Ep.17

11.2K 871 30
                                    

/ Arjushi ~ saranghae.../

"ဟွန်..ငါ့ကလေးလေးလောက်လဲ..
ချစ်ဖို့မကောင်းပါဘူး..."

လက်ချောင်းနဲ့ လက်မကို ပူးကပ်ပြီး
heart sign လုပ်ပြကာ...မင်းသားကို...
ချစ်စဖွယ် ဟန်ပန်နဲ့..ချစ်စကားပြောနေသော...
မျက်ပေါက်ကျဉ်းကျဉ်းနဲ့..ဤ မင်းသမီးသည်..
သူ့ဟာနဲ့ သူဆိုရင်..ချစ်ဖို့ကောင်းသည် ဆိုပေမယ့်...။
တစ်ခါတလေမှာ...ထိုမင်းသမီး၏ ဟန်ပန်ပုံစံအတိုင်း..တစ်သွေမတိမ်း လိုက်လံ
ချွဲနွဲ့ပြောဆိုတတ်သော...
ကျွန်တော့်ကလေးလေးနဲ့ယှဉ်ပြိုင်လိုက်ရာတွင်.ကျွန်တော့်အတွက်ကတော့..
ကျွန်တော့်ကလေးလေးကသာ..ပို၍
ချစ်ဖို့ကောင်းပါသည်...။

ရီမုတ်တစ်လုံးကို..လက်က ကိုင်ထားပြီး...
အခုတလော နာမည် ကြီးနေပါသည် ဆိုသည့်..
ဇာတ်လမ်းတွဲကို..ကြည့်ရှုနေပြီး...
ခေါင်းဆောင် မင်းသမီးနဲ့..Baekhyunee ကို
လိုက်လံ နှိုင်းယှဉ်ကြည့်နေသည်ကို..
ထိုမင်းသမီး၏ fan များသာ
သိပါက..ကျွန်တော့်ကို...၀ိုင်းဘုန်းသွားကြမည့်..
အခြေအနေမှာ...ရှိသည်...။

/ arjushi ကြီး...လွမ်းတယ်လို့../

ဒီတစ်ခါ..arjushi နေတာက..
တီဗွီ ထဲက မင်းသမီးမဟုတ်ပဲ...ကျွန်တော့်ကလေးလေး ဖြစ်နေတော့...ရီမုတ်လေးအသာချကာ..
ဇာတ်လမ်းထဲ နစ်နေသည့်..
စိတ်ကို..တစ်တီတီတစ်တောင်တောင်မြည်နေ
သော...စားပွဲ ပေါ်က ဖုန်းဆီ..အာရုံပြောင်းလိုက်ရသည်....။

/ ဘာလို့ လွမ်းရပြန်တာတုန်း...စောစော လေးကမှ...date လုပ်ပြီးလို့..အိမ်ပြန်ပို့ပေးခဲ့တာလေ.../

/ ဘာဖြစ်လဲ...ကိုယ့်စိတ်နဲ့ ကိုယ်လွမ်းတာ..
မလွမ်းရဘူးလား?
တွန့်တိုတာလား..ခင်ဗျားက../

"အော်ဗျာ..ဒီကောက်စိန်ကတော့..
တကယ် ကောက်တာလဲ မဟုတ်ပဲ..
ကောက်ချင်ယောင်ဆောင်ပြန်ပါပြီ..."

သူလေး ..စောင့်နေရမှာ..စိုးရိမ်သဖြင့်
စာတိုလေးတစ်ကြောင်း...မြန်မြန်ရိုက်ပို့ပြီးသည်နှင့်...ချက်ချင်း..သူ့ဆီ က..စာတိုတစ်ကြောင်း
ထပ်ဝင်လာခဲ့သည်.....။

ညနေခင်းတစ်ခင်းလုံး...တစ်မြို့လုံးအနှံ့ လည်ပတ်ပြီးချိန်းတွေ့ခဲ့တာ...။
လွန်ခဲ့သည့်..တစ်နာရီကျော်ကျော်လောက်ကမှ
အိမ်ပြန်ပို့ပေးခဲ့တာကို...။
အခု လွမ်းနေပါသည် ဆိုတော့ကာ..
ဒါတော့..ဒင်းကလေး..နည်းနည်းအပိုတွေ ပြောနေတာပဲ....။

Arjussi Saranghae ! [ Completed ]Where stories live. Discover now