အခန်း(၁၄)

45.1K 2.8K 310
                                    

[[U]]

ညီအစ်က်ိုတွေအားလုံးသည်လုချန်တောင်မှာတုန်းကအပူအပင်မရှိပျော်ရွှင်လွတ်လပ်စွာနေထိုင်ခဲ့ကြပေမဲ့ထုန်အန်ကိုအတူလိုက်ပါစေလိုသောလုချန်ဆန္ဒကြောင့်သူတို့၏လွတ်လပ်ခွင့်တွေကိုအဆုံးရှုံးခံလိုက်ရသည်။ရင်တွင်း၌လုချန်သိနေသည်။စက်ဆုပ်အထင်အမြင်သေးဖွယ်ရာကျန်းဇီတုန်ဘာကိုဦးတည်နေသည်ဆိုတာအား..။

"အယုတ်တမာ!!"

အမုန်းတရားများ၌နစ်မွန်းသွားသောလုချန်သည်ဖြစ်ရပ်များ၏အကျိုးဆက်ကိုမစဥ်းစားမချင့်ချိန်နိုင်တော့။

"သွားတစ်ချောင်းအတွက်သွားတစ်ချောင်း..သွေးတစ်စက်အတွက်သွေးတစ်စက်ပြန်ပေးဆပ်ရမယ်..ဒီကနေ့ငါလုချန်...ကျန်းဆိုတဲ့ကောင်ကိုငါ့ညီအစ်ကိုတွေကသူလုပ်ချင်တိုင်းလုပ်လို့ရတဲ့သူတွေမဟုတ်ဘူးဆိုတာသိစေရမယ်...အရင်တုန်းကလွှတ်ပေးခဲ့တယ်ဆိုတာလည်းပညာတတ်ခွေးတစ်ကောင်လို့ထင်ခဲ့မိလို့..အခုတော့ခွေးကလူတွေကိုလိုက်ကိုက်နေပြီကိုး....အဲ့ခွေးခေါင်းကိုဖြတ်ပစ်တော့မှငါ့ကိုအပြစ်မတင်ကြနဲ့"

စိတ်ဆုံးဖြတ်လိုက်ပြီဆိုသည်နဲ့လုချန်တွေဝေတုံ့ဆိုင်းခြင်းမရှိတော့ပေ။

"ညီအစ်ကိုတို့..အမြန်အဆင့်သင်ပြင်ကြ..တောင်ဘက်ကိုသွားပြီးပုန်းစရာနေရာရှာကြ..သေသင့်တဲ့ခွေးကောင်နဲ့ကိစ္စတွေရှင်းလင်းပြီးရင်ငါလိုက်လာခဲ့မယ်..ခွေးမသားဂုဏ်ပုဒ်တွေ!ငါနုတ်ထွက်တယ်!"

စိတ်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိသာထင်ရှားစေရန်အပေါ်မှာထပ်ဝတ်လာသောပန်းပွင့်ကနုတ်များအနုစိတ်ထိုးထားသောအရာရှိဝတ်ရုံအားချွတ်ကာမြေပေါ်ပစ်ချလိုက်သည်။ခါးမှာထိုးထားသော၇ပေရှည်သည့်ဓားကိုဆွဲထုတ်လိုက်သည်။ယခင်အတိုင်းကဲ့သို့မျက်လုံးအကြည့်တွေကအရိုင်းဆန်စွာစူးရဲတောက်ပလာသည်။

"အစ်ကိုကြီး...အရမ်းဝမ်းသာတာပဲ..အရင်တုန်းကအဲ့ဒီဘုရင်အနားမှာနေနေတာကိုမကြည့်နိုင်ခဲ့ကြဘူး..အစ်ကိုကြီးရဲ့ဦးညွှတ်ပြီးအလျှော့ပေးနေတဲ့ပုံကိုကြည့်ရတာငါတို့ဖြင်ြမှတ်မိမမှတ်မိနိုင်ဖြစ်သွားကြတယ်..ဒီနေ့တော့နားလည်သွားပါပြီ..အစ်ကိုကြီးကအစ်ကိုကြီးပါပဲ..ငါတို့ရဲ့ထူးချွန်တဲ့ခေါင်းဆောင်ဖြစ်နေတုန်းပဲ..အစ်ကိုကြီးတစ်ယောက်တည်းအနစ်နာခံမှာကိုငါတို့ညီအစ်ကိုတွေလက်ပိုက်မကြည့်နေနိုင်ဘူး..ထုံးစံအတိုင်းပဲအစ်ကိုကြီးနဲ့အတူလိုက်ပြီးဟိုခွေးကောင်ကျန်းနဲ့စာရင်းရှင်းရမယ်..ပြီးရင်ငါတို့အတူတောင်ဘက်ပိုင်းကိုသွားလို့ရတာပဲ..ဘုရင်ဆိုတာလည်းဂရုမစိုက်ဘူး..ကြီးမြတ်တာတွေလည်းဂရုမစိုက်ဘူး..အစ်ကိုကြီးသွားတဲ့ဘယ်နေရာမဆိုငါတို့လိုက်ခဲ့မှာမယ်..ရိုင်းမယ်ဆိုလည်းတူတူရိုင်းမယ်..ပြားပြားဝပ်ချေမှုန်းမယ်ဆိုလည်းအမြစ်ဖျက်ကြမယ်..ဟုတ်တယ်မလား"

ချောင်ရှင်ကိုယ်တိုင်လည်းအရာရှိအဝတ်အစားအပေါ်ရုံဆွဲဖြဲကာလက်နှင့်ဆုပ်ကိုင်လိုက်သည်။ညီအစ်ကိုများလည်းထို့အတူလိုက်ပါလုပ်ဆောင်ကြပြီးတစ်ယောက်ပြီးတစ်ယောက်အပေါ်ရုံများကိုဖြဲပစ်ကြတော့သည်။

