Zawgyi"Baekhyunee...ထတော့လေ.."
အိပ်ခန်းတံခါး တဒုန်းဒုန်းမြည်သံနဲ့အတူ
ထွက်ပေါ်လာသော ommaရဲ့
အိပ်ရာနှိုးသံ...။မက်လက်စ အိပ်မက်ကနေ ရုတ်တရက်ကြီး
လန့်နိုးလာရသည်မို့
လေးလံနေသည့် မျက်ခွံတွေကို
မနည်း အားယူဖွင့်ရသည်...။"အား..ကျွတ်..ကျွတ်.."
ကိုက်ခဲ လေးလံနေသည့်နားထင်နှစ်ဖက်ကို
လက်နဲ့ထောက်မိတော့
မနေ့ညက
SeHunnie တို့နဲ့ ၀ိုင်းထောင်ခဲ့ကြတာကို
သတိရသွားသည်...။"Byun Baek Hyun..!
၈ နာရီတောင် ခွဲနေပြီ ..အခုထိ မထသေးဘူးလား..
အခန်းတံခါး မြန်မြန် လာဖွင့်စမ်း..
ခိုင်းစရာရှိတယ်.."အိပ်မှုံစုံမွှားဖြစ်နေတုန်း
ထပ်ဆင့်ထွက်ပေါ်လာခဲ့သည့်
appaရဲ့ ဆောင့်ဆောင့်အောင့်အောင့်အသံကြီးကြောင့်..
ေ၀၀ါးနေသည့် အာရုံတွေကို
အလျင်အမြန်စုစည်းကာ
စောင်ပုံကြားကနေ ပြေးထွက်လိုက်ရသည်...။မထွက်လို့လဲ မရလေ...။
appa ရဲ့ လက်သံကို ကြောက်ရသည်မဟုတ်လား...။
omma ကို အိစိစိ လုပ်ပြီးချွဲလို့ရပေမယ့်
appa ဆိုတာက မျက်နှာတည်ကြီးနဲ့
စည်းကမ်းကြီးတဲ့ လူဆိုတော့
အမြဲတမ်း သူပြောစကားနားထောင်ရသည်..။အခုလဲ သူက အိပ်ရာထတော့ ဆို..
ချက်ချင်း ထရသည်...။"မျက်နှာ မြန်မြန်သစ်ပြီး..
ဟိုဘက်ရပ်ကွက်မှာ Na Yeon လေးတို့အမေ
ဆိုးလ်ရောက်နေတာ..ထမင်းစားသွားဖိတ် ..
မင်းomma က ဟင်းမကျက်သေးဘူး..
appa ကလဲ အလုပ်လေးပေါ်လာလို့
Co.ကို ခဏသွားရမှာမို့..
သားပဲ လာခေါ်တာလို့ သေသေချာချာပြောပြီး
ဖိတ်ခဲ့ချေ..ကြားလား.."ဒီလို ကျောင်းပိတ်ရက်ကြီးမှာ
ပုံမှန်ဆို ၉ နာရီခွဲ ၁၀ နာရီလောက်မှ
ကျွန်တော် အိပ်ရာ ထလေ့ရှိပေမယ့်
ဘာတစ်ခွန်းမှ မပြောတဲ့ appaက..။ဒီနေ့မှာ သူတို့တွေ အမှန်တကယ် အလုပ်မအားလို့ ကျွန်တော့်ကို အခိုင်းတော်ပါးသည် ထင်ပါရဲ့...။
အဲ့ကျတော့လဲ ခေါင်းတဆတ်ဆတ်ငြိမ့်ကာဖြင့်ပဲ
အဖေ့စကားနားထောင်လိုက်သည်..။