သန်းခေါင်ယံ ချစ်သူအပိုင်း (23)

14.3K 1K 23
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း (23)

များပြားလှသည့် အလုပ်တာဝန်များကြား နွေဦးသည် လုံးချာလည်လိုက်နေရင်း ကဝေနှင့် ချစ်သူဖြစ်ခဲ့တာ ဘာလိုလိုနှင့် ၃ လကျော် ၄ လထဲ ၀င်လာခဲ့ပြီ။ မိမိအကြောင်းကိုလည်း သူအတော်များများကို သိနေလေပြီ။ မည်သည့်အချိန်ဆို စိတ်တို တတ်သည်။ မည်သည့် အရာဆို ဒေါသထွက်တတ်သည်။ ဘယ်အရာကိုနှစ်သက်သည်။ ဘယ်အရာကို မုန်းတတ်သည်။

သူကလည်း အတော်ကို ဆင်ခြင်လာခဲ့သည်။ အလုပ်ထဲမှ ကိစ္စကို တတ်နိုင်သလောက် သူမစွတ်ဖက်မိအောင် နေသည်။ မိမိပင်ပန်းနေလျှင် သူက မိမိကြိုက်သည့် စားစရာများပေးပို့ပေးတာ အစဉ်လာလို ဖြစ်နေသည်။ ဆေးရုံမှ အပြန် အိမ်တွင် စားချင်တာ ရောက်နေတတ်သည်။

"ဆရာလေးကို ချစ်တဲ့ ခင်တဲ့သူ ပေါလိုက်တာကွယ်။ နေ့တိုင်းကို စားစရာတွေ ပို့နေကြတာ။ မရိုးတော့ဘူးနော်။ ကောင်မလေးများ ရှိနေပြီလား။"

အန်တီကြီးကပင် တစ်ခါက ပြောလာခဲ့သည်။ အလုပ်တွင်လည်း မမ တချို့က ပြောလာခဲ့သည်။ သူက ဆေးရုံကို မုန့်ပို့်ခိုင်းသည်ကိုး။

"နွေဦးက အနေထိုင် သိပ်ပိရိတာပဲ။ ချစ်သူရှိမှန်းကို မသိရဘူး။ ကောင်မလေးက နွေဦးကို အတော်ချစ်ပုံရတယ်။ ခဏခဏ မုန့်ပို့ ခိုင်းတယ်နော်။ မောင်လေး ချစ်သူရကံကောင်းတယ်။ "

လက်ထောက်ဆရာဝန် မမက ပြောလာတိုင်း နွေဦး သွားဖြီးလေးနှင့် ရယ်လို့သာနေလိုက်ရသည်။ သူ့ကိုပြောမှ ဖြစ်တော့မည်။ မပြောလို့မရတော့ပေ။ အလုပ်မှာရော။အိမ်ကပါ ရိပ်မိနေပြီ။ တော်ကြာ အိမ်ရှင်အန်တီကြီးဆီက တဆင့် တခါတလေ လာလည်သည့် အကိုရင်း သိသွားနိင်သည်။ ထိုမှတဆင့် အိမ်က အမေသိသွားနိုင်သည်။ အမေသိလျှင် မေးလာမြန်းလာတွေနှင့် နွေဦးဖြေရခက်ကုန်မည်ထင်သည်။

"ခင်ဗျား...အလုပ်ထဲကို မုန့်မပို့ပါနဲ့တော့ဗျာ။ ပြီးတော့ အိမ်ကိုရော မပို့နဲ့။ လူတွေ ၇ိပ်မိကုန်ပြီ..."

နွေဦး ကဝေကို တောင်းဆိုလိုက်သည်။ ကဝေက နွေဦး၏ ကိုယ်လေးကို ထွေးပိုက်ကာ ပုခုံးလေးကို ပွတ်နေလိုက်ပြီး ပြောသည်။

"အိမ်ရှင်မိန်းမကို မင်းအကိုကို မပြောအောင် အမိန့်ပေးထားတယ်။ မင်းအလုပ်က လက်ထောက်ဆရာဝန်မကို အဲ့အဖြစ်ပျက် မေ့သွားအောင် လုပ်ထားလိုက်မယ်။ "

"တော်တော့ မလုပ်နဲ့တော့၊ ခင်ဗျားက မှော်ပညာကို အလွဲသုံးစားလုပ်မလို့လား။ အကြီးကဲဖြစ်ပြီးတော့...."

