အခန်း(၁၂)

46.4K 2.7K 303
                                    

[[U]]

"အစ်ကိုကြီး..နိုးပြီလား..?ရှောင်စန်မျက်နှာသန့်စင်ဖို့ရေယူလာပါတယ်"

ရှောင်စန်သည်ဓားမြခေါင်းဆောင်ဘဝကတည်းကသူ၏နောက်တော်မြဲဖြစ်သည်။ထုန်အန်မှာနေတဲ့အချိန်မှာ
လုချန်နေစဥ်ဓူဝလုပ်ငန်းဆောင်တွေမှာလိုအပ်တာတွေကူညီရန်ခေါ်လာခဲ့ခြင်းဖြစ်သည်။

"သခင်လေး"

တံခါးခေါက်သံကြောင့်လုချန်မျက်လုံးများဖြည်းညှင်းစွာပွင့်လာသည်။တောက်ပကြည်လင်နေသောအခန်းအလင်းရောင်ကြောင့်ပုံမှန်နေ့များထက်ထချိန်များစွာကျော်လွန်နေပြီးဖြစ်ကြောင်းဖော်ပြနေသည်။ကိုယ်ကိုဘေးစောင်းလိုက်ရာခါးနေရာတဝိုက်မှရုတ်တရက်အောင့်တတ်လာသောနာကျင်မှုကြောင့်အော်သံထွက်ပေါ်လာသည်။

"အိုင်းယိုး"

မနေ့ညကကျင်း၏အလွန့်အလွန်အားပြင်းလှသောလိင်ဆက်ဆံခြင်းကိုအမှတ်ရသွားစေသည်။နောက်ဆုံးအချီပြီးနောက်မည်သို့မည်ပုံမေ့မျောသွားကြောင်းကိုတော့ပြန်လည်သတိရမိခြင်းမရှိ။ဤပုံအတိုင်းသာကျင်းဆက်သွားနေမည်ဆိုလျှင်လုချန်လည်းအမှန်ပင်အသက်တိုလိမ့်မည်။

အတွင်းပိုင်းမှချွဲကျိကျိစေးကပ်ကပ်ဖြစ်နေသောခံစားချက်အရကျင်းမှဖြတ်လတ်စွာချစ်ကြိုးသွယ်ပြီးနောက်မဆေးကြောပဲအိပ်ပျော်သွားမိခဲ့ကြောင်းအမှတ်ရသွားသည်။

ဘုရားသခင်!ဖြစ်ခဲ့ဖူးသောရလဒ်အရတစ်နေ့လုံးဗိုက်မအီမသာဖြစ်ပြီးနေရတော့မည်။အနှီလူယုတ်မာတစ်ဦးတည်းသာအပြစ်တင်ဖွယ်ရာသာ။ဝေဒနာခံစားရမည့်သူလုချန်အတွက်အနည်းဆုံးတော့မှတ်မှတ်သားသားတောင်မရှိ။ရိုးရိုးဆိုရလျှင်ဘာမျှမသိပဲပိုပြီးဖိအားပေးဖို့ရုံသိသည်။

"ရေကိုအပြင်မှာပဲထားခဲ့လိုက်..ပြီးမှထွက်ယူမယ်"

လုချန်ထံတွင်တံခါးဆီသို့အသံထွက်ရုံသာအားအင်ရှိသည်။အမှန်တိုင်းဆိုရလျှင်အခုအချိန်မှာအဝတ်ဝတ်ရန်တောင်လုချန်အားအင်မရှိသေး။

"သခင်လေး..မကြွမြန်းသွားခင်အရှင်မင်းကြီးမိန့်မှာထားခဲ့တာရှိပါတယ်..သခင်လေးကိုအသိပေးဖို့ပါ..ဒီကနေ့ညနေခင်းနန်းတော်မှာစားသောက်ပွဲအခမ်းအနားတစ်ခုရှိပါတယ်..နေ့လည်စာအချိန်ပြီးတာနဲ့နန်းတော်ကိုရောက်လာရန်မျှော်လင့်နေပါတယ်"

"ငါသိပြီ..အခုအခြားအရာတွေလုပ်စရာတွေသာသွားလုပ်နေတော့..ငါ့ကိုအာရုံမထားနဲ့!"

အခုတော့ပိုခေါင်းကိုက်စရာပေါ်လာပြီ။

ကျင်းသည်နန်းတော်အတွင်းဆောင်ထဲမှာလုချန်တစ်ယောက်တည်းအထီးကျန်ပြီးမွန်းကျပ်နေမှာ
ကိုစိုးရိမ်တဲ့သူဖြစ်သည်။နန်းတော်မှာကျင်းပသည့်ပွဲတော်အကြီးကြီးဖြစ်စေအသေးလေးပဲဖြစ်စေလုချန်ကိုမတက်မဖြစ်တက်စေသည်။

မယုံနိုင်စဖွယ်တောက်ပပြောင်လက်လှသောပိုးသားပန်းချည်ထိုးဝတ်ရုံကိုဝတ်ဆင်ပြီးရာထူးဂုဏ်ပုဒ်နှင့်မအပ်စပ်သောဘုရင်နှင့်အနီးဆုံးနေရာမှာထိုင်ကာနန်းတွင်းသူတွေနှင့်မောင်းမတော်တွေဆီကနေအဝေးမှမနှစ်မြို့ဖွယ်မျက်စောင်းထိုးတာကိုခံရသည်။အနှီစိတ်ဒုက္ခတရားများသည်အရသာရှိသောအစားအသောက်များနဲ့ရင်တွင်းစွဲကျန်စေသောအကအလှများ၌ပျော်မွေ့မှုများထက်တောင်သာလွန်များပြားနေသေးသည်။

တောက်ပနေသောပိုးချည်ထိုးဝတ်ရုံအလှအပကိုဝတ်ဆင်ပြီးထိုင်နေရတာနဲ့တင်အတော်မနှစ်မြို့ဖွယ်ကောင်းနေသည်။ထို့အပြင်ဘုရင်နှင့်အနီးဆုံးနေရာမှာဖြစ်နေသေးသည်။နန်းတွင်းဝန်အမတ်များနှင့်ကိုယ်လုပ်တော်များထံမှမနှစ်ခြိုက်သောအကြည့်များကတော့မဆိုနဲ့တော့။ဤအရာများသည်အစားအသောက်များကောအကအလှများကိုပါနှစ်ထောင်းအားရသာယာကြည်နူးစွာခံစားနိုင်ရန်မစွမ်းသာအောင်လုပ်နိုင်စွမ်းရှိလှသည်။

