အခန်း(၁၀)ကြည်လင်သောစမ်းချောင်းငယ်မှတသွင်သွင်စီးမျောလာသောချစ်ခင်တွယ်တာခြင်းများ

53.1K 2.9K 610
                                    

[[U]]

ဆောင်းဦးရာသီဖြစ်ပေမဲ့လည်းကျန်းနန်တစ်ဝိုက်တွင်ပူလောင်ခဲ့သောရာသီမှသယ်ဆောင်လာသည့်လေပူများရှိနေသေး၍အသက်ရူကျပ်ဖွယ်ရာတဟုန်းဟုန်းတောက်လောင်နေဆဲ။

တောင်၏အတွင်းပိုင်းမှာနေထိုင်ကြသောလုချန်နဲ့ညီအစ်ကိုတွေသည်မရှောင်တိမ်းနိုင်သောအပူဒဏ်ကိုလှိမ့်ပိမ့်ခံနေရသည်။နေသည်အနည်းငယ်ငုံ့ရှိုးနေပြီဖြစ်ပြီးတောင်၏ဘေးဘက်ခြမ်းတွင်ရှိသောတောင်ကျစမ်းချောင်းလေး၌အကုန်လုံးစိတ်လက်အပန်းဖြေနေကြသည်။ရေဆော့ကစားနေကြ၏။နွေ၏အပူကိုဖြေဖျောက်ရန်ကြိုးပမ်းနေကြပြီးခန္ဓာကိုယ်တွင်းမှအပူချိန်ကိုပြောင်းလဲလျက်လန်းဆန်းတက်ကြွစေသည်။

လုချန်သည်ကျန်းနန်ကိုပြန်ရောက်နေသည်မှာလအတော်များများကြာခဲ့ပြီ။ဟန်ကျိုးမြို့တွင်ရှိသောချိတ်ဆက်ပေးသူ၏အကူအညီအရလုချန်တောင်ပေါ်တွင်ရှိနေသောညီအစ်ကိုများနှင့်အဆက်အသွယ်ရခဲ့သည်။လက်စားချေလိုသောအနေဖြင့်ကျင်းမှလိုက်လံသတ်ဖြတ်လာမည်ကိုစိုးရိမ်၍တောင်လုချန်တွင်အနှစ်နှစ်အလလကြိုးပမ်းရှာဖွေခဲ့သည်များကိုပစ်ခွာခဲ့သည်။ရဲတိုက်မှလူအပေါင်းကိုခေါ်ပြီးလုချန်တောင်နဲ့ဝေးကွာလှသည့်တောင်ပေါ်၌တသီးတသန့်ရှိနေသောစွန့်ပစ်မြေကိုရွေးချယ်ကာနေထိုင်ရာအသစ်ကိုအချေချခဲ့သည်။ခိုလှုံရန်အရိပ်အာဝါသအသစ်ဟုမှတ်ယူလို့ရနိုင်သည်။

ရယ်မောဆော့ကစားနေကြသောလူများနဲ့အတန်ငယ်လှမ်းသောနေရာကျောက်တုံးထက်တွင်လုချန်
ထိုင်လိုက်သည်။ဖိနပ်တွေကိုချွတ်ရင်းတောင်ကျချောင်းလေးအတွင်းသို့ခြေချောင်းတွေကိုစိမ်ထားသည်။အေးစက်လန်းဆန်းနေသောအထိအတွေ့ကခြေထောက်ကနေဖြတ်သန်းလာရာတမဟုတ်ချင်းခန္ဓာကိုယ်တစ်ခုလုံးသည်လည်းပြေလျော့သွားသည်။ကြည်လင်နေသည့်သူ့စိတ်ထဲတွင်များပြားလှသောအတွေးများကတဖြည်းဖြည်းချင်းဆီပြန်ပေါ်လာသည်။

ရွှမ်းယွမ်ကျင်း

ထိုနာမည်ကအတွေးထဲပေါ်လာပြန်သည်။မှတ်ဥာဏ်တွေဟာနာကျင်မှုတွေကြောင့်ချေမွပျက်စီးသွားရန်လုံလောက်သည်ဖြစ်ပေမယ့်လည်းခါးသက်ခြင်းတွေဟာအရည်မပျော်နိုင်သောလက်ဖက်ခါးတစ်ခုလိုစိတ်နှလုံးအစုံ၌ကျန်ရစ်ခဲ့သည်။မတရားသောမှားယွင်းစွာပြုမူဆက်ဆံခြင်းများနှင့်ကိုယ်ကိုညှင်းပန်းနှိပ်စက်ခြင်းများမှရရှိခဲ့သောဝေဒနာများကိုပြန်တွေးမိလိုက်တိုင်းကျန်ရှိနေသောနက်ရှိုင်းသည့်စိတ်သောကများကိုမရှောင်တိမ်းနိုင်သေး။

Hua Hua You Long[花花遊龍]Where stories live. Discover now