သန်းခေါင်ယံ ချစ်သူအပိုင်း(12)

19.1K 1.1K 54
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(12)

ညတကယ်ပဲ သူလာခဲ့သည်။ နွေဦး အိပ်ပျော်သွားပြီးနောက် သူ့အနမ်းများဖြင့် နွေဦး အိပ်မက်ကမ္ဘာထဲ နိုးထလာ ခဲ့သည်။ သူ့အနမ်းများက ပူနွေးကာ သူ့အထိတွေ့များက နွေဦးကို စိတ်လုံခြုံမှုပေးရစေသည်။ ပြီးတော့ နေ့လည်က နွေဦးကြိုက်သည်ဆိုသည့် သူ့ရေမွှေးနံ့ကိုပါ ရလိုက်သည်။

"ကလေးလေး....ကိုယ့်ကို လက်ဆွဲထားမယ်ဆို...."

သူကလည်တိုင်ကို နမ်းကာ ဖွဖွကိုက်ရင်း ကျီစယ်ဟန်ဖြင့် ပြောခဲ့သည်။ နွေဦးသည် မိမိလက်များသာ လှုပ်ရှားလို့ များ ရလျှင် သူ့ကို ဆွဲထိုးမိမည်ထင်သည်။ မိမိမလှုပ်ရှားနိုင်တာကို သိလို့ သူက တမင်ကို မခံချင်အောင်ပြောနေသည် မဟုတ်လား။

"မင်း ကိုယ့်ကို ထိုးရက်လို့လား ကလေး၇ာ.. မင်းကို ဒီလောက်ချစ်တဲ့သူကို ထိုးရက်တယ်ပေါ့။ "

ကဝေက တကယ်မဟုတ်ပဲ ကျီစယ်နေသည်ကို နွေဦးခံစားမိလိုက်သည်။ သူ့က တမင် နွေဦးကို စကား ထောင်ခြောက်ဆင်သည်ကို သိတာပေါ့။ ဘယ်ရမလဲ။ နွေဦးပဲလေ။ ထို့ကြောင့် နွေဦး သူ့ကို ပြန်ပြောလိုက်သည်။

"ထိုးရက်တယ်။ ခင်ဗျားတောင် ကျွန်တော့်ကို ချစ်တယ် ပြောပြီး ကျွန်တော် ခင်ဗျားကို မြင်လည်းမမြင်ရဘူး
ပြီးတော့ကျွန်တော်သိချင်တာကိုတောင် မပြောပြတာ။ ထိုးလို့ရရင် ထိုးချင်တယ်ဗျာ။ "

"တကယ်လား။ ကဲ ဒါဆို ထိုးစေ။ မင်း ကျုပ်ကို ဒီလောက်ထိုးချင်ရင် ..."

သူကပြောပြီး နွေဥိီး၏ လက်ကို လှုပ်ရှားလို့ရအောင်လုပ်ပေးလိုက်သည်။ နွေဦးက လှုပ်ရှားလို့ရသည်နှင့်သူ့ကို စမ်းကြည့်လိုက်သည်။ သူ့မျက်နှာကို စမ်းကြည့်သည်။ မျက်လုံးက မမြင်နိုင်။ စကားလည်းမပြောနိုင်၊ ကိုယ်က မလှုပ်ရှား နိုင်သော်လည်း ရသည့် အခွင့်ရေးကို နွေဦး လက်လွှတ်မခံနိုင်ပါ။

"မင်း ထိုးမယ်ဆို။ ဘာလို့ မျက်နှာကို လာစမ်းနေတာလဲ ကလေးလေး..."

သူက နွေဦး၏ နူတ်ခမ်းကို ငုံ့နမ်းပြီး ပြောခဲသည်။ နွေဦးက သူ့ကို ပြန်မဖြေအားပဲ သူ့မျက်နှာကို စမ်းကာ ပုံဖော်နေမိသည်။

"ခင်ဗျား ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ သိချင်လို့..."

