Ep 8

12.5K 1.1K 58
                                    

Zawgyi

"Last night you were in my room...
And now my bedsheets smell like you..
Everyday discovering something brand new..
I'm love with your body..
အူဝါ...အူဝါ...အူဝါ..အူဝါး..."

"အူဝါး..အူဝါး..နဲ့ နို့ဆာနေတာလား...
Fanfan ရေ...အအေးလေးဘာလေးတိုက်လိုက်ပါဗျာ..
မနက်ထဲက ကျောင်းမှာ အူဝါးနေတာ...နားတွေလဲ ငြီးလှပြီ..."

သူများတွေ ပျော်ရွှင်နေတာကို မရှုစိမ့်နိုင်ဖြစ်နေရှာသော အမောင် Sehun တစ်ယောက်..ကျွန်တော့်ကို တော်တော်အမြင်ကပ်နေပုံပင်...။

သူ အမြင်ကပ်လဲ ကပ်ချင်စရာ..
မနက်ကျောင်းတက်ကတည်းက..
သူ့ကိုရော..Jun Myeon ကိုရော..
နားထောင်ချင်ချင် ..နားမထောင်ချင်ချင်..
မနေ့ညက..ကျွန်တော့်လူကြီး..ကျွန်တော့်ကို အိမ်အလည်ခေါ်ပြီးသကာလ..
Fanfan ကောင်းမှုအကြောင်းပြုပြီး..
တစ်ခန်းထဲ အိပ်ဖြစ်ကြသည့် အကြောင်းကို
စက်သေနတ်ကို ပေါက်ပေါက်ဖောက်သလို
ကြွားလုံးကို မိုးထိအောင် ထုတ်ခဲ့သည်လေ...။

အဲ့တာကို အခုထိ သီချင်းတညည်းညည်းနဲ့ ပီတိဖြာလို့ မ၀နိုင်ဖြစ်နေတော့..
သူလည်း အမြင်ကပ်တာ မလွန်ပါလေ...။

ကျွန်တော်လွန်လားဆိုတော့လဲ..မလွန်ပါလေ...။
crush ကံ ဒီလောက်ကောင်းတာကို..
ဒီလောက်တော့ ပျော်မြူးသင့်သည်မဟုတ်လား...။

"Baekkie တို့ကတော့..ဒီအချိန်..ဟိုဘက်ကခံစားချက်နဲ့ လိုက်ဖက်တဲ့ သီချင်းကို ရှာဆိုတတ်သားပဲ.."

"Cool! Fanfan ကတော့လေ ..cool guy ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ကို လိုက်ဖက်နေတာပဲ..
ကျွန်တော်..ဘာလို့..ဒီနားပဲ ထပ်တလဲလဲဆိုနေတာလဲ ဆိုတာ မပြောပဲနဲ့ သိတယ်နော်..."

အမြဲတမ်းနှစ်သက်စွာ နားထောင်ခဲ့ရသည့် သီချင်းလဲ ဖြစ်..
စာသားတစ်ကြောင်းက ..မနေ့ညက သူနဲ့ ကျွန်တော်ရဲ့ အခြေအနေတစ်ခုနဲ့ အကိုက်ညီဆုံးလဲ ဖြစ်နေတော့..
သူ့ဘက်က..ခံစားရလား..မခံစားရလားတော့မသိ...
သူစိတ်ထဲ ရှိရှိမရှိရှိ..ကိုယ်ကတော့..ကိုယ့်စိတ်ကူးနဲ့ ကိုယ်..ဒီ စာသားနားကိုပဲ တ၀ဲလည်လည် ဆိုနေမိသည်...။

အပျော်ပေါ် အပျော်ဆင့်ပြီး သီချင်းတညည်းညည်း အူတစ်မြူးမြူး ဖြစ်နေသည့် ကျွန်တော့်ကို Fanfanက
အအေးတစ်ခွက် ချပေးလာသည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now