲသားတွေကတော့တစ်ထပ်တိုက်လေးတွေနှင့်တမူအသီးသီးဆောက်လုပ်နေထိုင်ကြသည်။ဒီလိုလာရောက်နေထိုင်ခြင်းကြောင့်သူတို့၏ဂုဏ်ပုဒ်ကိုညိုးနွမ်းစေနိုင်မှာမဟုတ်သလိုတစ်ချိန်တည်းမှာပဲသူတို့၏အိမ်မက်များအောင်မြင်လာမည့်စွမ်းအားတွေကိုရေကန်ကြီး၏စွမ်းအင်တွေဆီကနေရရှိနိုင်တယ်လို့ယုံကြည်ကြသည်။

ကြီးကြီးငယ်ငယ်ရောယှက်တည်ရှိနေသောစံအိမ်တော်များအကြားတံတားကျိုးအရှေ့ဘက်ခြမ်းတွင်နေထိုင်သောကွန်ဖြူးရှပ်အတွေးအခေါ်တွေကိုလေ့လာဆည်းပူးတဲ့သူတွေထဲကပိုင်ဝမ်ကျောင်းဆရာပိုင်ရူ၏ဂုဏ်သတင်းဟာကျော်ကြားလှသည်။ထိုအမျိုးသားရေးသားခဲ့သောကဗျာများကြောင့်ပိုင်ဝမ်၏ကဗျာအနှစ်သာရသည်ကျန်းနမ်နယ်တစ်ခွင်ကဗျာရေစီးကြောင်းမှာတော့ချီးကျုးထိုက်ဖွယ်ရာဖြစ်ခဲ့သည်။ပိုင်ရူသည်ဂီတ၊ကျားထိုး၊လက်ရေးလှ၊ပန်းချီအတတ်ပညာများကိုကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ထားသလိုထိုအတတ်ပညာများနှင့်ပတ်သတ်ပြီးအမည်ကျော်ကြားခြင်းမှာလည်းကဗျာစာပေနှင့်ပတ်သတ်၍ကျော်ကြားခြင်းနဲ့တဆက်တည်းခေတ်ပြိုင်လျက်တထစ်လျော့ခြင်းပင်မရှိ။

တစ်နေ့နေလည်ခင်းအတန်းချိန်ပြီးလို့ရေကန်အရှေ့ပိုင်းတွင်ရှိသောပိုင်အိမ်တော်သို့ပိုင်ရူပြန်လာခဲ့သည်။

တံခါးအဝသို့ခြေချလိုက်တဲ့အချိန်မှာပဲအလုပ်သင်ပိုင်ယွမ်သည်အမောတကောပင်အိမ်ထဲကထွက်လာပြီး

"ဆရာ..ဧည့်သည်ဆောင်မှာဆရာ့ကိုဧည့်သည်တွေလာစောင့်နေကြတယ်"

ပိုင်ရူကစာပေကိုညွှန်ကြားပြသပေးရန်နှင့်ပတ်သတ်ပြီးလာရောက်ဆွေးနွေးတဲ့သူတွေလို့ထင်လိုက်ပြီးပေါ့ပေါ့တွေးကာ

Hua Hua You Long[花花遊龍]Where stories live. Discover now