နွေဦးက ခပ်ချေချေပဲ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာက အန်တီပြောသလိုပဲလား ဆိုတာ သိချင်သည်။

"ဟုတ်ပါတယ် ဆိုကွာ။ မင်းလေးက မယုံတာလား။ ကဲ စမ်းစေဗျား။"

သူခွင့်ပြုသဖြင့် နွေဦးသူ့မျက်နှာကိုစမ်းကြည့်လိုက်သည်။ နဖူးပြင်က ကျယ်ပြန့်ကာ ပြေပြစ်သည်။ ပြီးတော့ မျက်ခုံးက ထူသည်။ နှာတံပေါ်သည်။ ပြီးတော့ နူတ်ခမ်းများကို ထိတွေ့ကြည့်သည်။ သူ့ပါးပြင်ကို ထိတွေ့ကြည့်သည်။ ပြီးတော့ နားရွက်ကားကားများ၊ မေးရိုး ခိုင်ခိုင်မာမာများ။ ဘယ်လိုပုံပေါက်မည် မသိသော်လည်း သူက ယောက်ျားပီသသည့် ရုပ်သွင်ရှိမည်ဟု နွေဦးခန့်မှန်းမိသည်။

"ပြောပါတယ်ကွာ။ မင်းမှ မယုံတာကိုး။ ကိုယ်က ခန့်ပါတယ်ဆို။ ကိုယ့်ကို ခေတ်အဆက်ဆက်က တွေ့ဖူးတဲ့ မိန်းကလေးတိုင်းက စွဲလမ်းခဲ့တာနော်။ "

သူကပြောပြီး နွေဦး၏ လည်တိုင်များမှ အောက်ကို ဆင်းကာ နမ်းရင်းပြောသည်။ နွေဦးသူ့အနမ်းကိုတွန်းဖယ် သော်လည်း နွေဦး၏ လက်က တဖြည်းဖြည်းအားပျော့ကာ ဘေးကို ကျလာသည်။ နွေဦး သူ့ကို မကျေမနပ်ဖြင့် ပြောလိုက်သည်။

"လူကို ဘာလုပ်ထားပြန်ပြီလဲ။"

"မင်းကို ချစ်မလို့ ကြိုတင်ကာကွယ်ထားတာလေ။ မင်းက ငြင်းဖို့ကြံနေတာ မလား။ ကိုယ်က မင်းကို အေးအေးဆေးဆေး ချစ်ပြီးရင် မင်းသိချင်တာ ပြောပြမလို့..."

သူ့စကားကြောင့် နွေဦး ပျော်သွားသည်။ သုတကယ်ကို ပြောပြတော့မည် မဟုတ်လား။ သို့သော် ချစ်ဥိးမည် ဆိုတော့... နွေဦး နည်းနည်းတွန့်သွားချင်သည်။

"အာ...ခင်ဗျားကလည်းဗျာ။ တရက်တလေတောင် ဟိုဒင်း မပြုပဲ မနေနိုင်ဘူးလားဗျာ။ "

နွေဦး စိတ်ပျက်သလိုလေးပြောတော့သူက နွေဦး၏ အောက်ပိုင်းကို လိုသလိုပြင်ဆင်ကာ ပြောလိုက်သည်။

"ဘာလဲ။ မင်းလည်း ကြိုက်ရဲ့သားနဲ့ကွာ။ ကိုယ်က ဘယ်သူ့ကိုမှ ဒီလို ဆက်ဆံတာ မဟုတ်ဘူး။ မင်းမို့သာ ချစ်တင်းနှောတာ။"

"ဘာ လို့လဲ။ အခြားသူကို ဟိုဒင်း မပြုပဲ ကျွန်တော့မှ လုပ်တာ...."

သူက နွေဦးကို အ၀င်ထွက် ချောမွေ့ရန် ပြင်ဆင်ပေးရင်း စိတ်ရှည်စွာရှင်းပြသည်။ ဒီနေ့ကဝေ သဘောကောင်းနေသည် မဟုတ်လား။ နွေဦးလည်း ငြင်းမရမည့်အတူတူ သူလုပ်ပေးသည်ကို လေကုန်ခံပြီး မငြင်းတော့ပေ။ အခွင့်ရေးရတုန်း မိမိသိချင်သည်ကိုသာ မေးနေတော့သည်။

"ကျုပ်တို့က ဒီကျင့်စဉ်ကို စကျင့်ကတည်းက သစ္စာဆိုရတယ်။ ကံငါးပါးကို လုံအောင်ထိန်းရတယ်။ ပြီးမှ ပညာကို ကျင့်ရတယ်။"

"ဒါဆို လူမသတ်ဘူးပေါ့ ခင်ဗျားက...."

