သန်းခေါင်ယံ ချစ်သူအပိုင်း(35)

12.8K 1K 39
                                    

သန်းခေါင်ယံ ချစ်သူ

အပိုင်း(35)

နွေဦး သက်ပြင်းချလိုက်မိသည်။ မိမိကို နှိပ်စက်တာနှင့် သူ့ဒဏ်ရာက ဘယ်လိုရလာတာလဲဟု သိချင်လာမိသည်။
"အရှင်.....အရှင့် ဒဏ်ရာတွေက....ဘယ်လိုရခဲ့တာပါလဲ..."

သတိုးရာဇာက နွေဦး၏ လက်ကို နမ်းကာ ငြင်သာစွာပြောလိုက်သည်။


"အဲ့စခန်းကို ကိုယ် ဖျက်ဆီးခဲ့ပြီး မင်းကို ကယ်ခဲ့တယ်။ အဲ့မှာ ဒဏ်ရာတွေ စရခဲ့တယ်။ ဒီလောက်တော့ မများသေးဘူး။ မင်းကို ကယ်တင်နိုင်ခဲ့တယ်။ မင်းကို ကိုယ် နန်းတော်ထဲကို ခေါ်လာနိုင်ခဲ့တယ်။နန်းတွင်းသဘင် အဖွဲ့မှာ မင်းကို ကိုယ် အပ်ထားခဲ့တယ်။ မင်းကို ကျုပ်နား ခေါ်ထားဖို့ ကိုယ့် စီမံခဲ့တယ်။"

နွေဦးသည် ထက်သန်သော သူ့မျက်နှာပေါ်မှ အရိပ်ကို ကြည့်ကာ သက်ပြင်းခိုးရှိုက်လိုက်သည်။


"အဲ့ စခန်းက လူတွေကို ဘာလုပ်လိုက်သလဲ အရှင်........"

နွေဦးက သူ အားလုံးကို မသတ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ သူ နူတ်ခမ်းတွန့်ပြုံးကာ ဖြေခဲ့သည်။


"အားလုံးကို လက်စတုံးလိုက်တယ်။ မင်းကို နှိပ်စက်တဲ့သူတိုင်း အသက်မရှင်စေရဘူး။ မင်း ရဲ့ ကိုယ်က ပိန်ချုံးပြီး အရိုးပေါ် အရေတင်ဖြစ်နေတာကိုကြည့်ပြီး ကျုပ်ဒေါသ ထိန်းမရခဲ့ဘူး။"

နွေဦး သက်ပြင်းသာ ချလိုက်မိသည်။ရင်ထဲတွင်လည်း မကောင်းပေ။ တကယ်ကို နာနာကျင်ကျင်ခံစားလိုက်ရသည်။ ဘာကြောင့်ရယ်မသိ။ တစုံတခု ဆုံးရှုံးသွားသလိုပင်။ သူ့မိဖုရားကို သတိရလိုက်သည်။ ရင်လည်းထိတ်သွားသည်။ သူ မိန်းကလေးတစ်ယောက်ကို မရက်စက်လောက်ဟု တွေးကာ မေးလိုက်သည်။


"အရှင့် မိဖုရားကောဟင်။ အခုလို ကျွန်တော့်ကို အနားခေါ်ထားတာ အရှင့်မိဖုရား ရွှေစိတ်တော် မညိုဘူးလား။"

သတိုးရာဇာက ပြုံးကာ နွေဦး၏ နားရွက်နားကပ်ကာ တိုးတိုးပြောလိုက်သည်။

"သူလား...... ကိုယ်ဝန်ပျက်ကျပြီး နတ်ရွာစံသွားတယ်..... မင်းကို ကယ်တင်လာတာနဲ့ပတ်သတ်ပြီး စကားများကြတာ ကိုယ် သူ့ကို တွန်းလိုက်မိတယ်။ "

သန်းခေါင်ယံချစ်သူWhere stories live. Discover now