လုချန်အတော်ကြာသည်အထိအိပ်ရာတွင်လဲလျောင်းနေပြီးနောက်ကိုယ့်ကိုယ်ကိုအားယူထကာသန့်စင်လျက်
အဝတ်သေချာပြန်ဝတ်ပြီးအောက်ထပ်သို့ဆင်းသွားလိုက်သည်။

"သခင်လေး...နေ့လည်စာစားချိန်ရောက်တော့မယ်ဆိုတော့အရင်အစာပြေနည်းနည်းစားထားမလား......ဒါမှမဟုတ်"

အောက်ထပ်တွင်ဝေယျာဝစ္စပြုပေးရန်စောင့်ဆိုင်းနေသောရှောင်စန်သည်အမြန်အနားသို့လျှောက်လာပြီးအမေးဆိုလာ၏။

"မလိုဘူး...နေ့လည်စာပဲစားရအောင်..စားပြီးရင်ရေသွားချိုးမယ်"

"အာ!မှန်လှပါ"

နားလည်သွားခြင်းများကရှောင်စန်မျက်ဝန်းအိမ်ထဲဖြတ်ပြေးသွားသည်။ပြုံးတော့မယောင်ဖြစ်နေသောမျက်နှာကိုထိန်းလျက်မီးဖိုချောင်ရှိရာသို့သွားကာနေ့လည်စာပြင်ရန်မှာကြားနေသည်။

သူနဲ့ကျင်း၏ပတ်သတ်မှုကိုရှောင်စန်ရှင်းလင်းစွာနားလည်သဘောပေါက်သည်အားလုချန်သိသည်။ထိုကဲ့သို့သောအရာသည်မိမိအနားအမြဲရှိသောနောက်တော်မြဲထံမှဖုံးကွယ်ထားရန်ဖြစ်နိုင်သောကိစ္စရပ်ဟုတ်မနေ။ထုတ်၍မပြောသော်ငြားလည်းနားလည်သဘောပေါက်ထားသည်။

နေ့လည်စာစားပြီးချိန်တွင်ရေချိုးရာ၌စောင့်ပေးမည်ဆိုသောရှောင်စန်ကမ်းလှမ်းချက်ကိုလုချန်ငြင်းဆိုခဲ့သည်။ပုဝါများနှင့်အဝတ်များကိုကိုယ့်ဘာသာကိုယ်ယူကာအနောက်ဘက်ခြမ်းဥယျာဉ်အတွင်း၌ရေပူစမ်းကန်ရှိရာသို့ရေစိမ်ရန်ထွက်လာခဲ့သည်။

တစ်ခါတစ်ရံလုချန်နှင့်နှစ်ဦးသားအတူရေချိုးရတာကိုနှစ်သက်သောကျင်းသည်တန်ဖိုးကြီးသောရေပူစမ်းကန်ပါရာအဆောင်တော်ကိုသူ့အတွက်ရွေးချယ်ပေးခဲ့သည်။အတူတကွရေချိုးခြင်းသည်အမြဲတမ်းတဖြည်းဖြည်းနှင့်လိင်ကိစ္စပျော်ပါးရာအဖြစ်သာပြောင်းလဲသွားတတ်ပေမယ့်ကျင်းနှင့်အတူအဝတ်မပါဗလာကျင်းနေရမည့်ရှားပါးသောအခွင့်အရေးကိုလုချန်မငြင်းဆန်နိုင်ခဲ့။

ကျင်းသည်သူမြင်ဖူးသမျှအမျိုးသားခန္ဓာကိုယ်ထဲမှာတော့ပြီးပြည့်စုံဆုံးခန္ဓာကိုယ်ပိုင်ရှင်ဟုဆိုနိုင်၏။တစ်ခုတည်းသောအပြစ်အနာအဆာမှာလွန်စွာဖြူဖွေးသာအသားအရေရှိနေချင်းသာ။ရေပူစမ်းကန်ထဲရေစိမ်နေရင်းလုချန်လည်းမတတ်သာပဲကျင်း၏သန်မာသွယ်လျှသောခြေထောက်နှင့်သူ့လိင်င်္ဂါကိုပွတ်သပ်လာသည်အားပြန်လည်မြင်ယောင်လာမိသည်။လုချန်အားတစ်ကိုယ်လုံးအပူရှိန်တွေမြင့်တတ်လာစေကာစိတ်လှုပ်ရှားစေသည်။

လက်တွေသည်ကိုယ်ပိုင်ဆန္ဒရှိသယောင်နှင့်ရေထဲကိုမထိန်းနိုင်စွာထိုးဆင်းသွားကြ၏။လုချန်လက်ချောင်းတွေသည်ရေထဲမှာတင်းမာပူနွေးနေပြီဖြစ်သောအရာကိုအသာလေးကိုင်တွယ်လိုက်သည်။ကျင်းအကြောင်းတွေးလိုက်ရုံမျှနှင့်ဤသို့နှယ်ဖြစ်လာခဲ့သည်။လုချန်တိုးသက်သက်ပင်ကိုယ့်ကိုယ်ကိုကျိန်ဆဲမိသည်။

"အရှက်မရှိလိုက်တာ!အောက်တန်းစား!"

"အရှက်မရှိဘူးနဲ့အောက်တန်းစားဆိုတာဘယ်သူ့ကိုပြောတာလဲ"

မထင်မှတ်ထားပဲရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့်လုချန်လန့်ဖြန့်သွားပြီးလက်နှင့်ဆုပ်ကိုင်ဆဲအရာကိုလွှတ်လိုက်ကာဘေးဘီဝဲယာအားကြည့်ရင်း

"ဘယ်သူလဲ"

"ဘယ်သူကအမတ်မင်းရေချိုးနေတဲ့အချိန်မှာချောင်းကြည့်ရဲမယ်လို့ထက်နေတာလဲ?"