"သတ်သင့်ရင်တော့ သတ်ရတယ်၊ "

သူက မေးသည်ကို ဖြေရင်း နွေဦး၏ ကိုယ်ထဲကို ဖိသွင်းလိုက်သည်။ နွေဦး အသက်၀၀ရှုရင်း ကိုယ်ကို လျော့ထား လိုက်သည်။ သူကိုယ်က ကြံ့ခိုင်သလို သူ့ညီလေးလည်းထွားကျိုင်းလှသည်။ နွေဦး၏ ကိုယ်ထဲ တရွေ့ရွေ့ ၀င်လာ တော့ ကိုယ်ထဲတင်းကြပ်လို့နေသည်။ တင်းကြပ်ခြင်းနှင့်အတူ မိမိညီလေး လည်းနိုးလာခဲ့ သည်ကို ခံစားရသည်။

"တွေ့လား .. မင်းရဲ့ညီလေးတောင် သဘောကျနေပြီ။ မင်း ရိုးသားလိုက်စမ်းပါကွာ..."

သူက နွေဦး၏ ညီလေးကို ကိုင်ကာ အထက်အောက်လှုပ်ရှားပေးပြီး ပြောခဲ့သည်။ နွေဦး သက်ပြင်းသာ ချလိုက်မိသည်။ သူ့ပူနွေးသော လက်က မိမိကို အရှိန်မြင့်ပေးနေသည် မဟုတ်လား။

"ရတယ်နော်။ ကိုယ် စတော့မယ်.."

နွေဦး ပြန်မဖြေပါ။ သူက နွေဦး ကျင့်သားရတော့မှ စပြီး လှုပ်ရှားတော့သည်။ သူက ချစ်တင်းနှောရင်း နွေဦးကို ငုံ့နမ်းသည်။ ရင်ဘတ်လေးကို လျှာနှင့် ထိုးသည်။ ဖွဖွ ကိုက်သည်။ လက်နှင့်ညစ်သည်။ နွေဦးသည် သူ့အပြုစုကြားတွင် မူးမူးမေ့မေ့နှင့် မျှောပါသွားတော့သည်။ သူက လူတဖက်သားကို ရူးအောင်ကို လုပ်နိုင်သည်။

"ခင်ဗျား တကယ် ကဝေပီသတယ် သိလား။"

နွေဦး နှင့် သူ အထွတ်ထိပ်ရောက်သွားပြီးနောက် သူက နွေဦးကို ဖက်ကာ နံဘေးတွင်လှဲနေစဉ် နွေဦး သူ့ကို ပြောလိုက်သည်။

"အင်း...ဘာကြောင့်လည်း ပြောပါဦး။ ကိုယ် ကဝေပီသတာကို ကလေးက ခုမှသိတာဆိုတော့...."

"အာ..ခင်ဗျားက လူကို ပညာနဲ့လည်းပြုစားနိုင်တယ်။ အပြုစုနဲ့လည်း ပြုစားနိုင်တယ်လေ။ ခင်ဗျား လူဘယ်နှစ်ယောက် ကို ပြုစုပေးခဲ့တာလဲ။"

"ဘာလို့မေးတာလဲ ရိုးရိုးသားသား သိချင်လို့လား။ သ၀န်တိုလို့လား။"

သူ့စကားကြောင့် နွေဦး နှာခေါင်းရှုံ့လိုက်မိသည်။ သူ့ကိုများ မိမိက သ၀န်တိုရအောင် မိမိတို့က ချစ်သူလည်း မဟုတ်ပေ။

"တကယ်လား။ ခုလို ညားနေတာတောင် ချစ်သူ မဟုတ်သေးဘူးလားကွ။"

သူက နွေဦး၏ လည်ပင်းကို နမ်းကာ မေးလိုက်သည်။ နွေဦးက မကျေမနပ်ဖြင့်ဖြေလိုက်သည်။

"ချစ်သူဆိုတာ တွေ့တွေ့ချင်း ခင်ဗျားလုပ်သလို ချောင်ပိတ်ပြီး ချစ်တင်းမနှောဘူးလေဗျာ။ ခုတော့ မျက်နှာလည်း မမြင်ရ၊ နာမည်တောင် မသိတဲ့ လူရဲ့ အနိုင်ကျင့်တာကို ခံရတာ ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ် ချစ်သူလို့ ခံစားရမှာလဲ။ "

နွေဦး၏ စကားကြောင့် သူက နမ်းတာကိုရပ်လိုက်ပြီး နွေဦးကို သူ့ရင်ခွင်ထဲ ဆွဲဖက်ကာ ညင်သာစွာပြောပြခဲ့သည်။ နွေဦး အင်မတန်ကို သိချင်သည့် အကြောင်းတွေကိုပေါ့။

