သန်းခေါင်ယံ ချစ်သူအပိုင်း(14)

17.7K 1.1K 30
                                    

သန်းခေါင်ယံ ချစ်သူ
အပိုင်း(14)

နွေဦး သူပြောသလိုလုပ်လိုက်သည်။ ကော်ဖီရနံ့က သွားရည်ကျစရာမွှေးပျံ့လို့လာခဲ့သည်။

"မွှေးတယ်။ "

နွေဦး မနေနိုင်စွာဖြင့်ပြောလိုက်သည်။ တကယ်လဲ ဒီအနံ့ကို ကြိုက်သည်။ ကော်ဖီနံ့က နွေဦးကို စိတ်လန်းဆန်း သွားစေသည် မဟုတ်လား။

"မင်း ကြိုက်တယ်ဆိုတာ သိလို့ မင်းကို လုံးလုံးမဖြတ်ခိုင်းတာပေါ့။ နောင်ဆိုရင် ဒီကော်ဖီကိုပဲ သောက်နေတာ့နော်။ ကျုပ် မင်းကို အမြဲပို့ပေးမယ်။"

သူ့စကားကြောင့် နွေဦးပြုံးသွားမိသည်။ တကယ်လည်း ပျော်သွားသည်။

"ခင်ဗျားက ကဝေသာဆိုတယ် လူတစ်ဖက်သား အကြိုက်ကိုသိပ်သိတာပဲနော်။ သူများကို စိတ်ချမ်းသာအောင်လည်း လုပ်ပေးတတ်တယ်။ ခင်ဗျားပြောသလို ခင်ဗျားကို တွေ့ခဲ့တဲ့ မိန်းကလေးတိုင်းက စွဲလမ်းတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော့်ကျတော့ ယောက်ျားလေး လေဗျာ။ ခင်ဗျားကို စွဲလမ်းမယ် မထင်။"

နွေဦးက ကော်ဖီအနည်ကျအောင်စောင့်ရင်း သူ့ကို ရန်စလိုက်သည်။ သူက ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။

"အင်း...လိမ်ထား။ မင်း လိမ်တာ ကျုပ်က မသိဘူးဆိုတော့လေ.."

"ကျွန်တော်က ဘာလို့လိမ်ရမှာလဲ။ ဝေးသေး။ ယောကျာ်းခြင်း စွဲလမ်းစရာလား။ ဟာ ဟ.."

"အင်း ... မင်းနဲ့တော့ ခက်ပြီ။ လူလူခြင်းကို ဘာကြောင့် ယောကျာ်းခြင်း လို့ ထည့်ထည့်ပြောတာလဲ။ မင်းကို သဘော ထား ကြီးလိမ့်မယ်လို့ ကျုပ်က မျှော်လင့်ထားတာ။ မင်းလည်း ယောကျာ်း၊ မိန်းမ ခွဲခြားတဲ့စိတ်ရှိတာပဲလား။ "

သူ့အပြောကြောင့် နွေဦး မကျေမနပ်ဖြစ်သွားသည်။ ဘာလဲ။ မိမိက သူ့ကို မစွဲလမ်းဘူးဆိုပြီး ငြင်းတာနဲ့ ကျား၊ မခွဲခြားသည့် လူဖြစ်ရောလား။ စကားတတ်တိုင်း လှည့်ပတ်ပြောသည့် သူ့ကို စိတ်တိုလာသည်။

"မင်းလေးဟာလေ...လူငယ်သာဆိုတယ် ။ ထစ်ခနဲရှိ စိတ်တိုနေတော့တာပဲ။ "

သန်းခေါင်ယံချစ်သူWhere stories live. Discover now