ချောင်ရှင်စကားနဲ့အတူတမဟုတ်ချင်းပင်ခြံဝင်းတစ်ဝင်းလုံးသည်လုချန်တောင်ရဲတိုက်ကဲ့သို့ညီနောင်များတစ်စုတစ်ဝေးတည်းဖြစ်သွားကြပြီးကျန်းဇီတုန်ကိုအမဲလိုက်ရန်အဆင်သင့်ဖြစ်နေကြသည်။

မကြာခင်မှာညီအစ်ကိုများသည်သူတို့ပိုင်ဆိုင်သည်များကိုစုစည်းလိုက်ကြ၏။ဓားကောက်သုံးသောသူများကဓားကောက်ဆွဲထုတ်သလိုဓားရှည်သုံးသောသူများကလည်းဓားရှည်များကိုမြှောက်လိုက်ကြ၏။လူသတ်လိုသောအရိပ်အယောင်များလွှင့်ထုတ်လျက်လုချန်မှဦးဆောင်ကာကျန်းဇီတုန်စံအိမ်တော်ရှိရာသို့ကြောက်မက်ဖွယ်အသွင်များဖြင့်ဦးတည်ထွက်လာကြသည်။

ကျန်းဇီတုန်မိသားစုသည်မျိုးရိုးစဥ်ဆက်တာ့ထုန်မင်းဆက်အားရာထူးရာခံမြင့်မားသောနေရာမှအမူတော်ထမ်းခဲ့ကြ၏။ကျန်းဇီတုန်ရာထူးကတော့မမြင့်လှပေမယ့်နေထိုင်ရာအဆောင်မှာရာထူးမြင့်အရာရှိများ၏စံအိမ်တော်များရှိရာမြို့တွင်း၌ရှိပြီးလုချန်အဆောင်တော်နှင့်သိပ်မဝေးလှပေ။

"ခွေးကောင်ကျန်း!အယုတ်တမာ!ထွက်ခဲ့စမ်း!"

ဧည့်ခန်းမဆောင်အတွင်းလုချန်တရှိန်ထိုးဝင်ရောက်လာသည်။ခြေထောက်တစ်ဖက်ကခေတ်ဟောင်းသစ်သားထိုင်ခုံပေါ်၌ချနင်းထားသည်။ဓားရှည်ကိုယမ်းလိုက်ပြီးဧည့်ခန်းမဆောင်အတွင်းခင်းကျင်းအလှဆင်ထားသောအဆင်တန်ဆာအများစုကိုဖျက်ဆီးလိုက်သည်။ဒေါသတကြီးငေါက်ငမ်းသံနှင့်အတူကျန်းဇီတုန်ကိုထွက်လာရန်အမိန့်ပေးနေသည်။

"ပူလောင်နေတဲ့နေ့လည်ခင်းမှာဘယ်ဝက်ကလာဆူညံနေတာလဲ?"

ကျန်းဇီတုန်သည်ကိုင်တွယ်ရန်လွယ်ကူသောတစ်ဦးတစ်ယောက်တော့ဟုတ်မနေ။သူ့မိသားစုသည်တာ့ထုန်မင်းဆက်တစ်လျှောက်မျိုးရိုးစဥ်ဆက်သြဇာအာဏာကြီးမားခဲ့၏။ကျင်းကိုယ်တိုင်ကလည်းလုချန်နှင့်ထိုသူကတောက်ကဆဖြစ်နေမှန်းသိပေမယ့်ပြုပြင်ပေးခဲ့ခြင်းမျိုးမရှိ။ဧကရာဇ်၏အမျိုးသားအိမ်မွေးတိရစ္ဆာန်မျှသာသောအရေးမပါသောသူမှလာထိပါးလာသည်ကိုကျန်းဇီတုန်အလွှတ်ပေးမည်မဟုတ်။

"သခင်လေးလုပါလား?ဆူညံနေတော့နောက်ဖေးမှာမွေးထားတဲ့ဝက်တွေမိတ်လိုက်ချင်လို့အော်တယ်ထင်နေတာ"

အိမ်နောက်ဖေးမှယပ်တောင်လေးတစ်ဖျက်ဖျက်ခပ်ကာကျန်းဇီတုန်ထွက်လာသည်။

ကျန်းဇီတုန်လိုလူတစ်ယောက်အဖို့လှည်းငါးစီးတိုက်စာသောစာပေများကိုဖတ်ခဲ့ပြီးသောသူဖြစ်သည်။ကောင်းမွန်စွာပညာသင်ကြားခဲ့သူဖြစ်ပြီးစာပေပညာရှင်အရာတွင်တစ်ပြေးသောမိသားစုထံမှဆင်းသက်လာသူဖြစ်သည်။သို့ပေမယ့်လုချန်မှအနှီကဲ့သို့သုံးနှုန်းပြောဆိုလာသည်ဖြစ်၍ရုတ်ရင်းကြမ်းတမ်းသောစကားများနှင့်ဆဲဆိုရန်ဖြစ်နေကြသောသာမန်အရပ်သူအရပ်သားများအတိုင်းကိုယ်၌အားအဆင့်နိမ့်ချကာပြောဆိုလာသည်။

"ကျန်းဇီတုန်..အယုတ်တမာ!မင်းကိုမင်းများဘာထင်နေလဲ?ငါ့ညီအစ်ကိုတွေကိုမင်းကနှိပ်စက်ရဲတယ်ပေါ့..အသက်ရှည်ရှည်မနေချင်တော့ဘူးထင်တယ်"

