သန်းခေါင်ယံ ချစ်သူအပိုင်း(29)

11.7K 1.1K 56
                                    

သန်းခေါင်ယံ ချစ်သူ

အပိုင်း(29)

အလုပ်ထဲသို့ရောက်သည်အထိ နွေဦး၏ အာရုံတွင် ထိုသူ၏ သွေးအေးရက်စက်သည့် မျက်လုံးက ကပ်ပါလာခဲ့သဖြင့် စိတ်မသက်မသာဖြစ်မိသည်။ ဘာကြောင့်ရယ်မသိ။ ယောကျာ်းပီသ ခန့်ညားသည့် မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သည့် စိတ်နေစိတ်ထားကို ဖော်ပြနေသည့် မျက်လုံးများက နွေဦးကို စိတ်မသက်မသာ ဖြစ်စေသည်။


"ဟင်းးးး"

နွေဦးသည် စိတ်မသက်မသာဖြင့် သက်ပြင်းကို စိတ်မှတ်မဲ့ချနေမိသည်။ နံဘေးမှ အသံကြားလိုက်မှ အကိုဇော် ရောက်နေသည်ကို သိတော့သည်။


"နွေဦး... သက်ပြင်းတွေချလို့ပါလား။ ချစ်ချစ်ဆီက စာမလာ သတင်းမကြားလို့လား။"

နွေဦး လန့်သွားပြီး အကိုဇော်ကိုမော့ကြည့်လိုက်သည်။ အကိုဇော် ဘာကိုရည်ရွယ်ပြီးပြောသည်ကို မသိသော်လည်း ရင်ခုန်သွားသည်။ တစ်ခါက မေဘရဏီ ညှို့ထားပြီး အကိုဇော် မိမိကို ချစ်စကားပြောစဉ်က ချစ်သူရှိသည်ဟု ပြောထားသည်ကို ရည်ညွှန်းတာလား။ ဒါမှ မဟုတ် ရိုးရိုးပဲ ဒီအတိုင်းပြောလိုက်တာလားဆိုတာကို သိချင်လာသဖြင့် မေးလိုက်မိသည်။


"ကျွန်တော့် ချစ်သူ ဘယ်သူလဲ အကိုသိလို့လား။"


"အင်း... သိတယ်လေ။ တစ်ခါက ညီ ပြောတယ်လေကွာ ။ ညီ့ချစ်သူက ယောကျာ်းလေး တစ်ယောက်ဆိုတာ.. ညီကိုယ်တိုင် ပြောတယ်လေကွာ။ "


"ဗျာ....အကို အဲ့ဒါကိုမှတ်မိသလား။"

နွေဦး ခေါင်းကြီးသွားခဲ့သည်။ အကိုဇော် မိမိပြောသည်ကို အမှတ်ရသည်ဆိုတော့ အကိုဇော် အညှို့မခံရဘူးလား။ ဒါမှမဟုတ် အကိုဇော်ကို မေဘရဏီပြောပြလိုက်တာလား။


"မှတ်မိတယ်လေကွာ။ မင်းကလည်း။ ည အိပ်ရေးပျက်ပါများလို့ နည်းနည်း မေ့သွားတာလား ညီလေးရ။ "

အကိုဇော်က ရယ်ကာ နွေဦး ပုခုံးကို ပုတ်ပြီး ပြောကာ ထွက်သွားခဲ့သည်။ နွေဦး၏ နဖူးမှ ချွေးစေးများ ထွက်လာခဲ့သည်။

သန်းခေါင်ယံချစ်သူWhere stories live. Discover now