သို့.... ချစ်လှစွာသော ကဝေကြီး

10.8K 786 23
                                    

သို့.... ချစ်လှစွာသော ကဝေကြီး


ခင်ဗျားပြုစားခဲ့တဲ့ ပုံရိပ်ယောင်တွေကြားမှာ

အစစ်အမှန်ကို ရှာဖွေတွေ့မိခဲ့တယ်...။

ပါးပါးလေး....
တစ်ကယ့်ကို ပါးပါးလေးဖွင့်လိုက်မိတဲ့ စိတ်တံခါးကြားက
မေ့ပစ်ချင်ခဲ့တဲ့ အချစ်ဆိုတာတွေ....
အလုံးအရင်းချီတက်လာပြန်တယ်....။

ခင်ဗျားကပဲ ပြုစားလွန်းတတ်တာလား....
ကျွန်တော်ကပဲ ပြုစားခံရခြင်းမှာ ပျော်ပွေ့နေခဲ့တာလား....။
ဘာကိုမှမသိချင်တော့လောက်အောင် ပျော်ဝင်သွားမိချိန်မှာတော့.....
ကျွန်တော့အသွေးအသားတင်မက အသက်တွေကိုပါ
ခင်ဗျားတစ်ယောက်တည်းကို အပိုင်ပေးလိုက်မိပြီ....။

ကိုယ့်ကိုကိုယ် အကြမ်ကြိမ် သတိပေးတယ်
အချစ်မှာ မိုက်မဲစွာမရူးသွပ်မိစေဖို့.....
ခင်ဗျားကို မေ့ပစ်ဖို့....
ခင်ဗျားနဲ့မရင်းနှီးခဲ့တဲ့နေ့ရက်တွေဆီကိုပြန်သွားဖို့......
ခင်ဗျားရဲ့ဖေးမမှုတွေကိုမသာယာမိဖို့.....
........။

ကံကြမ္မာက ရယ်ဖို့ကောင်းတယ်
တစ်ကယ်တမ်း ဒီလိုအခွင့်အရေးတွေရလာချိန်မှာကျတော့
ခင်ဗျားကို ကျွန်တော့်ကိုယ်ကိုထက် ရှေ့တန်းတင်မိသွားတယ်။
တစ်ကယ်မေ့သွားမိတဲ့အခါမှာလဲ နှလုံးသားက မရမကပြန်လှုံ့ဆော်ပြန်တယ်။

နောက်ဆုံးမှာသဘောပေါက်လိုက်မိတဲ့ အမှန်တရားက...
မင်းသတိုးဆိုတဲ့ ကဝေကြီးသာမရှိတော့ရင်....
နွေဦးဆိုတာလဲ မြူလိုပျောက်ကွယ်သွားရမဲ့
လူသားအမှုန်လေးတစ်ခုပဲရယ်.....။

ချစ်မိသွားတယ် ကဝေကြီး......
ကျွန်တော်အသက်ရှင်ခွင့်ရတဲ့နေရက်တိုင်းကလဲ
ခင်ဗျားအနားမှာ ရှိနေဖို့အတွက်ဖြစ်ပြီး....
ကျွန်တော် လောကကိုနှုတ်ဆက်ချိန်ဟာလဲ ခင်ဗျားအနားမှာပဲ ဖြစ်ချင်မိလောက်အောင်ချစ်တယ်...။

ထာဝရဆိုတာကိုမရွေးခဲ့လို့ ဝမ်းမနည်းပါနဲ့....
ကျွန်တော်နဲ့အတူရှိခွင့်ရမဲ့ တိုတောင်းတဲ့နှစ်ကာလလေးမှာ
ခင်ဗျားအမြဲရယ်မောနိုင်အောင် ဒီနွေဦးကဖန်တီးပေးသွားမှာပါ....။

ကဝေပျို
9:46PM
03.01.18


သန်းခေါင်ယံချစ်သူWhere stories live. Discover now