နောက်ပြောင်စကားသံနဲ့အတူလိုက်ကာအနောက်မှရိုးရှင်းသောဝတ်ရုံကိုဝတ်ဆင်ထားသောကျင်းထွက်ပေါ်လာသည်။လုချန်သည်တခဏတာအံ့သြသင့်သွားပြီး

"ကျင်း?အခုအချိန်နန်းတော်မှာရှိနေရမှာမဟုတ်ဘူးလား"

"အဟမ်း"

ရေကန်အနီးသို့လျှောက်လာပြီးဝတ်ရုံတွေကိုအကုန်ချွတ်ချနေသည်။

"ငါနောက်ကွယ်မှာမဟုတ်တာတွေမင်းလုပ်နေမယ်ဆိုတာငါသိတယ်လေ...ဒါကြောင့်ပဲမင်းကိုဖမ်းဖို့တမင်ကိုထွက်လာတာ..တကယ့်ကိုစိတ်ပျက်စရာဘဲ..မင်းငါ့စည်းကမ်းချက်တွေထဲကတစ်ချက်ကိုချိုးဖောက်တာကိုလက်ရဖမ်းမိပြီ"

ကျင်းချမှတ်ထားသောစည်းကမ်းသုံးချက်တွင်အကြောင်းပြချက်လွန်စွာခိုင်လုံမှုမရှိသောစည်းကမ်းချက်တစ်ခု.....ကိုယ့်လက်နဲ့ကိုယ်အာသာမဖြေရ။

ကျင်းဘာကြောင့်ဤသို့ချမှတ်ထားသည်ကိုကောင်းကင်ဘုံကသာသိလိမိ့မည်။အရင်တုန်းကလည်းအကြိမ်ကြိမ်အဖမ်းခံမိပြီးအကြိမ်ကြိမ်တသီးတသန့်အပြစ်ပေးခြင်းကိုခံခဲ့ရသည်။ထိုအချိန်မှစကာဤကဲ့သို့သောယောကျ်ားသားများကျန်းမာရေးလိုက်စားခြင်းကိုလုချန်ခိုး၍ပင်မလုပ်ရဲတော့။

စောလျှင်ကအဖြစ်အပျက်အကုန်လုံးကိုကျင်းမြင်သွားသည်ဟူသောအသိကြောင့်လုချန်မျက်နှာကရုတ်ချင်းရဲတတ်လာသည်။ဘာပြောရမှန်းမသိတာကြောင့်ရေကန်အလယ်မှာငြိမ်သက်နေဆဲ။

ကျင်းသည်အပေါ်ဝတ်ကောအောက်ဝတ်ကိုပါသေသပ်စွာချွတ်ပြီးရေထဲဆင်းလာသည်။စိတ်အာရုံပျံ့လွင့်နေဆဲလုချန်အနားသွား၍ခါးမှဆွဲကာရင်ခွင်တွင်းသို့တင်းကျပ်စွာပွေ့ဖက်လိုက်သည်။

"ဆာလောင်မွတ်သိပ်နေတယ်ဆိုတော့လည်းငါ့စည်းကမ်းချက်ကိုတောင်လှစ်လျူရှုပြီပေါ့..ဟုတ်လား?
တော်တော်သတ္တိကောင်းနေတာပဲ..မနေ့ညကမလုံလောက်သေးဘူးလား?အားအင်ကျန်နေသေးတယ်ထင်တယ်"

လုချန်နားရွက်အနားသို့ကပ်ကာတိုးတိုးလေးပြောလိုက်သည်။လျှာနှင့်နားရွက်ကိုမထိတထိလုပ်နေသောကြောင့်လုချန်မျက်နှာကပိုမိုပင်ရဲတတ်လာသည်။ကျင်းသည်သူ့စိတ်ကိုဤနည်းနှင့်ဆော့ကစားနေသော်ငြားလည်းမည်သို့ချေပရမှန်းမသိတော့တာကြောင့်ဆိတ်ဆိတ်ငြိမ်နေမြဲ။

"ငါပိုင်တဲ့အရာကိုထိရဲတာဒီလက်လား?"

ကျင်းကတော့ဒီကနေ့တကယ်ပင်စိတ်ကောင်းဝင်နေပုံရသည်။သူ့ကိုစနောက်လှောင်ပြောင်နေရင်းလုချန်ညာလက်ကိုဆွဲကာအသေအချာစစ်ဆေးကြည့်ရှုနေသည်။ပြီးလျှင်ထိုလက်ကိုရေအောက်တွင်နစ်မြုပ်နေသည့်တင်းမာနေပြီဖြစ်သောအရာပေါ်သို့တင်ပေးလိုက်သည်။

"မင်း..."

ပူနွေးနေသောကျင်းအရာနှင့်ထိလိုက်တဲ့အချိန်မှာလုချန်မျက်နှာသည်နီရဲတောက်ပလွန်း၍မီးထလောင်တော့မလိုပင်ဖြစ်လာသည်။

"သိပြီလား?ငါဘာကြောင့်ဒီကိုခိုးဝင်လာလဲဆိုတာကို"

မကျေမနပ်ဖြစ်နေသောမျက်နှာထားနှင့်

"မနေ့ကနှစ်ချီသုံးချီလောက်ပဲရှိသေးတယ်..မင်းမေ့မျော့သွားတယ်လေ...ဒီနေ့တော့ငါ့ကိုအဆင်ပြေအောင်လုပ်ပေးရမယ်"

အဆုံး၌ချက်ကျလက်ကျရှင်းပြစရာပင်မလို။သံသယဝင်စရာပင်မလို။အရာအားလုံးကကျင်းစိတ်တိုင်းကျသာ။

ကျေနပ်သောအပြုံးဆင်ကာနန်းတော်ဆီသို့အမြန်ပြန်သွားသည်။ရေကန်၌ကျန်ခဲ့သောလုချန်ကတော့ဧကရာဇ်နှင့်အတူပွဲတက်ရန်အခမ်းအနားနှင့်ဆိုင်သောဝတ်ရုံကိုကိုယ့်ဘာသာကိုယ်ဝတ်ဆင်ဖို့အားမနည်းအားတင်းနေရသည်။ရလဒ်အနေဖြင့်နန်းတော်သို့သွားရန်မြင်းပင်မစီးနိုင်တော့။ရွေးချယ်စရာလည်းမရှိတော့သည့်အတွက်ပွဲလမ်းသဘင်သို့ဝေါယာဉ်ဖြင့်သာလာခဲ့ရသည်။

