သန်းခေါင်ယံ ချစ်သူအပိုင်း(38)

10.6K 952 27
                                    


သန်းခေါင်ယံ ချစ်သူ
အပိုင်း(38)

စ၀်ဟုန်ဖ သည် နဂါးကြီးကိုတွေ့သည်နှင့် ပျော်သလို ခံစားလိုက်ရသည်။ ကြမ်းတမ်းသည့် အမဲလိုက်ခြင်းကို မွေ့လျော်သူပီပီ ခက်ခဲကြမ်းတမ်းသည်ကိုသာ သဘောကျသည်။ နဂါးကြီးကိုတွေ့တော့ လည်ပတ်နေသည့် သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။


"လှလိုက်တဲ့ ကောင်ကြီး။"

စ၀်ဟုန်ဖက စွဲမက်စွာကြည့်ကာ ရေရွတ်လိုက်သည်။ ပုလဲနက်သည် တောင်တန်းသခင်ကို အံ့သြစွာလှည့်ကြည့်ကာ ပြောလိုက်သည်။

"ရှင်ရူးနေလား။ ဒီနဂါးကြီး မီးနဲ့မှုတ်လိုက်ရင် ကျွန်မတို့ပြာကျသွားမှာပေါ့.."

စ၀်ဟုန်ဖက ပုလဲနက်ကို ရွှမ်းရွှမ်းစားစားကြည့်ကာပြောလိုက်သည်။

"ရေကို ခိုင်းစေနိုင်တဲ့ မှော်ပညာရှင်က မီးနဂါးကို လန့်တယ်တဲ့လားကွာ။ ပုလဲနက်က ရေစွမ်းအင် သိပ်ထက်မြက်တယ် ဆိုတာ ကျွန်တော် သိပြီးသားပါ။ ခုတောင် ပုလဲနက် အားကိုးနဲ့ကျွန်တော် ဆင်းလာတာ."

ပုလဲနက် သူ့ကို မျက်စောင်းတစ်ချက်ပစ်ထိုးလိုက်သည်။ အတော့်ကို အပြောကောင်းသည့် တောင်တန်းသခင်။ အသည်းစာ ဘုရင်ဘွဲ့ကို လွယ်လွယ်တော့ရခဲ့တာ မဟုတ်တာ သေချာသည်။ ပုလဲနက် သည် သူ့ကိုကျောခိုင်းကာ

နဂါးကြီးစောင့်နေသည့် အရာကို ရှာဖွေလိုက်သည်။ ဟော... တွေ့ပါပြီ။ နဂါး လည်ပင်းတွင် ဆွဲထားသည့် ချူလို အလုံးကို တွေ့လိုက်သည်။ သေချာသည်။ မိမိရသည့် စွမ်းအင်က ထိုနေရာမှ ဖြာထွက်နေသည် မဟုတ်လား။

"နဂါးလည်ပင်းက ကြုတ်ထဲမှာ အမတ ရတနာရှိတယ်။"

စ၀်ဟုန်ဖက တိုးတိုးပြောလိုက်သည်။ သူမ လှည့်မကြည့်ပဲ ခေါင်းငြိမ့်လိုက်သည်။ စ၀်ဟုန်ဖသည် သူမလေး၏ တောက်ပသော ဆံနွယ်မှ သင်းရနံ့ကိုရှုရှိုက်ရင်း ရင်ဝယ် ပျော်ရွှင်သည့် အရိပ်တို့ တရှိန်ရှိန် တက်လာခဲ့သည်။ မိမိ၏ ညှို့ငင်နိုင်သည့် အစွမ်းသည် ပုလဲနက်ကို မည်သိုမှ မထိခဲ့ပေ။

သန်းခေါင်ယံချစ်သူWhere stories live. Discover now