Ep 7

12.4K 1K 70
                                    

Zawgyi

crush ကြီးရဲ့ အိမ်အလည်ဖိတ်ခေါ်မှုကြောင့်...
အပျော်လုံးဆို့ပြီး သူ့အိမ်လိုက်လာခဲ့သည့်သကာလမှာ..
ကျွန်တော် Byun Baekhyun လေး တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို...
တစ်ခါတစ်ရံ omma ကို ကူညီ ချက်ပြုတ်ပေးဖူးသည့် အကျိုးကြောင့်
အခု..အနာဂတ်ရဲ့ ခင်ပွန်းလောင်းလျာ ကြီးကို
ညစာ...ကျွေးမွေး တည်ခင်း နိုင်သည်လေ...။

မနက်ကနေ ညအထိ...ကျွန်တော်တို့ တွေ့ဆုံမှု အချိန်ကာလ များပြားလေ..
အမှတ်တရ တွေ တိုးပွားလေ ဆိုသည့်အတိုင်း
ယခုလဲ..အမှတ်တရ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူ နိုင်ခဲ့ပြန်သည်..။

ကျွန်တော် ချက်ပေးသည့် ဟင်းပွဲတွေကို နှိုက်မြည်းပြီး သဘောအကျကြီး ကျနေသည့် သူရယ်...။

ကိုယ် ချက်သည့် ဟင်းတွေကို သူသဘောကျနေလို့ ပီတိအဖြာလွန်ပြီး ပျော်နေသည့် ကျွန်တော်ရယ်...။

မသိရင်..နှစ်ယောက်က ကြင်စဦး ဇနီးမောင်နှံတွေလိုလို..ဘာလိုလိုပင်...။

ကြည့်ရတာ ..ကျွန်တော့်omma က ဒီယုံမြင်လို့ ဒီချုံထွင်ပေးခဲ့တာ ဖြစ်မည်..။
သူ့သားကလေး ချစ်ရမည့်သူ ရှိလာရင် လက်စွမ်းပြဖို့ လိုရမယ်ရ ချက်နည်းပြုတ်နည်းတွေ ကို မျှဝေထားတာဖြစ်မည်....။

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မွေးသမိခင်အပေါ် မွေးကျေးဇူး ကျွေးကျေးဇူးအပြင်..အချစ်ကျေးဇူးပါ...
တင်သွားခဲ့ပြီ...။

"ဆရာမကြီးက ပညာလေ့လာဆိုတော့ နက်ဖန်ကျ ရှာလာခဲ့ဆိုပြီး ဆရာမမေးထားတာလေး မေးကြည့်မယ်.."

"အင်း..မေးပါဗျာ..."

"ဒီလို...တကယ်လို့ ကျွန်တော်က..ပထမလင်နဲ့ ကွာရှင်းပြီး arjushi နဲ့ ယူတယ်ဗျာ..
ဒါပေမယ့် arjushi နဲ့ လက်ထပ်ပြီးလို့ ရက်ပေါင်း ၂၈၀ အတွင်းမှာပဲ..ကလေးမွေးတယ်ဗျာ..အဲ့ဒါ..
အဲ့ကလေးက arjushiနဲ့ဆိုင်လား..
အရင်လင်နဲ့ ဆိုင်လား...?"

/ အဟွတ်..အဟွတ်.../

"Baekhyunee ရယ်..ဘယ်လိုတွေတောင် မေးလိုက်တာလဲ..အဟွတ်ဟွတ်.."

"wae..ဘာဖြစ်လို့လဲ..ကျွန်တော်မေးတာ ဘာအမှားပါသွားလို့လဲ...
ရော့ရော့..ရေသောက်လိုက်.."

Arjussi Saranghae ! [ Completed ]Where stories live. Discover now