ကိုယ်လုပ်တော်ကျန်း၏ကိုယ်ပွားတစ်ဦးနှယ်ထင်ဟပ်နေသောအသွင်ကြောင့်အော်ကလီဆန်သည့်ခံစားချက်များပြည့်တတ်လာပြီးကျန်းဇီတုန်နှာဖျားတည့်တည့်ဓားနဲ့ရွယ်ကာလုချန်ကြိမ်းဝါးတော့သည်။

"မင်းကိုမင်းဘာထင်နေလဲ?ဘုရင့်ဆီမှာဖင်ခံနေပြီးကိုယ့်ကိုယ်ကိုအထင်တွေကြီးနေတာပဲ..အရှင်မင်းကြီးမသိခင်အမြန်ထွက်သွားတာကောင်းမယ်ထင်တယ်..ဒါမှမဟုတ်အရှင်မင်းကြီးကမင်းကိုကာကွယ်ပေးမယ်လို့ထင်နေတာလား?အိမ်မက်ဆက်မက်နေလိုက်..မင်းကြီးကအလွန်တရားမျှတတဲ့သူ..မင်းတစ်ပါးအတွက်ဖြစ်နိုင်မှာမဟုတ်ဘူး..မင်းလိုအိမ်မွေးတိရစ္ဆာန်သာသာလူမျိုးအတွက်ငါတို့လိုမျိုးသြဇာလွှမ်းတဲ့ကျန်းမိသားစုကိုအပြစ်တင်မယ်ထင်နေတာလား"

"ပြီးတော့မင်းရဲ့ခမ်းနားကြီးကျယ်တဲ့နေရက်တွေကတာရှည်ခံမှာမဟုတ်တော့ဘူး..အရှင်မင်းကြီးရဲ့အိမ်မွေးတိရစ္ဆာန်ကတစ်နှစ်ထက်ပိုခံဖူးတာမဟုတ်ဘူး..အဆောင်ကိုအမြန်ပြန်ပြီးအိပ်ရာပေါ်မှာအရှင်မင်းကြီးကိုဘယ်လိုကျေနပ်အောင်လုပ်ပေးရလဲသွားလေ့လာနေဖို့သာအကြံပေးလိုက်မယ်..အနည်းဆုံးတော့ငွေသားချီးမြင့်ခံရမှာပေါ့"

ကျန်းဇီတုန်သည်ပြင်းထန်သောနှုတ်ထွက်စကားများဖြင့်လုချန်ကိုထပ်တလဲလဲထိုးနှပ်လိုက်၏။သူ့၏လှုံ့ဆော်သွေးထိုးမှုများကြောင့်အရှေ့မှချောမောသောမျက်နှာသည်နီရဲတွတ်ပြီးရှုံ့တွလာ၏။

ကျင်းဘေးမှာနေဖို့ရွေးချယ်ခဲ့စဉ်တည်းကအထေ့အငေါ့မှတ်ချက်များကိုကျိတ်မှိတ်ရင်ဆိုင်ရမည်ဆိုတာကိုလုချန်နားလည်ပြီးသားဖြစ်သည်။သို့ပေမဲ့ညီအစ်ကိုတွေရှေ့မှာအရှက်ခွဲခံနေရသည့်အတွက်ညစ်ညမ်းရိုင်းစိုင်းသောပါးစပ်မှထွက်လာသည့်အယုတ်နတ္ထိများကိုဝမ်းဗိုက်ထဲမှာဆက်လက်သိမ်းမထားနိုင်တော့။

ကျန်းဇီတုန်ဆီကိုယ်ဖော့ကာပျံတတ်သွားပြီးဆဲရေးနေသောပါးစပ်အားလှီးဖြတ်ရန်ဓားရွယ်လိုက်သည်။

ကျန်းဇီတုန်သည်ရှောင်ရှားလိုက်သည့်အတွက်ခေါင်းဆောင်းအစွန်းကိုဖြတ်မိသွားကာအရာရှိခေါင်းဆောင်းသည်ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွား၏။

"ထွီ...မင်းကိုသတ်ဖို့ကအရမ်းလွယ်လွန်းတယ်..ညီအစ်ကိုတွေလာကြစမ်း!"

လုချန်သည်ခေါင်းဆောင်းကိုပိပြားအောင်နင်းချကာလက်ဝှေ့ယမ်းပြီးညီအစ်ကိုတွေအားအတူတကွရိုက်နှက်ရန်အချက်ပြလိုက်သည်။

ညီအစ်ကိုများသည်ကျန်းဇီတုန်အပေါ်၌မကျေမနပ်ချက်များကိုစုပုံမြိုသိပ်ထားရသည်မှာကြာလင့်နေပြီဖြစ်၏။တစ်ရှိန်ထိုးတိုးဝင်လာပြီးသူထက်ငါအရင်လက်ဦးမှုရယူရန်စောလျှင်နေကြသည်။ဝိုင်းလိုက်ကြပြီးတမဟုတ်ချင်းတိုက်ခိုက်ရန်အသင့်ဖြစ်နေကြသည်။

ကျန်းဇီတုန်သည်သာမန်စာတတ်ပေတတ်ပုဂ္ဂိုလ်တစ်ဦးသာဖြစ်၏။လူ့အရိုင်းအစိုင်းများပူးတွဲတိုက်ခိုက်လာသည့်လူမဆန်သောသည်းကြီးမည်းကြီးတိုက်ခိုက်မှုကိုတောင့်ခံရန်အားအင်ရှိသူမဟုတ်။အသက်ခံရတော့မည့်ဝက်တစ်ကောင်လိုပဲစူးစူးရှရှအော်ဟစ်တော့သည်။

