အခန်း(၁၈)

10.1K 616 12
                                    

[[Z]]

မရေမတွက်နိုင်စွာဝိုင်းကြည့်နေကြသော
မျက်လုံးပေါင်းများစွာကိုဂရုပင်မစိုက်ဘဲမျက်ဝန်းအစုံကတော့ဦးတည်ချက်တစ်ခု
တည်းရာ....လုချန်

လုချန်ထိတ်လန့်မှုကြောင့်
အယောင်ယောင်အမှားမှား
မတ်တပ်ထရပ်မိသည်

ဘေးတွင်ဝိုင်းရံနေသောသူများသည်
ရုတ်တရက်ဒူးထောက်သွားကြကာ
သံပြိုင်ရေရွတ်လျက်....

"သခင်လုအားနန်းတော်ကိုပြန်လာဖို့
အရှင်မင်းကြီးမှအမိန့်ပါသည်"

ကျင်းသည်လက်အစုံကိုဆန့်တန်းလျက်

"ချန်..ကျေးဇူးပြုပြီးပြန်လာခဲ့ပါ..
အကျွန်ုပ်အရမ်းသတိရတယ်"

အသံသည်လွန်စွာနူးညံ့လှပြီး
လုချန်တစ်ခါမျှပင်မကြားဖူးသောအသံ

အားလုံးသည်လုချန်ကိုအံဩသောမျက်လုံး
များနှင့်ဝိုင်းကြည့်လာကြသည်
သူတို့နားလည်ခဲ့ကြသည်ကသခင်လုသည်
ကွပ်မျက်ခံလိုက်ရပြီဟူ၍သာ..
အခုတော့အသက်ရှင်လျက်ရှိနေသေးသည်..
ထို့အတူသခင်လုသည်သိုင်းပညာလောက၌
နာမည်ကျော်ကြားသောလင်းယုန်လုချန်..

လုချန်ကိုယ်တိုင်ကတော့စကားတစ်ခွန်းမျှ
တောင်မထွက်နိုင်သေးပဲအသက်ဝိဥာဉ်မဲ့နေ
သောလူကဲ့သို့ရပ်လျက်ရှိနေသည်

ချောင်ရှင်ကအနားလာတို့၍ပြတင်းပေါက်ကို
ညွှန်ပြသောအခါ
လမ်းအပြည့်နန်းတွင်းရဲမက်အဝတ်အစားများ
ဝတ်ဆင်လျက်ရှိသောလူများကဒူးထောက်နေကြသည်

လုချန်ပြတင်းပေါက်မှကြည့်သည်ကို
မြင်သောအခါအားလုံးဂါဝရပြုကာ
တစ်ညီတစ်ညာတည်းဖြင့်...

"သခင်လုနန်းတော်ကိုပြန်လာသည်အား
ကြိုဆိုပါသည်"

အခုတော့တစ်မြို့လုံးသည်သူနှင့်ကျင်းကြားရှိ
ဆက်ဆံရေးကိုသိသွားကြကုန်ပြီ
ဤမြေတွင်အခြေကျဆက်လက်နေထိုင်ဖို့ရန်ဖြစ်နိုင်ပါတော့မလား...
ဘုရင်၏အချစ်တော်ဆိုသောအရာက.

"ရှောင်ချန်..ဒီကိုလာပါဉီး..
အကျွန်ုပ်မင်းကိုလာခေါ်တာလေ..
ပြန်လိုက်ခဲ့ပါ"

Hua Hua You Long[花花遊龍]Where stories live. Discover now