ခုံမှာထိုင်နေရင်းနှင့်နာကျင်လွန်း၍ဖြောင့်ဖြောင့်ပင်မထိုင်နိုင်။မတ်မတ်မထိုင်နိုင်ပဲယိုင်နဲ့နေသောခန္ဓာကိုယ်ကြောင့်အရှေ့ဘက်တွင်ရှိသောစားသောက်ဖွယ်ရာများစီစဥ်ခင်းကျင်းထားသောစားပွဲငယ်ကိုမှီတွယ်ထားရသည်။ကျင်းကတော့ကြည်လင်တောက်ပစွာပင်ဤပွဲလမ်းသဘင်၏အခရာဖြစ်သောအခြားနိုင်ငံမှသံတမန်နှင့်ရွှင်ပြစွာစကားစမြည်ပြောလျက်ရှိသည်။ထိုမြင်ကွင်းအားကြည့်၍လုချန်စိတ်ထဲတွင်မနာလိုမှုများကသွေးအန်မတတ်ပြည့်လျံတတ်လာသည်။

မနေ့ကပြင်းပြစွာသောကိုယ်လက်နှီးနှောခြင်းနှင့်အတူဒီကနေ့ရေပူစမ်းတွင်လုပ်ခဲ့သောအခါပေါင်းများစွာကထပ်ပေါင်းထားသေးသည်။သေမတတ်နာကျင်သောခါးသည်ကျိုးသွားတော့မလားတောင်ထင်မိ၏။အနှီဖြစ်ရပ်များ၏လက်သည်အရင်းအမြစ်ကတော့စိုးစဥ်မျှပင်ဂရုမစိုက်သောပုံဖမ်းလျက်။ထိုထက်ပင်လွန်သည်။သာမန်ဖြစ်ရပ်များကိုကျော်လွန်ကာမသိလျှင်စွမ်းအင်နှင့်တွက်ကြွခြင်းများအားအံ့သြသင့်ဖွယ်ကောင်းအောင်ပင်ရရှိနေ့သည့်အတိုင်း။တကယ်ပဲထိုလူသား၏သာမန်အသိစိတ်ကဘယ်နားမှာများတည်နေသလဲ?

အရေးပါသောပွဲဖြစ်၍ဝန်မင်းများပါမကျန်နန်းတွန်းသူနန်းတွင်းသားအများအပြားအပြည့်အလျှံတတ်ရောက်ကြသည်။

အထူးသီးသန့်ပွဲများကျင်းပရာနန်းတော်အနောက်ဘက်ခြမ်းခန်းမကိုအသုံးပြု၍ခုံများကိုဂိတ်တံခါးအထိတန်းစီချထားသည်။ကြီးကျယ်ခမ်းနားလှသောပွဲလမ်းသဘင်ဖြစ်ရာများပြားလှသောပွဲလာပရိတ်သတ်ကြောင့်မြို့တော်အထွေထွေအရေးအရာအုပ်ချုပ်ရေးဝန်အမတ်ပင်ဂိတ်တံခါးဝင်ပေါက်အနီးမှာသာထိုင်ရသည်။

လုချန်တံခါးမကဝင်လာသောအခါသူထိုင်ရာနေရာသည်ကျင်းနှင့်လွန်စွာနေကပ်နေကြောင်းသူသတိပြုမိ၏။သူ့ထက်ရာထူးရာခံပိုမြင့်သည့်များစွာသောဝန်မင်းများထက်ပင်ပိုနီးနေသေးသည်။အဆင်မပြေသောအခြေအနေကိုပေးလျက်။သို့ပေမဲ့လည်းဘယ်နေရာမှထိုင်ထိုင်လုချန်အဖြစ်ကပင်အပ်နှင့်အပ်ထိပ်တိုက်တွေ့နေသည့်အတိုင်းပင်။အခုအချိန်မှာတော့ဤအချင်းအရာများကိုသူအာရုံစိုက်သင့်သည်မဟုတ်။ထိုထက်ပိုကြီးမားသောအခုလက်ငင်းပင်မြေကျင်းရှာချင်ရှာ၊တူချင်တူပြီးကိုယ့်ကိုယ်ကိုမြုပ်နှံပစ်ချင်နေသောကိစ္စရပ်ကရှိနေသည်။

"ဆရာ့ကိုကြည့်ရတာမရင်းနှီးလိုက်တာ..မြို့တော်ကိုမကြာသေးခင်မှပြောင်းရွေ့လာတာလား"

လုချန်ထိုင်ရာထိုင်ခုံအနောက်ဘက်အစွေခြမ်းတွင်တာ့လီစီတရားရုံးမှအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၏နေရာဖြစ်သည်။ထိုအကြားမှအသက်အရမ်းမကြီးသေးပုံရသောလူတစ်ယောက်သည်လုချန်ကိုသိချင်စိတ်များနှင့်စူးစမ်းလျက်သာမန်မျှသာသောမေးခွန်းဖြင့်စကားစပြောလာသည်။

"အာ..အဲ့ဒါက.."

တစ်စုံတစ်ယောက်ကထိုကဲ့သို့မေးခွန်းမျိုးမေးတိုင်းမှာလုချန်ရှောင်တိမ်းကာဖြေလေ့ရှိသည်။အတွင်းထဲမှာတော့အရာအားလုံးကိုမေ့လျော့ကာမစဥ်းစားမဆင်ခြင်ပဲလုပ်တတ်သောကျင်းကိုရွံ့ရှာမုန်းတီးနေမိသည်။

"ဆရာလျူ...သခင်လေးလုကိုသတိမထားမိတာလား?ဖြစ်သင့်ပါတယ်လေ..ဆရာလျူတာဝန်နဲ့အဝေးကိုခရီးသွားနေခိုက်မှာအရှင်မင်းကြီးထံမှဘွဲ့အမည်ချီးမြှောက်ခြင်းကိုခံထားရတာလေ"

မှန်တာပေါ့။ဘေးအနားတွင်ရရင်ရသလိုဝင်ကာမနာလိုစကားများဖြင့်စော်ကားပြောဆိုမည့်သူများကရှိနေသည်။

"အဲ့ဒီလိုလား..တစ်ခုလောက်မေးပါရစေ..အဘယ်ဂုဏ်ယူဖွယ်အရေးကိစ္စများကိုတာဝန်ယူဆောင်ရွက်နေပါသလဲ"

"အဲ့တာက...."