မင်းသတိုးသည် နွေဦး၏ နူတ်ခမ်းလေးကို နမ်းလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်မျိုးကြီး အာဏာကို အလွဲသုံးစား လုပ်ဖို့ ကြံမိပါတယ်။ အင်း ...မင်းလေးက တကယ့်ကို လူမှန်ပဲ။ မင်းသာ မှော်လောကရဲ့ အရှင်သခင်ဖြစ်ရင် မှော်လောကသားတွေ ထိုင်ငိုသွားမယ်။ စည်းကမ်းလည်း တင်းကြပ်မယ့် ကောင်လေး။"

နွေဦးသည် သူ့အပြောကြောင့် ပြုံးမိသည်။ ဒါကလည်း နွေဦး မိမိကိုယ်ကိုဂုဏ်ယူမိသည့် အချက်ပဲ မဟုတ်လား။ ဖေဖေ ကွယ်လွန်သွားပေမယ့် ဖေဖေ့ ဆုံးမစကားများက နွေဦး၏ သွေးထဲ ပြန့်နံ့နေသည် မဟုတ်လား။ နွေဦးသည် ဖေဖေ:-) ည်ဆောက်ထားသော ကိုယ်ကျင့်တရားနှင့် တာဝန်ယူတတ်မှုတွေထဲ အသားကျနေပြီဖြစ်သည်။ ဒါကြောင့်ပဲ နွေဦးဟာ အငုံ့စိတ်တွေ၊ ဘောင်တွေထဲ ပိတ်လှောင်မိနေတဲ့ မလွတ်လပ်သောသူလို့ နွေဦးအဆက်ဟောင်းတစ်ယောက်က မှတ်ချက်ချခဲ့ဖူးသည်။

"မင်းက လူတစ်ထောင်မှာ တစ်ယောက်ပဲရှိတဲ့စိတ်ထားကို ပိုင်ဆိုင်ထားတာပါ နွေဦး။ တာဝန်သိတတ်တာ၊ မကောင်းမှုပြုရမှာ အချောင်ခိုရတာ မတရားတာကိုလုပ်ရမှာတွေကို ရှက်တာကြောက်တာက ဘာမှမမှားပါဘူးကွာ"

မထင်မှတ်ပဲ ကဝေကြီး မင်သတိုးက နွေဦးကို စိတ်ရှည်စွာရှင်းပြနေခဲ့သည်။ နွေဦး သူ့ကို အံ့အားသင့်နေခဲ့သည်။

"ခင်ဗျား ဒါတွေလည်း သိတာပဲ။"

မင်းသတိုးက ရယ်မောကာ နွေဦး၏ လည်တိုင်ကို နမ်းပြီးပြောလိုက်သည်။

"အနှစ်သုံးရာကျော် လုံးလုံး ကိုယ်က ဂူအောင်းနေတယ် ထင်လို့လားကွ။ ကိုယ်က ဒီလူ့လောကထဲ ကျင်လည်ရင်း လူတွေကို စောင့်ရှောက်နေတာလေ။ လောကဓမ္မနဲ့ လူ့သဘာဝကိုသိတာပေါ့..."

သူပြောသည်ကို နွေဦးတွေးနေမိသည်။ သူ ဒါဆို ခေတ်ပညာကော တတ်သလားပေါ့။ သူက မိမိအတွေးကို သိသူပီပီ ရယ်မောကာ ပြောလိုက်သည်။

"တတ်တယ်။ လူ့လောက ကို စောင့်ရှောက်ရတဲ့ ကဝေတိုင်းက မင်းတို့ ခေတ်ပညာကို တတ်ကြတယ်။ ကျုပ်တို့က ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာရပြီကိုး။ "

"ဒါဆို အင်္ဂလိပ်ခေတ်တို့၊ ဂျပန်ခေတ်တုန်းတို့ မှာ ခင်ဗျားတို့ ဘာကြောင့် ၀င်မကူကြတာလဲ။ "