ကျန်းမိသားစုမှယောကျ်ားသားများသည်လည်းဆူညံသံများကြောင့်ထွက်လာရာထောင့်တစ်ထောင့်တွင်အစုခံလိုက်ရပြီးရိုက်နှက်ခံနေရသည်။သရဲတွေလိုပင်မြည်သံစွဲအော်ဟစ်နေကြပြီးဝံပုလွေနှယ်ဆွဲဆွဲငင်ငင်အသံပြုကြရာစံအိမ်တော်တစ်ခုလုံးကြောက်မက်ဖွယ်အတိဆူညံနေတော့သည်။

"ရိုက်စမ်းပါ!!နာနာလေးရိုက်စမ်းပါ"

မောက်မာသောကျန်းဇီတုန်မျက်နှာ၌မျက်ရည်များဖုံးလွှမ်းလျက်နှာရည်များတွဲခိုစီးကျနေပြီးနုံချာသောအသွင်နှင့်သက်ညှာပေးရန်တောင်းပန်လာတော့သည်။တာ့ထုန်ရောက်လာစဥ်ကတည်းကမရေမတွက်နိုင်သောအရှက်တကွဲအကျိုးနည်းခံစားခဲ့ရသောဒဏ်ကိုလွှတ်ထုတ်ရန်နေရာတစ်ခုကိုလုချန်ရှာဖွေတွေ့ရှိသွားသလိုပင်။ညီအစ်ကိုတွေသဘောရှိရိုက်နှက်နေသည်အားဝမ်းမြောက်လျက်လွှတ်ပေးထားသည်။ထွက်ပြေးရန်ကြံသောသူများအားလုချန်ခြေထောက်နှင့်ကန်ကျောက်လိုက်သေးသည်။

ကျန်းဇီတုန်ကိုနှိပ်စက်ရ၍အကုန်လုံးပျော်ရွှင်နေခိုက်တွင်နန်းတွင်းစောင့်တပ်ကြီးသည်အဝင်ဝမှတမဟုတ်ချင်းပြေးဝင်လာ၏။

"လက်နက်တွေကိုအကုန်ချထားလိုက်စမ်း"

ရဲမက်တွေကိုဦးဆောင်လာသူသည်နန်းစောင့်တပ်၏တပ်မှူးတင်းဖန်ဖြစ်၏။လုချန်အတွင်းရုံးတော်ရဲမက်ဖြစ်ခဲ့စဉ်အခါကထိုသူ၏လက်အောက်မှာထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

တရားဥပဒေပြင်ပမှတောင်ပေါ်ဓားမြများဖြစ်ကြသော်လည်းယခုရက်များ၌အရာရှိအရာခံများအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသည်မလို့အနည်းနဲ့အများတော့ညီအစ်ကိုတွေ၏အမူအကျင့်များကအရင်နှင့်မတူသွေဖယ်မှုများရှိနေ၏။

တင်းဖန်အမိန့်သံကြောင့်အားလုံးသည်လှုပ်ရှားမှုများတစ်ပြိုက်နက်တွေရပ်တန့်သွား၏။လက်နက်တွေကိုဆုပ်ကိုင်ထားရင်းဖြင့်ဓားမိုးလျက်ဝန်းရံနေသောရဲမက်တွေကိုအူလည်လည်နဲ့ကြည့်နေကြသည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ!"

လုချန်အကြောက်ဆုံးအရာသည်နောက်ဆုံးတော့ဖြစ်လာရန်ပြင်လာတော့၏။နန်းတွင်းစောင့်ရဲမက်တွေ၏နောက်တွင်ကျင်းသည်ဘုရင်အဝတ်အစားအပြည့်အစုံနှင့်ထွက်ပေါ်လာသည်။သတင်းကြားရတာနှင့်နန်းတော်မှချက်ချင်းတန်းလိုက်လာပုံရသည်။

"အရှင်မင်းကြီး..ကယ်တော်မူပါ..ကျွန်တော်မျိုးကိုကယ်တော်မူပါ"

အရိုက်နှက်ခံဖြစ်နေသောကျန်းဇီတုန်သည်ကျင်းရောက်ရှိလာသည်ကိုသိရှိသွားသည်နှင့်တမဟုတ်ချင်းအော်ဟစ်မြည်တမ်းလျက်ဆိုးရွားစွာအထုနှက်ခံထားရသောမျက်နှာနှင့်ကျင်းခြေရင်းတွင်ဝပ်တွားတော့သည်။ဝမ်းနည်းကြေကွဲလျက်တရှုံ့ရှုံ့ငိုကြွေးလာ၏။

"ဟမ်း!အရှက်မဲ့လိုက်တာ!"

ခွေးလိုတကိန်ကိန်လုပ်နေသောကျန်းဇီတုန်အားကြည့်ရင်းလုချန်ထံတွင်ရှိနေသောကျင်းကိုကြောက်စိတ်သည်လည်းမေ့ပျောက်သွားပြီဖြစ်သည်။လက်ပိုက်လျက်ကျန်းဇီတုန်ကိုရန်စကားဆိုလိုက်သည်။

"အရှင်မင်းကြီး.ကျေးဇူးပြုပြီးကျွန်တော်မျိုးကိုကယ်တော်မူပါ..နန်းတော်ကိုအလုပ်အကျွေးပြုလာသည်မှာမျိုးဆက်၅ဆက်ပင်ရှိပါပြီ..ဤကဲ့သို့တစ်ခါမှအရှက်နည်းအကျိုးတကွဲမဖြစ်ဖူးပါဘူး..အရှင်မင်းကြီး..ကျေးဇူးပြုပြီးတရားမျှတစွာနှင့်ပြဿနာကိုဖြေရှင်းပေးတော်မူပါပါ"