သေလိုက်ပါတော့!!ထိုကဲ့သို့မေးခွန်းမျိုးမေးလာမည်ကိုလုချန်အထိတ်လန့်ဆုံးဖြစ်သည်။'အရှင်မင်းကြီးနဲ့အိပ်တဲ့နေရာမှာတာဝန်ယူထားပါတယ်လို့ဖြေရန်ကမည်သို့မှမဖြစ်နိုင်။

သို့ပေမယ့်ဆိုလာသည့်အတိုင်းပဲအုပ်ချုပ်ရေးတွင်အမိန့်အာဏာလည်းမရှိသလိုပါဝင်ထမ်းရွက်ခဲ့သည်များလည်းမရှိ။မည်သို့မည်မျှစဥ်းစားပါသော်ငြားလည်းအဖုံးအကာအနေဖြင့်သုံးလို့ရမည့်ဆင်ခြေတစ်ခုကိုမှလုချန်စဥ်းစား၍မရ။

လျူဆိုသောလူဘေးနားမှာထိုင်နေသောဝန်မင်းတစ်ဦးသည်အစကတည်းကလုချန်ကိုပြောင်းလဲခြင်းမရှိသည့်မနှစ်မြို့နေသောမျက်ဝန်းများဖြင့်ဇွဲကောင်းစွာကြည့်နေဆဲ။

စကားပြောခြင်း၏အလယ်မှာတစ်ဝက်တစ်ပျက်ရပ်တန့်သွားသောလုချန်ကြောင့်ထိုသူသည်ရသည့်အခွင့်အရေးကိုယူကာလုချန်ကိုရယ်ဖွယ်ရာအဖြစ်လှောင်ပြောင်စော်ကားပြောဆိုလာတော့၏။

"ဆရာလျူ..ကျွန်တော်မျိုးတို့ရဲ့လေးစားဖွယ်ကောင်းတဲ့သခင်လေးလုကိုဤကဲ့သို့သောအရေးနဲ့ပတ်သတ်တဲ့မေးခွန်းမျိုးမေးတာကကောင်းမွန်သောအရေးမဟုတ်ဘူး..ဟုတ်တယ်မလား?ဟောဒီကသခင်လေးအရှင်မင်းကြီး၏အနှစ်သက်ဆုံးလေ..လုပ်ပုံကိုင်နည်းများမှာဖြင့်ဘယ်တူလေမလဲ..ဆရာလျူလိုကိုယ်စွမ်းကိုယ်စနဲ့အောက်ခြေကနေတစ်ဆင့်ထက်တစ်ဆင့်တတ်အောင်ကြိုးပမ်းခဲ့ရတဲ့သူကတော့ဒါမျိုးတွေကိုဘယ်နားလည်ပါ့မလဲ..ဟုတ်တယ်မလား?"

သိသာထင်ရှားစွာစော်ကားလာသောနှုတ်ထွက်စကားကြောင့်လုချန်ကရိကထဖြစ်မိသလိုဒေါသလည်းထွက်လာသည်။ထုံးစံအတိုင်းပင်ပြန်လည်ချေပနိုင်စွမ်းသူ့ထံ၌မရှိသေး။ငယ်စဥ်ကတည်းကဓားရေးကိုသာလေ့ကျင့်ခဲ့သည်။အငြင်းအခုံပြုလုပ်သောအရာ၌အနှီစာတတ်ပေတတ်များနှင့်လုချန်သည်ပြိုင်ဘက်ဖြစ်မနေ။

ထိုစကားအားကြားပြီးပထမဆုံးအကြိမ်အဖြစ်ကြားဖူးသည်မှာသိသာသောဆရာလျူဆိုသူသည်ခေတ္တမျှအူလည်လည်ဖြစ်သွား၏။ပြီးနောက်ပြောလက်ဆက်စကားကိုအသစ်တဖန်ပြန်ပြောင်းပြောလာသည်။

"သခင်လု..ကျွန်တော်မျိုးကနန်းတော်ပြင်ပတာဝန်မှနန်းတော်ကိုပြန်ရောက်တာတစ်လသာရှိပါသေးတယ်..ဒါကြောင့်ပဲယခုလက်ရှိနန်းတော်အခြေအနေတွေကိုသေချာမသိတာပါ..ရိုင်းပြမှုအတွက်တောင်းပန်ပါတယ်..ကျွန်တော်မျိုးအမည်ကလျူကျုံးထန်ပါ..တာ့လီစီတရားရုံးတော်မှအထွေထွေအုပ်ချုပ်ရေးတာဝန်ကိုထမ်းဆောင်နေပါတယ်..သခင်လုကပဲရှေ့လျှောက်နည်းလမ်းပြလမ်းညွှန်ပေးစေလိုပါတယ်"

"မ..မဟုတ်....ဤမျှလောက်အရိုအသေတန်တဲ့သူမဟုတ်ပါ"

လုချန်အလျှင်အမြန်ပင်လက်နှစ်ဖက်ကိုရင်ဘက်အရှေ့၌စုလျက်ဆန့်တန်းကာအရိုအသေပေးလိုက်သည်။စာပေအရာ၌ရေးတတ်ဖတ်တတ်ရုံမျှသာသိတာကြောင့်ပညာရှင်များအားလုချန်စိတ်ရင်းအမှန်ဖြင့်လေးစားခဲ့သည်။အနှီလျူကျုံးထန်သည်စိတ်ထားမပြည့်ဝသောသူပုံစံမပေါက်။သူတစ်လူငါတစ်မင်းမောက်မာထကြွနေသောသူမဟုတ်တာကတော့သေချာလှသည်။

လျူကျုံးထန်သည်ပြောစရာစကားကျန်နေသေးသလိုမျိုးလုချန်ကိုကြည့်နေခိုက်သီချင်းသံသည်ခန်းမတစ်လျှောက်ပျံ့လွှင့်လျက်ထွက်ပေါ်လာသည်။အကအလှနှင့်ဆိုင်သည့်အဝတ်အစားဝတ်ဆင်ထားသောမိန်းမလှလေးများသည်နန်းတွင်းခန်းမဆောင်အလယ်ပိတ်ကားနောက်မှအသီးသီးထွက်လာကြ၏။ဖျော်ဖြေပွဲစတင်ပြီဖြစ်ရာလျူကျုံးထန်သည်ပြောမည့်စကားများကိုမြိုသိပ်လိုက်ရ၏။