နွေဦးသူ့ကို မကျေမနပ်မေးလိုက်သည်။ သူက နွေဦး၏ ကိုယ်အနှံ့ နမ်းရှိုက်ကာ ပြောလိုက်သည်။

"မကူဘူးလို့ ဘယ်သူပြောတာလဲ။ ကျုပ်တို့ တင်မှော်ပညာရှင် ရှိတယ် ထင်တာလား။ အင်္ဂလိပ် မှော်ပညာရှင်၊ ဂျပန် မှော်ပညာရှင်တွေ ပါလာမယ်လို့ မင်း မစဉ်းစားမိဘူးလား။"

နွေဦးသည် သူ့လက်အထိတွေ့ကြောင့် ရင်ထဲလှပ်ခနဲဖြစ်သွားသည်။ သူ့လက်ကို တွန်းဖယ်ရန်ကြိုးစားလိုက်သည်။ မိမိက သူပြောသည့် စကားကို ပိုစိတိဝင်စားနေသည် မဟုတ်လား။

"နေဦး။ လျှောက်ကိုင် မနေနဲ့ဦး။ ခင်ဗျား ပြောတာကို စိတ်ဝင်စားလို့။ သေချာပြောပြဦး.။ "

"နောက်မှ ပြောပြမယ်။ မင်းနဲ့ကျုပ်က တစ်သက်လုံးစာ အချိန်၇သေးတယ် မဟုတ်လား။ အခုတော့ လာအုံး။ ကျုပ်မင်းကို အမောပြေအောင် ပြုစုပေးမယ်။ "

"အာ..ဟင့်အင်း....အ...အွန်း...."

နွေဦး ငြင်းသော်လည်း သူ၏ ဇွတ်တရွတ် အပြုစုကြောင့် မိန်းမောသွားရတော့သည်။

xxxxxxxxxxxxxxxx...xxxxxxxxxxxxxxxx...xxxxxxxxxxxxxxxxxx

"နွေဦး...အားပြီလား။ ခဏ.."

နွေဦး အလုပ်ဆင်းတော့ အိမ်ပြန်မည်အပြု ဆိုင်ကယ်ထားသည့် နေရာတွင် အကိုဇော်က လှမ်းခေါ်သည်ကို တွေ့ လိုက်ရသည်။

"ဗျာ..ဟုတ်ကဲ့..အကိုဇော်...။အကို ဂျူတီလား။"

ခုရက် အကိုဇော်နှင့် ဂျူတီချိန် မတိုက်ဆိုင်ပေ။ ထို့ကြောင့် အကိုနှင့် မတွေ့တာ ကြာလို့မေးလိုက်ခြင်းဖြစ်သည်။

"အင်း ..ဟုတ်တယ်။ အကို မင်းကို အကို့ချစ်သူနဲ့မိတ်ဆက်ပေးမလို့..."

အကိုပြောလိုက်သည့် စကားကြောင့် နွေဦး အံ့သြ၀မ်းသာသွားသည်။ အကိုဇော် ချစ်သူရသွားပြီဆိုတော့ ဟိုကဝေမ ရန်က လွတ်ပြီပေါ့။ နွေဦးပြုံးသွားမိသည်။

"မင်းကလည်း ပြုံးနေပါလား။ ကိုယ်တောင် မလုံတော့ဘူး။"

အကိုဇော်က ရှက်ရယ်ရယ်ကာ ပြောသည်။ အကို့မျက်နှာက အချစ်နှင့်နူးညံ့နေသည်ကို ကြည့်ကာ နွေဦး စိတ်ချမ်းသာ သွားသည်။ တော်သေးသည်။ စိတ်၇င်းကောင်းသည့် အကိုဇော် ကဝေမ လက်မှ လွတ်သွားလို့။

"ဆိုင်ခဏ သွားထိုင်ရအောင်ကွာ။ မင်းကို ကိုယ့်ချစ်သူနဲ့မိတ်ဆက်ပေးချင်လို့။ အလုပ်ထဲကို သူ့ကို ခေါ်မလာသေးချင်လို့။"

"ဟုတ်ကဲ့ အကိုဇော်။ ဘယ်ကို သွားမလဲ။"

