Ep.6

13.1K 1K 55
                                    

Zawgyi

အခု ချိန်မှာ အခန်းထဲ ကထွက်ရအရေး
ဒို့အရေး ဖြစ်နေတဲ့ ကျွန်တော့်အဖို့..
ဆရာမ အတန်းထဲ ကထွက်သွားသည်နဲ့ ..
စားပွဲ ခုံပေါ် ခုံအောက် ပစ္စည်းတွေကို
လွယ်အိတ်ထဲ ပစ် ထည့်ကာ သိမ်းဆည်းလိုက်သည်....။

"Kim Junmyeon shi...
ခင်ဗျားနဲ့ အဲ့မျက်မှန်က အင်မတန့်အင်မတန် လိုက်တော်မူတာကြောင့်..
အပြင်ရောက်မှ ရှိုးဆက်ထုတ်ပါ..
အခုတော့ သိမ်းစရာ ရှိတာ မြန်မြန်သိမ်းပါ..
နောက် ဆရာမ ၀င်လာလို့..အခန်းထဲက ထွက်လို့မရရင်..၀ိုက်မှာနော်..."

ဘေးနားက ချစ်လှစွာသော
သူငယ်ချင်းကြီးကတော့ ဒီနေ့မှ တပ်လာတဲ့ သူ့ရဲ့ အလှ မျက်မှန်ကိုင်းလေးကို ပင့်ကာ ..
မြှောက်ကာ ဖြင့် ပဲ များနေသည်လေ...။
မျက်နှာကို မဲ့ရွဲ့ကာဖြင့်မေတ္တာပို့သလိုက်တော့မှ
သူ့စာအုပ်တွေကို အမြန် ကောက်သိမ်းနေသည်..။

တစ်ကယ်ပဲ...။
သူပဲ game သွားဆော့မယ် ဆိုပြီး အဖော်ညှိပြီးတော့...။
ပဲ..ပဲ စွတ်ဆတ်များနေတာ....။
တော်ကြာ..final yr က Yixing စီနီယာ အခန်းရှေ့က ဖြတ်လျှောက်သွားရင် ဘယ်မှ မသွားတော့ဘူး က ထပ်ဖြစ်ဦးမယ်...။
ဟိုနေ့က ဂိမ်းဆိုင်က ကောင်တွေနဲ့ ပွဲဆက်က ပြတ်သေးတာ မဟုတ်ဘူး...။
မနေ့က tutorial ဖြေရလို့သာ အရှိန်ခဏ သတ်ထားရတာကို...။
လူကို အဖော်ညှိတုန်းက ညှိပြီး
မသွားဖြစ်တော့ဘူး ဘာညာတွေ ဖြစ်လာရင်
ကျွန်တော် Byun Baekhyun လေးရဲ့ စိတ်လက်တစ်ဆစ်နဲ့ Kim Junmyeon တို့ တွေ့နေရဦးမည်...။

"Sehunee ကိုရော ဖုန်းဆက်ပြီးပြီလား..."

"ဆက်ပြီးပြီ မို့...hyung သာ မြန်မြန်လုပ်..
ဆရာမ လာတော့မယ်..ကျွန်တော်က ပြီးပြီ"

ကျောင်းလစ်ဖို့ဆိုရင် လူစုံတက်စုံ အဖော်ညှိတတ်ကြသူတို့ထုံးစံအတိုင်း
ပြေးကြည့်မှ သုံးယောက်တည်း ရှိသည့်
သူငယ်ချင်းတွေမို့..
Sehunee တစ်ယောက်တည်း အတန်းတက်ရရင် ပင်ပန်းမှာ စိုးသဖြင့်
သူ့ပါ ခေါ်ထားသည်...။

"အဲ့တာ..ဘယ်သွားကြမလို့တုန်း...
အတန်းလဲ မပြီးသေးတာကို..."

"ငါတို့ ..ဒီနေ့ကျောင်းဆင်းပြီ..."

လွယ်အိတ်ကိုယ်စီ လွယ်ပြီး
အတန်းနောက်ပေါက်ဆီ လျှောက်လှမ်းနေသော ကျွန်တော်နဲ့ Junmyeon hyung ကို
အနောက်တန်းက Lee Young က
လှမ်းသတင်းမေးနေသောကြောင့်
ပြန်ဖြေနေရသေးသည်...။

Arjussi Saranghae ! [ Completed ]Where stories live. Discover now