ကျင်းခြေရင်းတွင်ဒူးထောက်လျက်အသနားခံနေသောသူသည်ကျန်းဇီတုန်၏ဖခင်ဖြစ်သည်။နန်းတွင်းသင်တန်းကျောင်း၏အကြီးအကဲတစ်ဦးဖြစ်ခဲ့သည်။ရာထူးမှ
အနားယူပြီးပြီဖြစ်သော်လည်းနန်းတွင်းရေးရာ၌လေးစားထိုက်သောပုဂ္ဂိုလ်တစ်ဦးအဖြစ်အမှတ်သညာပြုနေဆဲ။

အဖေနဲ့သားမှမကျေနက်ချက်များကိုလျှောက်တင်ရာကအစချီ၍တစ်မိသားစုလုံးအတူတကွငိုယိုကြတော့သည်။ဆိုးရွားစွာအရိုက်အနှက်ခံထားရသောကြောင့်မျက်နှာများကမည်းပြာနေကြပြီးပူပင်သောကကြီးစွာငိုကြွေးနေကြရာကမ္ဘာမြေပြင်ထက်ယမပြည်ပေါ်ပေါက်လာသလိုပင်။ထိုကဲ့သို့သောဆူညံမှုများကိုသည်းမခံနိုင်သောကျင်းကတော့မျက်မှောင်ကျုံ့လျက်လုချန်ကိုကြည့်လိုက်သည်။

"သခင်လု..ဘာတွေဖြစ်နေကြတာလဲရှင်းပြနိုင်မလား?"

ကျင်း၏မျက်နှာအမူအရာမသာယာတာကြောင့်လုချန်အနည်းငယ်ထိတ်လန့်မိပေမယ့်လည်းရည်ရွယ်ချက်ကိုမလျော့ပေါ့စေချင်သလိုရန်သူရှေ့တွင်အားနည်းချက်တစ်စုံတစ်ရာကိုပြသလို့မဖြစ်။

"ကျန်းဆိုတဲ့သူကငါ့ညီအစ်ကိုတွေကိုမတရားအနိုင်ကျင့်တယ်..ဒါကြောင့်မလို့ငါသူ့ကိုသင်ခန်းစာပေးကိုပေးရမယ်"

လုချန်၏အသွင်အပြင်ကိုအခုမှသာကျင်းသေချာကြည့်မိသွားသည်။အရာရှိဝတ်ရုံကိုချွတ်ပစ်ထားခဲ့သည်။အပေါ်ပိုင်းသည်ပါးလွှာသောအောက်ခံဝတ်ရုံနှင့်သာဖုံးကာထား၏။အပေါ်ဝတ်ရုံသည်စောလျှင်ကတိုက်ပွဲကြောင့်ပွင့်ထွက်သွားခဲ့၏။နေရာအနှံ့၌စုတ်ပြဲနေပြီးခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်လောက်ကလစ်ဟာနေသည်။ထိုကဲ့သို့သောမြင်ကွင်းသည်ကျင်းအကြည့်တွေထဲနက်နက်နဲနဲနေရာယူလာ၏။မျက်မှောင်ကျုံ့လျက်လွန်စွာစိတ်အနှောင့်အယှက်ဖြစ်သွားသည်။

"သခင်လု..အရာရှိဝတ်ရုံကဘယ်ရောက်သွားတာလဲ?အဝတ်အစားအပြည့်အစုံမဝတ်ပဲနဲ့နေရာအနှံ့လျှောက်သွားနေတယ်..သိက္ခာမရှိဘူး!"

ကျင်းသည်ခြေရင်းတွင်ထိတ်လန့်ဆန်ပြာငိုယိုနေကြသောအဖေနဲ့သားကိုလုံးလုံးလျားလျားမေ့လျော့သွား၏။ထို့အစားလုချန်အဝတ်ကိုသာအရေးအရာပြုလျက်ဂရုစိုက်ရန်ဟန်ပြင်လာသည်၊

"အရှင်မင်းကြီး"

ခြေရင်းမှနှစ်ယောက်၏အော်ခေါ်သံကတစ်ပြိုင်နက်တည်းထွက်ပေါ်လာသည်။

"အဟမ်း"

အမှားကိုဖုံးကာသည့်အနေနဲ့အမြန်ချောင်းတစ်ချက်ဟန့်လိုက်သည်။

"သခင်လု..အခုလိုနေ့အလင်းရောင်အောက်မှာတောင်ရုံးတော်အရာရှိတွေကိုတိုက်ခိုက်ညင်းဆဲတယ်ဆိုတာကအပြစ်ကြီးတယ်ဆိုတာမသိဘူးလား"

"အဓိပ္ပါယ်မရှိလိုက်တာ!!"