"ကိုယ့်ကားနဲ့လိုက်ခဲ့မလား။ ဆိုင်ကယ်နဲ့ပဲ လိုက်ခဲ့မလား။"

"ဆိုင်ကယ်နဲ့ပဲ လိုက်တော့မယ် အကို။ ပြီးရင် တစ်ခါတည်း အိမ်ပြန်ရအောင်လို့။"

"အေး..အေး...Ever Green Coffee ဆိုင်မှာ သူစောင့်နေတယ်။ သွားရအောင်။ အကိုက ညီလေးကို ညီအရင်းလို ချစ်လို့ အရင်ဆုံးမိတ်ဆက်ပေးတာ။ "

အကိုဇော်က ပြောပြီးကားပေါ်တက်သွားသည်။ နွေဦးသည် အကိုဇော်၏ စကားကြောင့် ရင်ထဲ နွေးဆင်းသွားခဲ့သည်။ အကိုရင်းလို ချစ်သည့် ဆရာဝန် အကိုထံမှ ညီအရင်းလို ချစ်သည်ဆိုတော့ နွေဦး ဂျွမ်းပစ်သွားချင်မိသည်။ အကို့ကားနောက်ကို နွေဦး ဆိုင်ကယ်နှင့် လိုက်လာခဲ့သည်။

ဆိုင်သို့ရောက်သော် အကိုဇော်က နွေဥိးကို စောင့်ခေါ်ကာ အထဲကို အတူဝင်ခဲ့သည်။ ထောင့် ၀ိုင်းတွင် လှပသည့် မိန်းမလှလေး တစ်ယောက်ထိုင်နေသည်။ အဝေးကနေတောင် သူမအလှက ထင်းလို့နေသည်။ သွယ်လှသည့် ကိုယ်လုံးအလှနှင့် အနီရောင် ကိုယ့်ကြပ်ဂါဝန် ၀တ်ထားသည့် မိန်းကလေးက ဖြောင့်စင်းသည့် ဆံပင်ကို ချထားသည်။ မျက်နှာကို ခြယ်သထားပုံက မော်ဒယ်မလေးလိုကို ကြွရွနေသည်။ မြင်သူတိုင်း လည်ပြန်လှည့်ကြည့်ရမည့် စူးရှသည့်အ လှကို ပိုင်ဆိုင်ထားသည့် မိန်းကလေးက နွေဦးတို့ ၀င်လာတော့ ထရပ်ကာ ကြိုနေသည်။

"ကိုကို....ကြာလိုက်တာ...ဘရဏီ စောင့်နေတာ ကြာလှပြီ။"

သူမ၏ ချိုလွင်သော အသံကို ကြားလိုက်ရစဉ် နွေဦး ရင်ထိတ်သွားသည်။ ကဝေမ အသံနှင့် တူလှသည့်အပြင် သူမ နာမည်က ဘရဏီတဲ့လား။

"အင်း....ဆော၇ီး ဘရဏီလေး။ ကိုကိုက နွေဦး ဂျူတီထွက်တာကို စောင့်နေရလို့။ ကဲ ဒါ ကိုကို ပြောပြောနေလို့ ဘရဏီက တွေ့ချင်ပါတယ်ဆိုတဲ့ ကိုယ့်ညီအရင်းလို ချစ်ရတဲ့ အလုပ်သင်ဆရာဝန်လေး ဒေါက်တာနွေဦးမောင်။ နွေဦး..ဒါက အကို့ အချစ်နတ်သမီးလေး မေဘရဏီတဲ့။ "

အကိုဇော်က မေဘရဏီ၏ ပုခုံးလေးကို အသာသိုင်းဖက်ကာ နွေဦးကို မိတ်ဆက်ပေးခဲ့သည်။ မေဘရဏီဆိုသည့် နာမည်ကို ကြားလိုက်ရတော့ နွေဦး ကျောထဲ စိမ့်သွားခဲ့သည်။ မေဘရဏီကို ကြည့်လိုက်မိတော့ သူမက နွေဦးကို ပြုံးကြည့်ကာ လက်ကမ်းပေးရင်း ပြောခဲ့သည်။

