သန်းခေါင်ယံ ချစ်သူအပိုင်း(10)

21.2K 1.1K 22
                                    

သန်းခေါင်ယံ ချစ်သူ

အပိုင်း(10)

ညရောက်တော့ အိပ်ရမည်ကို နွေဦး ရင်ခုန်နေသည်။ မိမိ နေကောင်းလျှင် သူက ချစ်တင်းလာနှောမည် မဟုတ်လား။ နွေဦး၏ စိတ်ခံစားချက်က တမျိုးဖြစ်နေသည်။ သူ့ကို ရင်းနှီးလာသလို ခံစားရသောကြောင့် မိမိကို တဖက်သတ် ရယူ နေသည်ကို မလိုလားပါ။ သူ့ကို မိမိရဲ့ အစ်ကိုလို ဖြစ်စေချင်သလို စိတ်မျိုးပေါ်လာမိသည်။ ဘာကြောင့်လည်းဆိုတော့ လိင်တူခြင်း၏ ချစ်ခြင်းကို နွေဦး မယုံကြည်သောကြောင့်ဖြစ်သည်။ အစွမ်းထက်သည့် ကဝေဖြစ်သော်လည်း ဘာကြောင့် မိမိလို ဘာအစွမ်းမှ မရှိသည့် လူသားတစ်ဦးကို လာကြိုက်နေသည်ကို စဉ်းစားလို့မရပေ။


"ဟင်းး...."

နွေဦး အမှတ်တမဲ့သက်ပြင်းချလိုက်မိသည်။ သက်ပြင်းချပြီးမှ ကိုယ့်ဖာသာ သတိထားလိုက်မိသည်။ ကိုယ်လည်း ကဝေ တစ်ကောင်ကြောင့် သက်ပြင်းချတတ်နေပြီလား...


"ကဝေ...ကဝေ... ခင်ဗျားသာ လူဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ခုတော့...."

နွေဦးသည် ဖက်လုံးကို ဖက်ရင်း ရောက်တတ်ရောက်ရာ တွေးနေမိသည်။ တဖြည်းဖြည်းနှင့် မိမိလည်း သူ့အကြင်နာ ပိုက်ကွန်တွင်မိနေသည့် လိပ်ပြာလေးလိုဖြစ်နေပြီဟု ခံစားမိလိုက်သည်။ မနက်ဖြန် သူ့ကျေးဇူးနှင့် အရသာရှိသည့် ကြာဆံဟင်းခါးနှင့်ရှောက်သီးသုတ်ကို စားရတော့မည်ဟု တွေးလိုက်မိသည်နှင့် နွေဦး သွားရည်ပင်ကျမိသည်။ နေကောင်းစမို့လား မသိတော့။ ချဉ်စပ်လေးကို စားချင်နေမိသည် မဟုတ်လား။ အသေးစိတ်ကအစ စဉ်းစားပေးတတ်သည့် သူ့ကို ဆွေမျိုးသားချင်းတစ်ယောက် လိုခံစားလာရသည်။


"ခင်ဗျားက ကျွန်တော့် အကိုသာဖြစ်လိုက်ပါတော့ဗျာ။ ခုတော့...."

နွေဦး ရောက်တတ်ရောက်ရာတွေးရင်း မျက်လုံးက လေးလံလာခဲ့ပြီး သတိမပြုမိခင်မှာပင် အိပ်မောကျသွားတော့သည်။


"ဟော...ခင်ဗျား...ကျွန်တော့်ကို အိပ်မွေ့ချပြန်ပြီလား။"

သန်းခေါင်ယံချစ်သူWhere stories live. Discover now