ဒေါသပုန်ထနေသောလုချန်သည်ကျင်းအားအရိုအသေပေးလေးစားရမည်ကိုမေ့လျော့နေ၏။ချောင်ရှင်ဆီအမြန်ပြေးသွားပြီးဘောင်းဘီကိုလှန်တင်ကာ

"ငါ့ညီအစ်ကိုတွေကိုသူအရင်နှိပ်စက်တာ!သူ့ကိုသတ်မယ်ဆိုရင်တောင်မလုံလောက်သေးဘူး"

ကန့်လန့်ဖြတ်ဒဏ်ရာကြီးတွေကကျင်းကိုပင်ထိတ်လန့်စေသည်။အနှီမြင်ကွင်း၌ကျင်းမျက်ခုံးရိုးများတွန့်ကွေးလာသည်

"လျှောက်တင်ပါသည်အရှင်မင်းကြီး..ချောင်ရှင်ကအစောင့်တစ်ဦးအနေနှင့်အလုပ်တာဝန်တွေကိုတလေးတစားမပြီးမြောက်သည့်အတွက်ကျွန်တော်မျိုးအပြစ်ပေးရခြင်းဖြစ်ပါတယ်"

ကျန်းဇီတုန်သည်အလျှင်အမြန်ပင်သူရိုးသားကြောင်းကျယ်လောင်စွာတင်ပြတော့၏။

"ချောင်ရှင်ကဝန်ကြီးကျန်းရဲ့လက်အောက်ငယ်သားပါ..ဝန်ကြီးကျန်းမှာအပြစ်ပေးပိုင်ခွင့်ရှိပါတယ်"

စိတ်ထဲမှာတော့ကျန်းဇီတုန်သည်လုချန်အပေါ်
ကိုယ်ရေးကိုယ်တာမကျေနပ်မှုကြောင့်လက်တုံ့ပြန်ရန်သြဇာအာဏာကိုအလွဲသုံးစားပြုသည်ကိုသိသော်လည်းဘုရင်တစ်ပါးဖြစ်တဲ့အလျှောက်ကျင်းသည်တာ့ထုန်
ဥပဒေညွှန်းတမ်းနှင့်သက်လျှော်သည်ကိုသာပြောဆိုနိုင်သည်။

"သုံးစားမရတဲ့မှန်ကန်ခြင်းတွေ!ဘယ်လိုတောင်သုံးစားမရတဲ့မှန်ကန်ခြင်းတွေလဲ!ငါ့ညီအစ်ကိုတွေကိုအယုတ်တမာကျန်းလက်ထဲထည့်ပေးခဲ့တာမင်းပဲမလား?မင်း..မင်း..မင်း....မင်းတမင်သတ်သတ်လုပ်တာမလား!ရွှမ်းယွမ်ကျင်း..မင်းရဲ့အမျိုးယုတ်ကောင်ကလူမဟုတ်ဘူး!"

လုချန်သည်အလွန်အမင်းဒေါသထွက်နေသည့်အတွက်ကျင်းကဘုရင်တစ်ပါးဆိုသည်ကိုပင်စိုးစဥ်မျှဂရုမစိုက်တော့။မမျှော်လင့်ပဲလူအများရှေ့တွင်ကျင်းကိုနှုတ်ဖြင့်ပြောဆိုငေါက်ငမ်းမိလာတော့သည်။

"တိတ်စမ်း..နိမ့်ကျတဲ့သူကများတော်တော်သတ္တိရှိနေတာပဲ!..ဘုရင်ရဲ့ခေါ်ခွင့်မရှိတဲ့အမည်ရင်းကိုပြောရဲတယ်ပေါ့...မင်း..လေးစားမှုမရှိဘူး!"

ကျန်း၏ဖခင်သည်လုချန်၏လွန်ကဲနေသောရိုင်းပြမှုကြောင့်အလွန်ပင်ထိတ်လန့်သွားသည်။

"အရှင်မင်းကြီး!ဒီလုချန်ဟာအရှင်မင်းကြီးကိုစော်ကားပြောဆိုလာပါတယ်..ကြီးလေးတဲ့အပြစ်ပါအရှင်မင်းကြီး..အလွယ်တကူလွှတ်ပေးလိုက်ဖို့မဖြစ်ပါဘူး..တာ့ထုန်ရဲ့ဥပဒေတွေအရသူ့ကိုအပြစ်ပေးရပါမယ်"

လုချန်အပြုအမူတွေကြောင့်ကျင်း၏မျက်နှာမှာလည်းသွေးဆုတ်ဖြူရော်လာသည်။နှစ်ကိုယ်ကြားကိုယ်ပိုင်အချိန်တွင်နာမည်ရင်းခေါ်လို့ဘာမှမဖြစ်ပေမဲ့လူအများရှေ့တွင်လုချန်ဆဲဆိုစော်ကားလာသည်အားအလျော့ပေးလိုက်ရန်ခက်လှသည်။မတတ်သာပဲဒေါသများကမြင့်တတ်လာသည်။

အခုအချိန်ထိမစဉ်းစားမဆင်ခြင်နိုင်သေးသောလုချန်ကတော့တည်ရှိနေသောနေရာကိုမေ့ကာကျယ်လောင်စွာဟိန်းဟောက်လာပြန်သည်။

"ရွှမ်းယွမ်ကျင်း..မင်းရှိနေတာကောင်းတယ်!မင်းပြောမှာလား..မပြောဘူးလား?မင်းတမင်သတ်သတ်လုပ်တာငါသိတယ်!ဒီပုံအတိုင်းဆိုရင်..မင်းငါ့ကို...."

စိတ်များအစိုးမရပဲကယောင်ခြောက်ခြားဖြစ်နေပေမယ့်လည်းလုချန်ထိုလောက်တော့တွေးတောနိုင်သေးသည်။'မင်းငါ့ကိုမချစ်ပါဘူး'လို့ပြောထွက်တော့မည်ကိုတစ်ဝက်ကနေရပ်တန့်လိုက်သည်။

သို့ပေမဲ့အဆင်မပြေလှသောအခြေအနေများကြောင့်အတိတ်ကအကြောင်းအရာတွေကိုပြန်လည်မြင်ယောင်လာရင်းမျက်ရည်တွေစီးကျလာမလိုပင်ဖြစ်လာသည်။