"တွေ့ရတာ ၀မ်းသာပါတယ် နွေဦး။ ဘရဏီက နွေ့ထက်ကို အသက်ကြီးမယ် ထင်တယ်။ ဒါကြောင့် နွေဦးလို့ပဲ ခေါ်မယ်နော်။ မမက မေဘရဏီပါ။ မမေလို့ ခေါ်လည်းရပါတယ်။ ဘရဏီခေါ်လည်း ရပါတယ်။ ကိုကို့ဆီက ကြားရပါ များလို့ တွေ့ဖူးချင်လို့ရယ်။ ခင်ချင်လို့ရယ် ကိုကို့ကို ခေါ်ခိုင်းလိုက်တာပါ။ "

သောက်ရှုးကြယ်လို တောက်ပသည့် မျက်ဝန်း၊ နူတ်ခမ်းဆိုးဆေးနှင့် စိုအိနေသည် နူတ်ခမ်း၊ တောက်ပသည့် အပြုံး။ လှပသည့် မိန်းမလှလေးသည် ကဝေမ မှ ကဝေမ အစစ်ပါ။

သူမ လက်နှင့် မထိချင်ပါ.။ သို့သော် အကိုဇော်ရှေ့တွင် ဖြစ်သောကြောင့် နွေဦး လက်ဆွဲနူတ်ဆက်လိုက်စဉ် အသားချင်း ထိမိသည်နှင့် လျှပ်စစ် စိးသွားသလို ခံစားလိုက်ရသည်။

"တွေ့ရတာ ၀မ်းသာပါတယ် မမေ။ ကျွန်တော် နွေဦးပါ။"

အသားချင်း ထိမိသည်နှင့် ကဝေမ ၏ အသံကို ကြားလိုက်ရသည်။

"မင်း ကဝေမ လို့ခေါ်နေတာ မ၇ိုင်းလွန်းဘူးလားကွယ်။ မင်းထက် အသက်ရာချီကြီးတဲ့သူနော်။"

ဟော ပညာတော့ပြလေပြီ။ နွေဦး၏ အာရုံထဲ ကြားလိုက်ရသည်။ သေချာပြီ.။ မေဘရဏီဆိုသည့် ကဝေမ ကိုနွေဦး မုန်းလည်းမုန်းသည်။ ကြောက်လည်းကြောက်သည်။ သူမက အကိုဇော့် ချစ်သူအဖြစ် အပြင်လောကကို ထွက်လာပြီ မဟုတ်လား။

နွေဦး သူမ စကားကို ဘာမှ မတုန့်ပြန်ပဲ သူ့ကို တောင့်တ လိုက်မိသည်။ သူ့ကို လာကူပေးစေချင်မိသည်။
နွေဦး သူမလက်ကို ဖြုတ်လိုက်ပြီး နောက် အကိုဇော်ကို ကြည့်ကာ ပြောလိုက်သည်။

"အကိုဇော် ဘယ်တုန်းက စွံသွားတာလဲဗျ။ ကျွန်တော် နဲ့ မတွေ့တဲ့ အတော်တွင်း ချစ်သူရသွားတာလား။"

အကိုဇော်က မေဘ၇ဏီ ထိုင်ရန် ခုံကို ဆွဲပေးရင်း ထိုင်ခုံတွင် ၀င်ထိုင်ကာ ဖြေလိုက်သည်။

"ဟုတ်တယ် နွေဦးရေ။ မင်းနဲ့ ဂျူတီ မတူတော့ကတည်းက အကို ဘရဏီနဲ့တွေ့ခဲ့တာ။ ဖူးစာပဲပြောရမယ်။ တွေ့တွေ့ချင်း အကို ဘရဏီကို ချစ်သွားတာ။ ဘရဏီလည်း အကို့လို ပုံတုံးတုံးနဲ့လူကို ဘယ်လို ချစ်သွားသလဲ မသိတော့ဘူး။ "

အကိုဇော်က ရယ်ရယ်မောမောနှင့် ပြောသည်။ မေဘရဏီက ချစ်စဖွယ်ရယ်မောကာ အကိုဇော့်ကို ပြုံးကာ ပြောလိုက်သည်။