ဤကနေ့အကခေါင်းဆောင်မှာနန်းတွင်း၏အလှပဆုံးသောကချေသည်စီယမ်ဖြစ်သည်။သူမသည်ပျံလွှားငှက်ငယ်နှယ်ပိန်ပါးပျော့ပျောင်းသွယ်လျှ၏။သူမ၏ခါးစိုင်သည်မိုးမခင်ပင်နှယ်ယိုင်နွဲ့လျက်။ဤအတိုင်းပဲနာမည်ကျော်ကြားလူသိများသည်။

လုချန်နန်းတော်ကိုမရောက်ခင်တစ်ချိန်တစ်ခါကကျင်းမှအမှတ်သညာပြုခဲ့သောသူဖြစ်ခဲ့သည်။ကျင်း၏နှစ်သက်မှုကိုရရှိခဲ့သည်။နန်းတော်မှာရှိသောမောင်းမတော်ကိုယ်လုပ်တော်များအကြားအမျိုးသမီးကိုယ်လုပ်တော်ကချေသည်များထဲတွင်တော့အမြင့်ဆုံးသောရာထူးကိုပိုင်ဆိုင်ထားသည်။

သီချင်းနှင့်လိုက်ဖက်ညီစွာညင်ညင်သာသာတင့်တင့်တယ်တယ်နှင့်ကပြဖျော်ဖြေနေသည်အားလုချန်ကြည့်နေမိသည်။ဤကမ္ဘာမြေနှင့်တောင်မထိုက်တန်သောကကြိုးကကွက်များကြောင့်နန်းတော်ခန်းမတစ်ခုလုံးနတ်ဘုံနတ်နန်းသဖွယ်ပင်။ရင်တွင်းမှာတော့ထူးခြားနက်နဲစွာလှပတင့်တယ်နေသောထိုအမျိုးသမီးကိုလုချန်ချီးမွမ်းနေမိသည်။နောင်တများဖြင့်ခပ်ဖွဖွသက်ပြင်းချမိသည်။

".........မျှော်စင်တစ်လျှောက်အဆင့်ဆင့်တတ်လာခဲ့သည်..ကျန်ခဲ့သောအတိတ်ကိုဖြင့်ပြန်မမေးတော့ပါဘူး..နောက်ကြောင်းပြန်လှည့်ကြည့်ချိန်ဝယ်မြစ်ရေကတော့ခမ်းချောက်လျက်....."

သာယာနာပျော်ဖွယ်သီချင်းသံကဖြင့်ကုန်လွန်ခဲ့သောရင်းနှီးမှု၏အတိတ်ကာလအမှတ်သညာများကိုဖော်ဆောင်လျက်။စီယမ်သည်သီချင်းကိုနက်ရှိုင်းစွာကွဲကြေလျက်ရှိသောသူမ၏နှလုံးသားကိုမြင်သာအောင်ပြသောနေရာ၌သုံးနေသည့်အတိုင်း။

"..........အုပ်စိုးသူသည်ရှေးယခင်အချိန်ကတည်းကအချစ်နဲ့မအပ်စပ်ပေမဲ့လည်း..အမည်မဖော်မောင်းမတော်တိုင်းမှာဆန္ဒနဲ့စိတ်သောကရောက်ရသည်မို့..ဒီကနေ့အထိအချစ်များမှာဘာမျှမဟုတ်ပါဘူး..တစ်နေ့မှာဖြင့်မီးအလင်းရောင်သည်တစ်ဦးတည်းမျက်ရည်သုတ်နေသူ၏ပုံရိပ်ကိုထင်ဟပ်စေပါလိမ့်မည်.."

သီချင်းသံစဉ်ပြောင်းသွားသလိုစီယမ်၏လှုပ်ရှားမှုများသည်ပျံတတ်တော့လေမလားထင်ရသည်အထိမြန်ဆန်လာ၏။ပုဝါကြိုးစရှည်အားဆန့်တန်းဝှေ့ယမ်းလိုက်သောအခါအစွန်းကလုချန်ပါးကိုလာရောက်ထိခတ်သွားသည်။ရုတ်ချင်းပင်လုချန်ရင်ထဲဆက်ကနဲခုန်သွားသည်။

ကျင်း၏အမျိုးသမီးများထံမှမလိုမုန်းတီး၍ရန်လိုသောအပြုအမူကိုခံရသည်မှာလည်းပထမဆုံးမဟုတ်တော့။

တစ်ခါကနန်းတွင်းဥယျာဉ်အလယ်တွင်ကျင်းနှင့်သူဘေးချင်းယှဥ်လိုက်ထိုင်နေခဲ့ကြသည်။ကျင်းကတော့ဂရုမစိုက်စွာပင်အနှီအမျိုးသမီးများရှေ့၌လုချန်အားအရက်ငှဲ့ပေးခဲ့သည်။မနာလိုသောကိုယ်လုပ်တော်တစ်ဦးသည်ဆင်ခြေလျှောတွင်လုချန်ကိုခြေထိုးခံခဲ့သည်။ဆင်ခြေလျှောမှဒလိမ့်ခေါက်ကွေးပြုတ်ကျမည့်အရေးကနေခန္ဓာကိုယ်ကိုမဆိုင်းမတွတန့်လိုက်သော်ငြားလည်းမြင်မကောင်းရှုမကောင်းစွာမျှခြေလွဲလျက်ကျောရိုးကျိုးသွားခဲ့သည်။လဝက်ခန့်ပင်အိပ်ရာထဲလဲနေခဲ့သည်။

ဒေါသပုန်ထသွားသောကျင်းသည်ထိုကိုယ်လုပ်တော်ကိုကွပ်မျက်ရန်ကြံရွယ်ခဲ့၏။သို့ပေမယ့်လည်းထိုအမျိုးသမီးသည်တတိယမင်းသားလေး၏မွေးမိခင်ဖြစ်သည့်အပြင်ကွပ်မျက်မည့်အရေးကိုတားမြစ်သူအများသည်ရာထူးမြင့်ဝန်မင်းများလည်းဖြစ်၏။နောက်ဆုံးမှာတော့သူ့အသက်တစ်ချောင်းကယ်တင်သင့်သည်ဟုသဘောထားကာသူမကိုယ်စားတောင်းပန်လျှောက်ထားလာသောလုချန်ကြောင့်သာဖြစ်သည်။

သို့ပေမဲ့လည်းဤအရေးကိစ္စအရှင်းပြီးပြတ်သွားရန်အပယ်ခံများထားသောနန်းဆောင်၌သာနှင်ထုတ်ခြင်းကိုခံလိုက်ရသည်။