အမှန်တကယ်ပဲလုချန်ခန့်မှန်းခဲ့သလိုပင်ဖြစ်သည်။

ကျင်းသည်ကျန်းဇီတုန်ကိုဘုရင်ခံရာထူးပေး၍လုချန်ညီအစ်ကိုတွေအားလက်အောက်ငယ်သားအဖြစ်ထိန်းချုပ်စေခြင်းဖြစ်သည်။ဤသည်မှာလည်းနန်းတော်မှာသာနေပြီးလုချန်မျက်စိအောက်ကမပျောက်စေရန်သေချာစေလိုသောကျင်း၏ရည်ရွယ်ချက်များသာ။

သို့ပေမဲ့ကျန်းဇီတုန်ထံတွင်ထိုသို့လုပ်ရဲလောက်သည်အထိသတ္တိရှိလိမ့်မည်ဟုမထင်ထားခဲ့။သြဇာအာဏာကိုအလွဲသုံးစားလုပ်ကာလက်အောက်ငယ်သားများအားအနိုင်ကျင့်ညှင်းပန်းနှိပ်စက်နေသည်မှာသိသာထင်ရှားလှသည်။ရလဒ်အနေဖြင့်ဤသို့သဘောထားကွဲလွဲမှုများရောက်ရှိလာခြင်းသာ။ဤတစ်ခါတော့ကျင်း၏တွက်ချက်မှုများလွဲမှားသွားခဲ့သည်။

ကျင်းငြိမ်သက်နေသည်ကိုကြည့်ရင်းသူပြောတာမှန်နေကြောင်းလုချန်နားလည်လိုက်သည်။

လွန်စွာဒေါသဖြစ်လွန်းသည့်အတွက်စကားတောင်မထွက်နိုင်တော့ပဲသွေးအန်တော့မည့်အခြေအနေသို့ရောက်ရှိနေသည်။လျှင်မြန်စွာစီးဆင်းနေသောသွေးကြောများကြောင့်လက်ရှိတွင်အသက်ရူပင်မဝတော့။

တခဏမျှခံစားရုန်းကန်နေပြီးနောက်ကျင်းဆီသို့လက်ညိုးငေါက်ငေါက်ထိုးလိုက်သည်။မထိန်းထားနိုင်တော့သောအသံမှာကြီးစွာတုန်ယင်နေသည်။

"ရွှမ်းယွမ်ကျင်း!မင်းအရမ်းကြီးမြတ်ပါတယ်!ဒီနေ့ငါလုချန်မင်းဘယ်လိုကောင်လဲဆိုတာနားလည်သွားပြီ!ငါ့ညီအစ်ကိုတွေအပေါ်သဘောထယးသလိုပဲတနေ့ကျငါ့အပေါ်တစ်ထေရာတည်းဆက်ဆံလာမယ်ဆိုတာအာမခံချက်မရှိဘူး!ငါအကုန်လုံးနားလည်သွားပါပြီ"

"ရွှမ်းယွမ်ကျင်း..မင်းရဲ့ကြီးမြတ်မှုတွေကိုသာဂရုစိုက်ပါ..ငါလိုနိမ့်ကျတဲ့သူကတော့မကျေမနပ်ဖြစ်စရာမရှိပါဘူး!အခုကစပြီးမင်းရဲ့ပွင့်လန်းနေတဲ့လမ်းကိုမင်းလျှောက်..ငါ့ကတော့သစ်သားတံတားကိုသာဖြတ်ပါရစေ..တစ်ယောက်နဲ့တစ်ယောက်တွေ့စရာအကြောင်းမရှိတော့ဘူး"

ဘေးမှာရှိသောပန်းအိုးကိုယူကာကျင်းရှေ့ကိုလိမ့်ချလိုက်သည်။ညီအစ်ကိုတွေကိုလက်ဝှေ့ယမ်းပြကာလှုပ်ရှားကြစေလိုက်သည်။အကုန်လုံးကိုအတူတကွခေါ်ဆောင်ကာကျန်းအိမ်တော်မှထွက်သွားကြရန်ပြင်သည်။

သို့ပေမဲ့ကျင်းကဤအတိုင်းသာလွှတ်ပေးတယ်ဆိုတာဖြစ်နိုင်ပါ့မလား။အသက်ပြင်းပြင်းရူရှိုက်ကာခါးမှဓားရှည်ကိုရုတ်ချင်းဆွဲထုတ်လိုက်သည်။နန်းစောင့်တပ်ရဲမက်တွေအားလူသတ်တော့မည့်အရောင်အဝါများဖြင့်မျက်နှာမူကာ

"သေကုန်ကြပြီလား?ပါဝင်တဲ့သူတွေကိုအမြန်မဖမ်းကြဘူးလား"

သူကိုယ်တိုင်ကလည်းအလျှင်အမြန်ရွေ့သွားကာအပေါက်ဝကိုကာလိုက်သည်။နန်းစောင့်တပ်များသည်လည်းနောက်ကလိုက်ပါကာအပေါက်ဝတွင်အတူတကွပိတ်ဆို့လျက်လုချန်၏အဖွဲ့ကိုထွက်သွားခွင့်မပေး။

"မင်း..."