"ကိုကိုရယ်။ ဖူးစာ ပဲပေါ့။ ဘရဏီလည်း မာနကြီးခဲ့သမျှ ကိုကို့ကို တွေ့တော့ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး။ ဘရဏီ တစ်သက်လုံး စောင့်နေတဲ့သူပဲဆိုတာ တန်းသိလိုက်တယ် ။ "

"ကိုကိုလည်း အတူတူပါပဲကွာ။ ဘရဏီက ကိုယ့်နှလုံးသားတစ်ခြမ်းဆိုတာ အလိုလိုခံစားမိလိုတာပဲ။ ဒါကြောင့် ကိုကို ဘရဏီကို အရဲစွန့်ပြီး ချစ်ခွင့်ပန်ခဲ့တာပေါ့။"

"ဘရဏီလည်း ကိုကို ချစ်ခွင့်ပန်တော့ ဟန်တောင် မဆောင်နိုင်ဘူး ချက်ချင်းကို လက်ခံခဲ့မိတယ် ရှင်ရယ်။"

နွေဦးသည် မိမိမျက်စိရှေ့တွင် ကယုကယင်နှင့် ပြောနေသည့်  မေဘရဏိကို ကြည့်ကာ ဘာလုပ်ရမှန်းမ သိတော့ပေ။
ထိုစဉ် waiter လေးက Menu ယူလာပြသဖြင့် ချစ်ခွန်းသီနေသည့် စုံတွဲ နည်းနည်းတန့်သွားတော့သည်။
တော်သေးသည်။ နွေဦးတော့ ယခုမှ သက်ပြင်းချမိသည်။

"နွေဦး ကြိုက်တာမှာနော်။ "

အကိုဇော်က ပြောသည်။ နွေဦး တကယ်တမ်းပြောလျှင် ဘာကိုမှ မစားချင်ပါ။ သို့သော် အကိုဇော် စိတ်မကောင်းဖြစ်မည်စိုးသောကြောင့် ထမင်းကြော်ပဲ မှာလိုက်သည်။

"ထမင်းကြော်မစားပါနဲ့ နွေဦးရာ။ နေဦး။ မင်း အမဲသားစားလား။ ကိုယ် အနောက်တိုင်းအစားစာ မှာလိုက်မယ်။ "
အကိုဇော်က အမဲသားပြား ကင်ကို မှာလိုက်သည်။ နွေဦးအားနာနာနှင့် ပြောလိုက်သည်။

"အကို နေပါစေ။ ကျွန်တော် ထမင်းကြော်ပဲ စားပါ့မယ်။ ကျွန်တော် အမဲသား မစားလို့ပါ။ "

မေဘရဏီက မီနူးကိုယူကာ စားပွဲထိုးလေးကိုမှာလိုက်သည်။

"Snow Fish ပေးပါ။ စပါကတီတစ်ပွဲ။ ပြီးတော့ သီးစုံ Salad တစ်ပွဲ။ စီချွမ်းဆိတ်သားနှပ်ပေးပါ။ ရေညှိနဲ့ ငါးဖယ်လုံး ဟင်းချိုတစ်ပွဲ။ အကင်စုံတစ်ပွဲ။ ကိုကို ပင်လယ်စာအသုပ် စားအုံးမလား။ "

"အင်း... မှာလိုက်လေ။ နွေဦးအတွက် ပိုမှာပေးလိုက်ပါ ဘရဏီ။"

"စိတ်ချပါ။ သူက ဘရဏီ့ မိတ်ဆွေရင်းရဲ့ ချစ်သူဆိုတော့ ကောင်းကောင်းပြုစုရမှာပေါ့..."

နွေဦးသည် အကိုဇော့်ကို ကြည့်လိုက်တော့ မေဘရဏီပြောသည့် စကားအတွက် ထူးဆန်းသည့် ပုံလည်း မပြသဖြင့် နားလည်ရခက်နေသည်။ အငြို့ခံရတာလား။ ဒါမှ မဟုတ် မိမိလိုပဲ ကဝေမရဲ့ ချစ်သူအဖြစ် အရွေးချယ်ခံ ရတာလား ဆိုတာ သိချင်နေမိသည်။ ပြီးတော့ မိမိရှေ့က ကဝေမက ကဝေဖြူလား၊ ကဝေနက်လား ဆိုတာလည်း သိချင်နေမိသည်။

