သန်းခေါင်ယံ ချစ်သူအပိုင်း(2)

32.3K 1.2K 14
                                    

သန်းခေါင်ယံ ချစ်သူ

အပိုင်း(2)

နွေဦးမောင်သည် မနက်ရောက်တော့ နောက်ကျမှနိုးသဖြင့် ရေပြေးချိုးကာ အမြန်ဆေးရုံကိုပြေးလာခဲ့သည်။ ဆေးရုံတွင် ဆရာဝန်ကြီးများ ရောင်းလှည့်မှီရုံလေး ကပ်ရောက်လာခဲ့သည်။ စီနီယာအကိုက နွေဦးကို လှည့်ကာ ကျိမ်းသည်။


"ဟကောင်ရ ...ခုမှ ရောက်လာရလား။ ငါက ဂျူတီလဲမလို့ မင်းကို စောင့်နေတာ.."


"ဟီး ဟီး ဆောရီး အကို။ တောင်းပန်ပါတယ် ။ ညက တော်တော်နဲ့အိပ်မရလို့ မနက်မနိုးတော့တာပါ။"


"အေး...အေး... ရည်းစားပူမိပြန်ပြီလား...ညအိပ်မပျော်ရအောင်.."


"မဟုတ်ပါဘူးဗျာ။ ရည်းစားက မူးလို့တောင်ရှုစရာ မရှိပါဘူးဗျာ။"


"အေး..အေး ပြီးရော။ ကဲ မင်းလည်းရောက်ပြီဆိုတော့ ငါ ဂျူတီထွက်ပြီ..."

အကို့ကို မျက်နှာချိုသွေးပြီး နွေဦးသည် တနေ့တာ လုပ်ရမည့် အလုပ်ကို ကောက်ကိုင်လိုက်သည်။ အကိုက အိမ်ပြန်ရန် ပြင်ပြီး မိမိကို စိုက်ကြည့်ကာ မေးလိုက်သည်။


"ဟေ့ကောင် နွေဦး မင်းလည်ပင်းက ဘာကောင်ကိုက်တာလဲ။ အနီကွက်တွေပါလား.."

နွေဦးလန့်သွားသည်။ လည်ပင်းကို အလန့်တကြားစမ်းလိုက်သည်။ နာကျင်မှုကိုလည်း မခံစားရသဖြင့် နည်းနည်းတော့ အူကြောင်ကြောင်ဖြစ်သွားသည်။


"ဘာဖြစ်လို့လည်း အကို။ ဘာကောင်မှ မကိုက်ပါဘူး။"


"ဟုတ်လား။ မှန်ထဲ သေချာကြည့်ဦး။ အကောင်ကိုက်တာမဟုတ်ရင် မင်းဟာက Marking ရာတွေလား။ ဟား ..ဟား..ကဲ ပြန်ပြီ။"

စီနီယာ အကိုက ရယ်မောကာပြောရင်းပြန်သွားတော့သည်။ အကိုပြောမှ နွေဦး ညက အိပ်မက်ကိုသတိရလိုက်ပြီး မှန်နားပြေးကာ ကြည့်လိုက်သည်။


"ဟိုက်...သေပြီ...တကယ်ကြီးဟ.."

နွေဦး စိတ်ညစ်သွားသည်။ တကယ်ကို လည်ပင်းက အညိုကွက်များ၊ အနီကွက်များဖြစ်နေသည်။ နွေဦးက လည်ပင်းက ကြယ်သီးကို တပ်လိုက်သည်။

သန်းခေါင်ယံချစ်သူWhere stories live. Discover now