Ep 5

13.8K 1.1K 52
                                    

Zawgyi

"ရော့...သောက်တော်မူပါ.."

"ကျေးဇူး..Fanfan.."

ကျွန်တော့်အတွက် ဒုတိယမြောက် စတော်ဘယ်ရီ မစ်ရှိတ်ခွက်ကို ကောင်တာမှာသွားယူပေးပြီး
ကျွန်တော့်ရှေ့မှာ ၀င်ထိုင်လာသူက..
Fanfan arjushi...။
ဆိုင်ထိုင်နေတဲ့ အချိန်မှာတောင် ရှိုးအပြည့်ထုတ်ထားသည့် Fanfan arjushiက
ချောမောလွန်းသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်အပြင်
ခေါင်းအစခြေအဆုံး အပြစ်ပြောစရာမရှိသည့် လူတစ်ယောက်..။
ကျွန်တော့် Park Chanyeol ကို မတွေ့ခင်တုန်းကဆိုရင် Fanfan arjushi သာလျှင် ကျွန်တော့်ရဲ့ ideal type ၀င်ခဲ့သည့် တစ်ဦးတည်းသော လူသား...။

"pizza က ခဏနေရင် ရောက်တော့မယ် လို့ပြောတယ်..ကဲ..ပြောတော်မူပါ..
ခင်ဗျားရဲ့ crush ကြီးနဲ့ တစ်ညတာ ကို ဘယ်လိုဘယ်ပုံပျော်ပျော်ကြီး ဖြတ်သန်းခဲ့လဲဆိုတာ.."

"ဟာ..Fanfanကလဲ..သူများကြားရင်
မဟုတ်တာ တွေ တွေးနေကြဦးမယ်..
ဘယ်နှယ့်..တစ်ညတာကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ လဲ လို့မေးနေတာတုန်း..
ကျွန်တော်တို့က ရိုးရိုးသားသားပါဗျာ..."

"အော်..ဘယ်သူကလဲ ဘာပြောနေလို့လဲ.."

ကျွန်တော့်ဆီမှာ အရင်ဘ၀က ၀ဋ်ကြွေးပါလာပုံရသည့် Fanfan arjushiသည်..
ကျွန်တော့်ကို သူ့ဆိုင်က မစ်ရှိတ်နှစ်ခွက် အလကားတိုက်ရသလို..
မကြာခင် လာပို့မည့် pizza ကိုလဲ
အလကားဝယ်ကျွေးရကာ..။
ကျွန်တော် အားရပါးရပြောပြမည့်
မနေ့ညက ကျွန်တော့်arjushi..
ကျွန်တော့်အိမ်အောက် ရောက်လာပြီး
သူ့အိမ်ကို ခေါ်ကာ အိပ်စေသည့်အကြောင်းကိုလဲ
သူ့ခမျာ နားငြီးခံပြီး နားထောင် ရပေဦးမည်...။

အားနာပေမယ့်လဲ..
ပျော်စရာ ရှိလျှင် ချစ်ခင်ရတဲ့ လူတွေကို တူတူမျှဝေပေးတတ်သည့် ကျွန်တော့်ထုံးစံအတိုင်း
မနေ့ညက crush ကြီးကြောင့် ပျော်ရွှင်ခဲ့ရသည်များကို
Sehunee ကို တစ်လုံးမကျန် ပြောပြပြီးနောက်..
အခု ညနေပိုင်းမှာ နားထောင်ရန်အလှည့် ကျလာသူကတော့ appa ရဲ့ တပည့်လည်းဖြစ်..
လူယုံလည်းဖြစ်ခဲ့သည့်..
ကျွန်တော် ငယ်ငယ်ကတည်းက ဦးလေးအရင်းတစ်ယောက်လို ချစ်ရသည့်
Fanfan arjushi ရှိရာ ကိုသာ တက်တက်ကြွကြွနဲ့ ချီတက်လာခဲ့လိုက်သည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now