"ကဝေ ခင်ဗျား ဘယ်ရောက်နေတာလဲ။ ကျွန်တော့ကို ပစ်ထားတာလား။ ခင်ဗျားရဲ့ လောကက လူတွေ ကျွန်တော့်ကို ရှာတွေ့သွားပြီ။ လာမရှင်းတော့ဘူးလား။"

နွေဦး သူ့ကို တလိုက်မိသည်။ မေဘရဏီက မိမိ တမ်းတလိုက်သည်ကို သိသည့်အမူယာဖြင့် ပြုံးလိုက်သည်ကို တွေ့တော့ နည်းနည်းတော့ စိတ်မလုံသလို ခံစားလိုက်ရသည်။ သူမရော မိမိစိတ်ထဲက စကားသံကိုကြားရသလားဟု သိချင်လာသည်။ စိတ်လည်းအိုက်လာသည်။ အကိုဇော်ကိုရှေ့ထားပြီးသူမ ပြောဆိုနေသည်ကို နွေဦးမ ကြိုက်ပါ။ မိမိအကြောင်းပေါ်ကုန်မည်ကို နွေဦး မလိုလားပါ။ ကဝေတစ်ယောက်ရဲ့ချစ်သူဆိုတာ လူသိလို့ကောင်းသည့် အကြောင်းရာ တော့မဟုတ်ပေ။

"ရော့...ထည့်စားပါ...နွေဦး အားရှိဖို့လိုတယ်လေ...ခစ်..ခစ်..."

မေဘရဏီက နွေဦး ၏ ပန်းကန်ထဲကို ဆိတ်သားဟင်းခပ်ထည့်ပေးရင်း ရယ်မောကာ ပြောသည်။ သူမ မျက်လုံးထဲတွင် မိမိက စနောက်စရာဖြစ်နေသည်ကို နွေဦးမကြိုက်ပါ။ စိတ်လည်းအိုက်သည်။အကိုဇော့်ကိုကြည့်မိတော့ အကိုဇော်က နွေဦးကို အားနာဟန်ဖြင့်ကြည့်နေပြီး တောင်းပန်သည်။

"ဆောရီး နွေဦးရေ။ ဘရဏီက သူ ခင်တဲ့သူဆိုရင် အတည်ပေါက်နဲ့ နောက်တတ်တယ်။ ဘရဏီ ကိုကိုတောင်းပန် ပါတယ်ကွာ။ ကိုကို့ညီလေးကို သိပ်မစပေးပါနဲ့နော်။"

"ခစ် ခစ်..ကိုကိုကလည်း။ကိုကို့ညီလေးဆို ဘရဏီ့ မောင်လေးပဲပေါ့။ ဘရဏီက နွေဦးကို တွေ့တော့ မောင်အရင်းလို ခံစားမိလို့ပါ။ နွေဦး မမေကို စိတ်မဆိုးပါနဲ့နော်။ "

စိတ်ဆိုးပြလျှင်လည်း အကိုဇော့်ကို နွေဦး အားနာသည်။ နွေဦး စိတ်အိုက်သည်ကို သိလေ ထိုကဝေမက ပိုစလေဖြစ်နေသည်။

"သေချာကြည့်တော့လည်း နွေဦး ရှက်နေတာလေးက ချစ်စရာလေးပဲ။ မင်းသတိုးက နွေဦးကိုစွဲတာ အဲ့အမူယာလေး ဖြစ်မယ်ထင်တယ်။"

ယောကျာ်းလေးဖြစ်သော်လည်း မိန်းကလေး တစ်ယောက်က ထင်သလို ပြောဆိုနေသည်ကို သည်းခံရတာ နွေဦးအတွက် မလွယ်ကူလှပေ.။ စားပွဲထိုးလေးတွေက နွေဦးကိုကွက်ကြည့် ကွက်ကြည့်လုပ်နေကြသဖြင့် နွေဦး သူမကို ကြည့်ကာ တောင်းပန်လိုက်သည်။

"မမေ တော်ပါတော့။"


သန်းခေါင်ယံချစ်သူWhere stories live. Discover now