Ep 9

11.9K 1K 14
                                    

Zawgyi

ကျွန်တော့် arjushi ဟာ..သူစိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုကို အာရုံနှစ်ပြီး လုပ်ကိုင်နေချိန်မှာ သိပ်ကို ကြည့်လို့ကောင်းလွန်းသည်...။

အခုလဲ..ကျွန်တော် သဘောကျသည့် သူ့ပုံရိပ်တွေထဲက တစ်ခုကို မြင်ရဖို့ရန်..အကြောင်းမရှိ အကြောင်းရှာပြီး..
ကျွန်တော် ဖန်ထားသည့် ဂွင်မှာ..လှလှပပကြီး သက်ဆင်းလာတော့..
သူ့ခမျာ..အာအပေါက်ခံပြီး..စာရှင်းပြနေရသည်လေ...။

ကျွန်တော် Byun Baekhyun ကတော့..စာထဲ..အာရုံနည်းနည်းမှ မရှိပဲ..သူ့ဆီပဲ စိတ်အာရုံတွေ အကုန်ပို့ထားသည်...။

"တပ်မတော်ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၂(က) အရ..အဲ့ အက်ဥပဒေနဲ့ အကျုံးဝင်တဲ့ ဘယ်သူမဆို..မြို့စောင့်တပ်..ခံတပ်နဲ့..ကင်းတဲတစ်ခုခုကို ရှက်ရွံ့ဖွယ်ကောင်းစွာ..စွန့်ခွာထွက်ပြေးရင်..ဒါမှမဟုတ်..လွှဲပြောင်းပေးအပ်ခဲ့လို့ရှိရင်..သေဒဏ်အထိ ချလို့ရတယ်..."

"တကယ်လို့..ကျွန်တော်သာ..အစိုးရဖြစ်ခဲ့ရင်..
ထွက်ပြေးတဲ့ အဲ့အရာရှိက arjushiသာ ဖြစ်ခဲ့ရင်..သေဒဏ်မပေးပါဘူးနော်.."

"ဟော်..! ဒီကလေးကတော့...ပါလာပြန်ပြီ..အဲ့အကြောင်းတွေ..ဒီမှာ..လူကြီးက အားကြိုးမာန်တက်နဲ့ ရှင်းပြနေတာကို..."

သူပြောနေတဲ့ အကြောင်းအရာကို..
ကပြောင်ကချော်လုပ်ပါသည် ဆိုပြီး လက်ထဲက ဘောပင်နဲ့..
ကျွန်တော့်ခေါင်းကို ခေါက်ထည့်လိုက်တာများ
ဒေါင်ခနဲ ကို မြည်သည်...။

ဒီလူကြီးဟာ..သာမန်အချိန်ဆို..ကျွန်တော်..
မြောင်းဖောက်ရင်..
အလိုက်သင့်ရေအ၀င်ခံပေမယ့်လို့..ပညာနဲ့ ပတ်သက်လာရင်တော့..
အထိမခံ ရွှေပန်းကန်လို ဖြစ်ပုံရတာမို့..
ကျွန်တော်လဲ..မလေးစားရာရောက်မည် စိုးတာနဲ့ပဲ..
ပါးစပ်လေးပိတ်ကာဖြင့်..ငြိမ်ငြိမ်စိမ်စိမ်လေးသာနေလိုက်သည်...။

အမှန်အတိုင်းပြောရရင်တော့..လူကြီးရဲ့ အလှအပတွေကို အနီးကပ် ငြိမ်ငြိမ်လေးထိုင်ကြည့်တယ်ပေါ့....။

မျက်လူံးက ကြီးတယ်ဆိုပေမယ့်..သူများတွေလို..ပြူးပြီး မလှတဲ့ ဘက်သွားတာမျိုးမဟုတ်ပဲ..
ဝိုင်းဝိုင်းလေးနဲ့..ကြည့်လို့ကောင်းသည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now