ကျင်းတစ်ယောက်တည်းဆိုလျှင်တောင်လုချန်နှင့်ညီအစ်ကိုများစုပေါင်းတိုက်တာတောင်မှဖြတ်ထွက်ရန်မဖြစ်နိုင်။ယခုတော့ကျင်း၏သိုင်းပညာအဆင့်အတန်းမြင့်မားသောရဲမက်တွေကပါဝိုင်းရံခြင်းခံထားရသည်ဖြစ်၍လွတ်ဖို့ကအလုံးစုံပိတ်ကာသွားပြီ။

ထိုအချိန်မှာလုချန်ကတော့ရင်ထဲမှာရှိနေသောအနှီအမျိုးသားအားအကြိမ်ပေါင်းများစွာပင်ဆဲဆိုနေမိသည်။မရေမတွက်နိုင်သောဆဲဆိုစကားများသူ့ထံတွင်ရှိနေပေမယ့်ယခုလက်ရှိဖြစ်ရပ်တွင်ထုတ်ဖော်ပြောရန်သင့်တော်သောဆဲရေးစကားရှိမနေ။

တစ်ခုတည်းသောရွေးချယ်စရာသာကျန်သည်။ကျင်းကိုအမျက်ထောင်းထောင်းထလျက်စိုက်ကြည့်ရုံသာ။အကြံဥာဏ်ကြီး၍အကြောင်းပြချက်သင့်လျှော်မှန်ကန်ခြင်းမရှိသောကျင်းအတွက်အောင့်အီးထားသောစကားများမှာလည်းများလှပြီ။နန်းတွင်းစောင့်တပ်များသည်လုချန်ပြောလာမည်အားစောင့်ခြင်းအလျင်းမရှိပဲစတင်ဆောင်ရွက်လာတော့၏။

တမဟုတ်ချင်းမှာပင်လုချန်နှင့်ညီအစ်ကိုများသည်ရဲမက်များကြောင့်တစ်နေရာထဲစုသွားကြ၏။အလယ်တွင်ဝန်းခံထားခြင်းခံနေရသည်။ဒေါသထွက်လွယ်သောချောင်ရှင်နှင့်အခြားသူများသည်လက်နက်များကိုဦးတည်လျက်လျှင်မြန်စွာဖောက်ထွက်ရန်ပြင်ကြ၏။မကြာခင်မှာပဲနှစ်ဦးနှစ်ဖက်လုံးပရမ်းပတာဖြစ်နေသောတိုက်ပွဲဖြစ်ပွားလာတော့သည်။

အစကတော့ကျန်းဇီတုန်ကိုသင်ခန်းစာပေးရန်လာခဲ့ခြင်းဖြစ်ပေမယ့်လည်းအခုတော့ကျင်းနှင့်သူနဲ့အကြားပွဲကြီးပွဲကောင်းဖြစ်နေသည်။

နန်းစောင့်တပ်ရဲမက်တွေ၏သည်းကြီးမည်းကြီးတိုက်ခိုက်လာသည်ကိုပြန်လည်တိုက်ခိုက်ရင်းလုချန်အလွန်အမင်းပင်စိတ်အနှောင့်အယှက်ဖြစ်လာသည်။

အရေအတွက်များသည့်အပြင်ကျင်းကိုသီးသန့်ကာကွယ်ပေးသောနန်းစောင့်တပ်များလည်းဖြစ်နေရာမြို့တော်ရှိအကောင်းတကာ့အကောင်းဆုံးလက်ရွေးစင်များဖြစ်ကြသည်။စလာကတည်းကတစ်ဖက်ကအသာဆီးရနေရာကြာကြာပင်မခံလိုက်။

အချိန်တခဏအတွင်းမှာပင်လုချန်ညီအစ်ကိုအကုန်လုံးအောင်မြင်စွာဖမ်းချုပ်ခြင်းခံလိုက်ရသည်။ထိုနေရာမှာပဲခိုင်မာစွာတုပ်ချည်ခြင်းကိုခံလိုက်ရသည်။

လုချန်သာတစ်ယောက်တည်းကျန်နေသည်။တင်းဖန်သည်ဧကရာဇ်နှင့်လုချန်အကြားဆက်ဆံရေးကိုတွေးဆပြီးရည်ရွယ်ချက်ရှိရှိဖြင့်အနာတရမဖြစ်စေလို၍အလျော့ပေးထားသည်ဖြစ်ကြောင်းလုချန်သိသည်။

ကျင်းကတော့စိတ်မရှည်တော့သည်မှာမြင်သာလှသည်။

ချည်နှောင်ထားခြင်းခံနေရသောချောင်ရှင်အနားလျှောက်သွားပြီးကြမ်းပြင်ပေါ်ဖိထားလိုက်ကာဓားကိုလည်ပင်းပေါ်တင်ပြီးတင်းဖန်နှင့်တိုက်ခိုက်နေဆဲဖြစ်သောလုချန်ဆီမျက်နှာမူလျက်အော်ဟစ်လိုက်သည်။

"လုချန်..ဘယ်လောက်ထိအချိန်ဆွဲတိုက်ခိုက်နေဖို့ရည်ရွယ်ထားလဲ?ဓားကိုအမြန်ချလိုက်..မဟုတ်ရင်ငါသူ့ခေါင်းကိုဖြတ်ရလိမ့်မယ်"

ကျင်းသည်အန္တရာယ်များပြီးအကြင်နာတရားကင်းသောသူဖြစ်သည်ကိုသိသည့်အလျှောက်စကားကိုဂရုထားမနာခံလျှင်လုချန်တစ်သက်တာအတွက်နောင်တရသွားလိမ့်မည်။ကျင်းသည်ချောင်ရှင်အမှန်တကယ်မသတ်ဖူးကပြောကြားရန်ခက်ခဲလှ၏။

ရင်တွင်းမှတော့သိသမျှသောရုတ်ရင်းကြမ်းတမ်းသည့်ဖရုသဝါစာများနှင့်ကျိန်ဆဲနေလျက်။လှုပ်ရှားမှုကိုရပ်တန့်လိုက်သောအခါနန်းစောင့်တပ်ရဲမက်များကပြေးဝင်လာပြီးလုချန်ကိုဖမ်းဆီးလိုက်ကြသည်။

••••••

Hua Hua You Long[花花遊龍]Where stories live. Discover now