"မင်းနဲ့ကိုယ်က တကယ်တော့အပြင်မှာ တွေ့ခဲ့ဖူးပါတယ် ကလေးလေး။ မကွေးတိုင်းထဲက ရွာကြီးတစ်ရွာမှာ။ မင်း 10 တန်းသွားတက်တဲ့ရွာမှာ ကိုယ်တို့ ဆုံခဲ့ဖူးတယ်။ "

သူ့စကားကြောင့် နွေဦး တုန်ခနဲဖြစ်သွားသည်။ ကြာပြီ။ လွန်ခဲ့သော 9 နှစ်လောက်ကပေါ့။ ဒါဆို ထိုရွာတွင် ပညာသည် တွေရှိခဲ့ဖူးသည် ဆိုသည့်စကားက တကယ်ပေါ့။

"ဟုတ်တယ်။ တကယ်ပဲ။ ရွာထိပ်က ဘုရားက ကျုပ်တို့ကိုယ်တိုင်တည်ထားခဲ့တာ။ ငလျင်လှုပ်လို့ ပြိုကျသွားတဲ့ ကျုပ်တို့ မျိုးနွယ်တွေ တည်ထားတဲ့ဘုရားကို ပြန်ငုံပြီး တည်ထားခဲ့တာ။"

"မဖြစ်နိုင်တာ။ အဲ့ဒါက နှစ်ပေါင်း 300 တောင်ကျော်ခဲ့ပြီ။ ခင်ဗျားက အသက် အနှစ် 300 လောက်ရှိပြီမို့လား။ မဖြစ်နိုင်တာဗျာ။"

"တကယ်တော့ကျုပ်အသက်က 350 ရှိပြီ။ လောကမှ မျက်လုံးနဲ့ မမြင်ရတာကို မရှိဘူး၊ မဖြစ်နိုင်ဘူးလို့ မျက်လုံးမှိတ်ငြင်းတဲ့ ခပ်ညံ့ညံ့လူထဲမှာ မင်းမပါစေနဲ့ ကလေးလေး။ ကျုပ် မင်းကို ဒီလောက်သက်သေပြနေတာတောင် မလုံလောက်သေးဘူးလား ကလေးလေး။"

နွေဦး မခံချင်သော်လည်း သူပြောတ ကို ပြန်စဉ်းစားပြီးနောက် ပြိုင်မငြင်းတော့ပေ။ သူ့ကို ဆက်မေးလိုက်သည်။
"ခင်ဗျားနဲ့ကျွန်တော် ဘယ်လို တွေ့ခဲ့တာလဲ။"

"မင်း ရွာကိုရောက်ကာစက မင်းနဲ့တွေ့ခဲ့တယ်။ မင်း ပဲ ကျု့ပ်အသက်ကို ကယ်ခဲ့တယ် .."

သူက ပြောရင်း နွေဦး၏ ကိုယ်လေးကို ဖျစ်ညစ်လိုက်သည်။ သူချစ်လို့ တင်းအောင်ဖက်လိုက်တာကို နွေဦးခံစား မိလိုက်သည်။ သူပြောသည်ကို လိုက်စဉ်းစားလိုက်သည်။ သူ့ကို ကယ်ခဲ့ဖူးတယ်တဲ့လား။ အင်မတန်ကို မှော်ပညာ အစွမ်းထက်သည့် ကဝေကို နွေဦးကယ်ခဲ့မိသည်တဲ့လား။

"မမှတ်မိဘူး။ ကျွန်တော် လူတစ်ယောက်အသက်ကို ကယ်ခဲ့တာမျိုး တခါမှ မလုပ်ခဲ့ဖူးဘူး။"

နွေဦး ငြင်းလိုက်သည်။ တကယ်လည်း မမှတ်မိပါ။ မိမိအသက်ကယ်ဖူးသည့် လူရွယ်ရယ်လို့လည်းမရှိခဲ့ဖူးပါ။

"မင်း မနက်ပိုင်းရွာအပြင်ကိုလမ်းလျှောက်ထွက်တော့ လဲနေတဲ့ အဖိုးကြီးကို မကယ်ခဲ့ဘူးလား။ ဒဏ်ရာတွေနဲ့ အဖိုးကြီးကို ဆေးရုံပို့ပေးခဲ့တယ်လေ။"