ယခုအချိန်မှာတော့စီယမ်သည်သူ့အားသီချင်းနဲ့တိုက်ခိုက်နေပြန်သည်။စော်ကားလာခြင်းကိုကျိတ်မှတ်မြိုချရင်းသည်းခံခြင်းတရားကိုသာလက်ကိုင်ဆွဲလျက်အသွင်ဆောင်ထားသည်။ကျင်းဘက်သို့လှည့်ကာပြောကြားလျင်ဤကိစ္စကအဆင်ပြေသွားမည်ဖြစ်သော်လည်းအခြားယောကျ်ားတစ်ဦး၏ချစ်ခင်ကြင်နာမှုကိုအခွင့်အရေးယူရန်ကြပြန်တော့ယောကျ်ားတစ်ယောက်၏သိက္ခာတရားများကအခွင့်မပေး။ကိုယ်ကျင့်တရားဖြောင့်မတ်မှန်ကန်ခြင်းကင်းသောအရာကိုသူလုပ်လိမ့်မည်လည်းမဟုတ်။

ကျင်းကလည်းစူးရှသောအကြည့်များဖြင့်အသေအချာပင်အခြေအနေကိုစောင့်ကြည့်နေသည်။စီယမ်သည်အကအလှအချိန်အခါသမယကိုအခွင့်ကောင်းယူကာလုချန်ကိုစော်ကားထိခတ်သွားသည်အားမျက်လုံးတစ်ဖက်တည်းနှင့်ပင်သူအသေအချာမြင်နိုင်သည်။မျက်ခုံးရိုးများမသိမသာတွန့်ကွေးသွားသည်။မျက်ဝန်းများကဒေါသအရိပ်အယောင်များဖြင့်အခိုးလျှံလာသည်။ခုံပေါ်တွင်မတ်မတ်ထိုင်နေလျက်ဒေါသထွက်နေသောအသွင်သည်ငရဲမင်းနဲ့ပင်တူလှ၏။

"အရမ်းကောင်းတာပဲ!အရမ်းကောင်းတဲ့သီချင်းပဲ!'ဒီကနေ့အထိအချစ်များမှာဘာမျှမဟုတ်ပါဘူး..တစ်နေ့မှာဖြင့်မီးအလင်းရောင်သည်တစ်ဦးတည်းမျက်ရည်သုတ်နေသူ၏ပုံရိပ်ကိုထင်ဟပ်စေပါလိမ့်မည်'ဆိုတဲ့စာပုဒ်ကတစ်ဦးတစ်ယောက်ကတော့ကံဆိုးမိုးမှောင်ကျတော့မယ်လို့ပြောချင်တာပဲ"

စကားထပြောသည့်သူသည်လုချန်အားဆင်ခြေလျှော၌ခြေထိုးခံခဲ့သောကိုယ်လုပ်တော်နှင့်အစ်ကိုတော်စပ်သူပင်ဖြစ်၏။ညီမဖြစ်သူပြဿနာကြောင့်လုချန်အားလွန်စွာမျက်မုန်းကျိုးနေသူလည်းဖြစ်သည်။အရက်လည်းနှစ်ခွက်ထက်ပိုသောက်ထားပြီးမူးနေသောအခြေအနေဖြစ်တာကြောင့်ရောက်ရှိလာသောအခွင့်အလမ်းကောင်းကိုလက်လွှတ်မခံပဲရန်သူအားတိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည်။

မတ်တပ်ထရပ်ကာယိမ်းယိုင်နေသည့်ကြားမှလုချန်ခုံရှိရာသို့ဒယိမ်းဒယိုင်လျှောက်လာသည်။လုချန်ကိုငုံကြည့်ပြီး

"ဒီကမ္ဘာကြီးမှာအထူးအဆန်းတွေကင်းမဲ့နေတာမျိုးလည်းမရှိတော့ဘူး..အရှင်မင်းကြီးရဲ့နှစ်သက်မှုကိုမှီခိုပြီးအမြင့်ဆုံးနေရာကိုတစ်လှမ်းတည်းနဲ့လှမ်းတတ်ဖို့ဆန္ဒရှိနေတဲ့ယောကျ်ားတစ်ယောက်လည်းရှိတယ်..ဘယ်အချိန်မှာများဒူးနဲ့မျက်ရည်သုတ်ပြီးကျန်ခဲ့ရမလဲဆိုတာကိုမသိကြဘူး..ဟုတ်တယ်မလား?အာ..သခင်လုကကော
ဘယ်လိုထင်လဲ"

ဤမျှအထိတောင်ရန်လိုမုန်းထားပြောဆိုနေခြင်းကိုဒဏ်ဆက်လက်မသည်းခံနိုင်တော့သောလုချန်သည်စားပွဲပေါ်သို့ဝိုင်ခွက်ကိုစောင့်ချလိုက်၏။စဦးကတော့မတ်တပ်ရပ်ချင်ပေမယ့်ရုတ်တရက်ထိုးတက်လာသောခါးအောက်ပိုင်းမှစူးကနဲခံစားချက်ကြောင့်အားအင်များဆုံးရှုံးကာအခြားမရွေးစရာမရှိတော့ပဲပြန်ထိုင်ကျသွားသည်။

နန်းတော်ခန်းမဆောင်အတွင်းပျံ့လွင့်နေသောသီချင်းသံသည်တဖြည်းဖြည်းတိုးညှင်းလာကာဖြည်းဖြည်းချင်းပျောက်ကွယ်ကျသွားသည်။မရေမတွက်နိုင်သည့်စူးစမ်းသောအကြည့်များနဲ့အတူအထင်မြင်သေးသောအကြည့်များကလည်းလုချန်ဆီသို့စုပြုံကျလာကြသည်။ရှေ့ဆက်ရောက်ရှိလာတော့မည့်ရယ်ဖွယ်ရာများကိုမျှော်လင့်စောင့်စားနေကြသည့်အတိုင်း။လုချန်မျက်နှာသည်အထိန်းအကွပ်မရှိပူထူတက်လာတော့၏။

