နှစ်ထပ်တိုက်ပုလေးတစ်ခုရယ်..
မြက်ပင်စိမ်းစိမ်းလေးတွေ စီစီရီရီပေါက်ရောက်နေသော..ခြံဝန်းငယ်ရယ်
ခမ်းနားခြင်းတွေ..မရှိပေမယ့်..
ချစ်သောသူက..
သူနဲ့ ကိုယ်ဖူးစာဆုံဖက်ခဲ့သည့်..နေရာ..လေး
မို့လို့..
ဒီနေရာလေးမှာပဲ..လက်ထပ်ပွဲ ဒင်နာ
လုပ်ချင်ပါသည်..
ဆိုသဖြင့်..
ကျွန်တော်နေထိုင်သည့်..ဤအိမ်ဤခြံဝန်း
အတွင်းမှာပင်..
သူငယ်ချင်း..မိတ်ဆွေများကို..ဖိတ်ကြားကာ..
ဒင်နာ..လုပ်ဖြစ်ခဲ့သည်...။အရမ်းကြီး တစ်ခမ်းတစ်နားမဟုတ်ပေမယ့်..
ကျွန်တော်တို့နှစ်ယောက်ကို..ချစ်တဲ့..
မိဘဆွေမျိုး..မိတ်ဆွေတွေနဲ့..
ပွဲကလေးက..စည်စည်ကားကားပင်..။အသောက်အစားကို..ဦးစားပေးသည့် ..
ပွဲဖြစ်တာကြောင့်..
လူကြီးတွေထက်..လူငယ်တွေက..
ပိုများသည်..။ကျွန်တော်တို့နစ်ယောက်ရဲ့..မင်္ဂလာပွဲကို..
ဂုဏ်ပြုပေးကြသလို..
လက်ထဲမှာ..ရှန်ပိန်ခွက်ကလေးကိုယ်စီနဲ့..
အားလုံး..ပျော်တစ်မြူးမြူးဖြစ်နေကြသည်..။အဲ့ဒီထဲမှာမှ..ကျွန်တော့်ရဲ့..Byun Baek Hyun
ဆိုသော..အသစ်စက်စက်..သတို့သားလောင်း
လေးသည်..
အရက်ခွက်ကို..လက်ကမချပဲ..
သူ့အပေါင်းအသင်းတွေနဲ့..ပွဲကျနေသည်..။သူ့အပေါင်းအသင်းတွေဆို၍..တစ်ခြားလဲ..
မဟုတ် ..။
FanFan ရယ်..
Tao ရယ်..SeHunnie တို့ရယ်ပဲ ဖြစ်သည်..။ကျွန်တော်က..ဒီမှာ..အလုပ်က..လူကြီးတွေနဲ့..
စကားပြောနေရလို့..သူတို့ရှိတဲ့ ၀ိုင်းဘက်
မသွားနိုင်သေး..။
သို့ပေမယ့်...အသစ်စက်စက် ..
သတို့သားလောင်းလေးရဲ့..အခြေအနေကို..
မျက်ခြည်မပြတ်တမ်း..အကဲခတ်ကြည့်နေဖြစ်
သည်..။ပုလင်းထဲက...ရှန်ပိန်တွေကို...
ခွက်ထဲ..ငှဲ့ငှဲ့ထည့်ပြီး သောက်နေတာ..
ကျွန်တော့်မျက်စိရှေ့မှာတင်..သုံးလေးခွက်ရှိ
နေလေပြီ..။ဘေးနားကလူတွေနဲ့လဲ..တစ်ဝါးဝါးတစ်ဟား
ဟားပွဲကျနေလိုက်တာများ..
တစ်ခြံလုံးသူတို့အသံတွေချည်းပဲ..။
ဧည့်သည်တွေကို..လိုက်ဧည့်ခံမယ်မရှိဘူး..။
သတို့သားရော..
အပေါင်းအပါတွေရော..
ထိုင်ရာကနေ..ရွေ့ကိုမရွေ့..။