နွေဦး ပြန်သတိရလာသည်။ အသက် 70 ကျော် အဖိုးကြီး သွေးလွန်ပြီး သတိမေ့နေသောကြောင့် ရွာမှ အမျိုးများကို ခေါ်ကာ ဆေးရုံကို ပို့ပေးခဲ့သည်။ ပြီးတော့ ထိုအဖိုးကြီးကို မိမိသွေးလှုပေးခဲ့ဖူးသည်။

"ဟုတ်တယ်။ မင်းကိုယ့်ကို သွေးလှုပေးခဲ့တယ်။ ဒါကြောင့်ကိုယ်က မင်းနဲ့သွေးနှောထားပြီးပြီလို့ပြောတာ။ မင်း ကို အဲ့ကတည်းက ကျုပ်ရဲ့ ချစ်သူလို့သတ်မှတ်ခဲ့တာ။"

နွေဦး သည် ထိုအသက် 70 ကျော်၊ 80 နီးပါး အဖိုးကြီးက မိမိကို ဖက်ထားသည့် ကဝေဆိုတာကို မယုံနိုင် အောင်ဖြစ်မိသည်။ ပြီးတော့ ကဝေကလည်း ဒဏ်ရာရနိုင်သည်။ သွေးသွင်းရင်ပြန်ကောင်းသည်တဲ့လား။ ထို အဖိုးကို ဆေးရုံတွင် သွေးလှုပြိးနောက် နွေဦးရွာပြန်ခဲ့သည်။ ဆယ်တန်းတွေဖွင့်ပြီဖြစ်လို့ နွေဦး စာများနှင့် နစ်ကာ ထိုအဖိုးကြီးကို မေ့သွားခဲ့သည်။ မိမိဦးလေးကို သတိရလို့မေးကြည့်တော့ ပျောက်ကာ ဆေးရုံက ဆင်းသွားသည် ဆိုလား ။

"ခင်ဗျားတို့ ကဝေလည်း ဒဏ်ရာရတတ်သလား။ "

"ကျုပ်ထက် အင်အားကြီးတဲ့ မှော်နက်ကဝေ တွေကြောင့် သေလုမျှောပါးဖြစ်ခဲ့တာ။ တကယ်ဆိုရင် ကျုပ်က သေတော့မှာ။ မင်းရဲ့သွေးကြောင့် ပြန်ရှင်လာခဲ့တယ်။ သူတို့က ကျုပ်ကို သေပြီဆိုပြီး ပစ်ထားခဲ့တာပဲ။ မင်းသာ မကယ်ခဲ့ရင် ကျုပ် သေပြီ။"

ကဝေက နွေဦးကို သေချာရှင်းပြသည်။ သူပြောတာကိုနားထောင်ရင်း ကဝေလည်း လူလိုပဲလားဟု တွေးနေမိသည်။ မိမိထင်တာ ရုပ်ရှင်ဇာတ်ကားထဲက ကဝေလိုမျိုး ဒဏ်ရာ မရနိုင်သည့် အမျိုးဟု ထင်မိသည် မဟုတ်လား။

"ခင်ဗျားတို့မှာလည်း အထက်လမ်းနဲ့ အောက်လမ်းဆိုတာ ရှိတာကိုး။ "

နွေဦး စပ်စုလိုက်သည်။ သူက အထက်လမ်းကဝေဖြစ်မည်ဟု ယုံကြည်သည်။

"အဲ့ဒါ လူတွေ အခေါ်ပါ။ ကျုပ်တို့လောကမှာ လူတွေကိုစောင့်ရှောက်တဲ့ မှော်ဖြူကဝေနဲ့ မှော်နက်ကဝေဆိုပြီး နှစ်မျိုးခွဲတယ်။ ကျုပ်က မှော်ဖြူကဝေပါ။"

သူ့အဖြေကိုကြားတော့ နွေဥိးသက်ပြင်းချမိသည်။ တော်သေးသည်။ မှော်နက်ကဝေသာဖြစ်ရင် ဘယ်လောက်ဆိုးမည် မသိတော့။ ခု မှော်ဖြူကဝေပင် သူလိုချင်တာကိုရအောင်ယူတတ်သည် မဟုတ်လား။

"အင်း ခင်ဗျားက ကံငါးပါး မချိုးဖောက်ရဘူးပြောပြီး လူသတ်လို့မရရင် သူများသတ်တာပဲ ခံရမှာလား။"