ကျင်းထံသို့ကြည့်လိုက်သည်။ကျင်းကတော့ကျီစယ်လိုသောမျက်နှာထားနှင့်အနှီအမိုက်အမဲမှကျိုးကြောင်းမဆင်ခြင်ပဲမျက်နှာပြောင်တိုက်လျက်စိန်ခေါ်လာသည်ကိုလုချန်ဘယ်လိုများတုံပြန်လေမလဲပျော်မြူးစွာစောင့်စားနေသည်။

ဒီခွေးကောင်ကတော့!!နှလုံးသား၏နက်ရှိုင်းသောနေရာမှကျင်းကိုအတွင်းကျိတ်ကျိန်ဆဲလိုက်သည်။ရှိသမျှအားကိုစုစည်းကာလုချန်မတ်တပ်ပြန်ရပ်လိုက်ပြီးအေးစက်တင်းမာစွာဖြင့်

"ဆရာ..အရှင်မင်းကြီးရဲ့နှစ်သက်မှုကိုမှီခိုပြီးအမြင့်ဆုံးနေရာကိုတစ်လှမ်းတည်းနဲ့လှမ်းတတ်ဖို့ဆန္ဒရှိနေတဲ့ယောကျ်ားတစ်ယောက်လည်းရှိတယ်ဆိုတာကဘယ်သူ့ကိုဆိုလိုချင်နေတာလဲမသိဘူး"

"ဟားဟား..ငါဘယ်သူ့ကိုဆိုလိုချင်တာလဲဆိုတာကိုမင်းရင်ထဲကတော့အသေအချာနားလည်မယ်ထင်တယ်"

အံ့သြသင့်ဖွယ်ကောင်းအောင်ပင်ဦးနှောက်မရှိသောထိုလူကတော့ကြောက်ရွံခြင်းကင်းမဲ့စွာနှင့်လုချန်ကိုရန်စကားစတင်နေသည်။ဒေါသပုန်ထစေလျက်ခန်းမအတွင်းအုတ်အော်သောင်းနင်းဖြစ်လာတော့မည်ဖြစ်နေတာတောင်ဂရုပင်မစိုက်သောပုံစံကိုမျက်နှာ၌တင်ထားသည်။

နန်းတွင်းသို့သူဝင်လာစဥ်တုန်းကလက်နက်များအသိမ်းခံထားရသည်မဟုတ်လျှင်စိတ်တိုလွယ်သောလုချန်သည်ဓားကိုဆွဲထုတ်ပြီးအနှီလူ့ငထုံအားအစွမ်းအစအချို့ပြနေလောက်ပြီဖြစ်၏။

သို့သော်လည်းပွဲတော်အခမ်းအနားကျင်းပနေသောအခြေအနေအရရန်ပွဲမစတာကအကောင်းဆုံးသာ။သို့ရာတွင်ကြီးကျယ်ခမ်းနားသောခန်းမဆောင်အတွင်းဤသို့သောရန်လိုလှုံ့ဆော်လာမှုကိုအပြီးပြတ်ထိန်းသိမ်းဖို့ရာကျဦးနှောက်နှင့်ယှဥ်ပါကများပြားလွန်းနေသည်။အမှန်တိုင်းဆိုရလျှင်သူ့အတွက်အလွန့်အလွန်များစွာသောခက်ခဲမှုကြီးဖြစ်သည်။

အဆုံးမှာတော့ထိန်းကွပ်သင့်ပြီးဖြစ်ကြောင်းကိုပြသရန်အကြည့်များကိုအသုံးချလိုက်သည်။အရှေ့တွင်ရှိနေသောသူကိုခက်ထန်စွာဖြင့်စိုက်ကြည့်လိုက်သည်။

နွားထီးတစ်ကောင်နှယ်နှာတရှုးရှုးနှင့်ဒေါသပုန်ထနေသောလုချန်သည်ထုတ်မပြောလာသောချေပစကားများကိုပြင်းထန်သောအကြည့်များအနေဖြင့်လူအများကိုထိပ်တိုက်ရင်ဆိုင်လျက်။ထိုအတိုင်းလေးနှင့်လည်းလုချန်သည်လွန်စွာချစ်စရာကောင်းလှသည်ဟုခံစားမိ၍ကျင်းမတတ်သာပဲပြုံးမိလာ၏။ဤတစ်ကြိမ်၌လုချန်ကိုမကူညီခဲ့ဘူးဆိုလျှင်စိတ်သက်သာရသွားသူမှသူတစ်ဦးတည်းသာဖြစ်မည်ကိုကျင်းသိသည်။

"ဝန်ကြီးကျန်း..ငါကိုယ်တော်မျက်နှာသာပေးခြင်းကိုမလိုအပ်ပဲအုပ်ချုပ်ရေးရာဝန်အမတ်ဖြစ်နိုင်တယ်လို့ဆိုလိုချင်တာလား?"

ကျင်းအသံနှင့်အမူအရာသည်အလွန်ပင်ခက်ထန်လှသည်။အမည်ထုတ်ခေါ်ဝေါ်ခံလိုက်ရသောအမျိုးသားသည်ထခခုန်မတက်ကြောက်လန့်သွားကာကျင်းရှိရာဘက်လှည့်လာပြီးဒူးထောက်ချလျက်

"မဝံ့ရဲပါဘူးအရှင်မင်းကြီး..ကျွန်တော်မျိုးရိုင်းပြသောစကားဆိုမိသွားပါတယ်...တောင်းပန်ပါတယ်..ခွင့်လွှတ်တော်မူပါအရှင်မင်းကြီး"

"အားလုံးကငါ့နှစ်သက်မှုကိုရရှိပြီးကောင်းကင်ယံထက်တက်လှမ်းနေကြတာပဲ..ဝန်ကြီးကျန်း..သခင်လုကိုအရေးမပါတာတွေပြောပြီးအနှောင့်အယှက်ပေးနေစရာလိုလို့လား?ဟမ်?ဘာလို့ကိုယ့်ခုံကိုအမြန်မပြန်သေးတာလဲ?!"

"နာခံပါ့မယ်..အရှင်မင်းကြီး"

ကျန်းဇီတုန်သည်အံတင်းတင်းကြိတ်ကာတိတ်တဆိတ်ထိုင်ခုံရှိရာသို့ပြန်လှည့်ထွက်သွား၏။မထွက်သွားခင်လုချန်ကိုအဓိပ္ပာယ်ပါသောအကြည့်နဲ့ကြည့်သွားသေးသည်။

••••

Hua Hua You Long[花花遊龍]Where stories live. Discover now