သန်းခေါင်ယံ ချစ်သူအပိုင်း(34)

11.6K 963 35
                                    

သန်းခေါင်ယံ ချစ်သူ

အပိုင်း(34)

နွေဦးသည် မေ့ဆေးဌာနကို လာခဲ့သော်လည်း စိတ်က ညက မက်သည့် အိပ်မက်တွင် တ၀ဲလည်လည်ဖြစ်နေသည်။


"မောင်ရုပက ဘယ်သူလဲ။ အိမ်ရှေ့မင်းက ဘယ်သူလဲ။ ဘာကြောင့်ငါက အိပ်မက်ထဲရောက်သွားရတာလဲ။ ဘာကြောင့် နှိပ်စက်ခံနေရတာပဲ။"


အတွေးလွန်နေသည်ရော သတိပေးမည့်သူ မရှိတာရောကြောင့် မနက်စာ စားဖို့မေ့သွားခဲ့သည်။ ယခင်ဌာနဆိုလျှင် အကိုဇော်ထဲက ကပ်စားလို့ရသော်လည်း ယခုကဌာနသစ်ဖြစ်သောကြောင့် မည်သူနှင့်မှ မသိသေးပေ။

"ဘာ မောင်လေး။ မောင်လေးက နွေဦးထင်တယ်။ ခွဲခန်းတွေက 10 နာရီဆို စ၀င်ရမယ်။ ဆရာကြီးကို ကူပေးရမယ်။ ဆရာကြီးက ကူခိုင်းရင်း ရှင်းပြလိမ့်မယ်။ မောင်လေးက ဆရာကြီးတာဝန်ပေးတဲ့ အခန်းမှာ စောင့်ပေးရမှာ။"

လက်ထောက်ဆရာဝန် မမ တစ်ယောက်က လူနာ စာရင်းများကို ပေးရင်းရှင်းပြသည်။


"ဒါတွေကို နည်းနည်းဖတ်ထားလိုက်။ ဒါမှ ဆရာကြီး ရှင်းပြတဲ့အခါ ပို နားလည်မယ်။ ဘယ်ဟာကို ထုံဆေး၊ ဘယ်ဟာကို မေ့ဆေးပေးရတယ် ဆိုတာ ခွဲရမယ့် ကေ့စ် အကြီးသေးပေါ်မူတည်သေးတယ်။ အရင်ခွဲမယ့် ကေ့စ်တွေကို သေချာလေ့လာ ထား။ ဆရာကြီးက စာတော့မေးတယ်နော်။ ကြိုပြောထားတာ."


"ဟုတ်ကဲ့မမ..."

နွေဦး လူနာ ရောဂါသမိုင်းကြောင်းကို ဖတ်နေစဥ်နည်းနည်းဆာသလိုဖြစ်လာသဖြင့် ရေထသောက်လိုက်သည်။


"မောင်လေး ကော်ဖီသောက်ပါဥိး လာ...လာ..."

ထိုအစ်မခေါ်သဖြင့် နွေဦး ဟန်မဆောင်နိုင်စွာဖြင့် ကော်ဖီမစ်တစ်ထုပ်ကို ဖောက်ကာ ဖျော်သောက်လိုက်သည်။


"ကော်ဖီမစ်သောက်တော့ ဘာဖြစ်လဲ ကဝေကြီး။ ခင်ဗျားလည်း လုပ်ချင်တာလုပ်၊ ကျွန်တော်လည်းလုပ်ချင်တာ လုပ်မယ်။"

နွေဦး ခပ်ညစ်ညစ်စိတ်ဖြင့် စိတ်ခေါ်လိုက်သည်။ မိမိကို ကောင်းစေချင်လို့ ကော်ဖီမစ်မသောက်ခိုင်းတာ သိသော်လည်း ယခုလို ဂရုမစိုက်ပဲ ပစ်ထားမှတော့ ကိုယ်လုပ်ချင်တာ လုပ်တော့မည်ဟု ဆုံးဖြတ်ထားသည်။

သန်းခေါင်ယံချစ်သူWhere stories live. Discover now