နွေဦး သူ့ကို ထောက်ချင်လို့မေးလိုက်သည်။. သူ လူသတ်သလားဆိုတာ သိချင်သည်။

"ဘယ်ဟုတ်မလဲ။ အပြစ်မရှိတဲ့သူတွေကိုသာ မသတ်ရတာ။ လူတွေကို ညှင်းပန်းနှိပ်စက်တဲ့သူတွေကို နှိမ်နှင်း၇တယ်။ ပြီးတော့ မင်းမေးချင်တာ မင်းကို အနိုင်ကျင့်တာကိုလည်းမေးချင်တာ မလား။ "

အင်မတန်ကို ပါးနပ်သည့် ကဝေက ပြန်ဖြေခဲ့သည်။ တကယ်လည်း နွေဦး ကို သူထင်သလိုလုပ်ခဲ့သည် မဟုတ်လား။

"ဟုတ်တယ်။ ခင်ဗျား ကျွန်တော့်ခွင့်ပြုချက်မရှိပဲ အနိုင်ကျင့်ခဲ့တယ် "

"ကျုပ်တို့လောကရဲ့ စည်းကမ်းအရ မင်းက ကျုပ်ကို သွေးနှောခွင့်ပြုလိုက်တော့ ကျုပ်ရဲ့ တရားဝင် လက်တွဲဖော်အရာ မြောက်သွားပြီ။ ဒါကြောင့် မင်းကို ကျုပ်က အသက်ထက်ဆုံး စောင့်ရှောက်ဖို့ ကျိန်စာဆိုပြီးပြီ။ မင်းကိုလည်း ချစ်တင်းနှောလို့ရသွားတယ်လေ။ ကဲ ဘာသိချင်သေးလဲ ချစ်လေး။"

သူ့အဖြေနဲ့သူတော့ဟုတ်နေသည်။ မိမိမသိပဲ သူ့လက်တွဲဖော်ဖြစ်နေသည်ကိုတော့ မကျေနပ်ပါ။ သူ့ရုပ်ရည်ကို သတိရကာ မေးလိုက်သည်။

"ခင်ဗျားက အဖိုးကြိးပေါ့။ ခုရုပ်က နုပျိုအောင် မှော်ပညာနဲ့လုပ်ထားတာလား။ "

"အဖိုးကြီးတော့ဟုတ်တယ်။ မှော်ကျင့်စဉ်ကြောင့် ကျုပ်တို့ရုပ်ကို နုပျိုအောင်ထိန်းထားနို်င်တယ်၊ ဒါပေမယ့် မှော်အစွမ်းလျော့ပါးရင် ပင်ကိုယ် အသက်၇ွယ်တိုင်း အိုမင်းတဲ့ပုံဖြစ်လာတယ်။ ဒါကြောင့်မင်း ကျုပ်ကိုတွေ့တော့ အဖိုးကြီးရုပ်ဖြစ်နေတာ.။"

သူက ရယ်ကာ ဖြေခဲ့သည်။ သူ့အဖြေကြောင့် နွေဦး စိတ်ပျက်လက်ပျက်နှင့် ညည်းလိုက်သည်။

"အင်း ကောင်းရော။ အဖိုးကြီးနဲ့ ညားနေတာပေါ့ ကျွန်တော်က....ကောင်းရော.."

ကဝေက စိတ်ပျက်လက်ပျက်ပြောနေသော နွေဦး၏ နူတ်ခမ်းလေးကို ဖိနမ်းကာ ပြောလိုက်သည်။

"ကျုပ်တို့ မျိုးနွယ်ထဲမှာ ကျုပ်က အငယ်ဆုံးပါဗျာ။ ခုမှ အသက် 370 ရှိသေးတာလေ။ ကျုပ်အသက် 37 မှာကျင့်စဉ်အောင်ခဲ့လို့ အဲ့အသက်ရွယ်မှာရပ်သွားပြီ ကလေးလေးရဲ့။ မင်း ချစ်သူက အင်မတန်ကိုခန့်တဲ့ လူရွယ်ကြီး တစ်ယောက်ပါကွာ။ "

ကဝေက နွေဦးကို နမ်းရင်းပြောခဲ့သည်။ နွေဦး ရန်တွေ့မည်ပြုသော်လည်း သူက နောက်တခါ အစပျိုးနေလေပြီ။

သန်းခေါင်ယံချစ်သူWhere stories live. Discover now