Ep.25..

11K 845 85
                                    

"မနေ့က တုန်းက သက်သေ မစုံမလင်နဲ့မို့
စွဲ ချက်မတင် နိုင်လို့ ဆိုပြီး
အခုတလော..ခေါင်းခဲ နေရတဲ့ အမှု တစ်ခုက..အဓိက သက်သေ ရလာပြီလို့
ဖုန်းဆက်လာလို့...ချက်ချင်းသွားရတာပါ..
အဲ့ဒီကနေ..အလုပ်တွေ. .
တော်တော်..ရှုပ်ပြီး..နေ့လည်ကမှ..
ပြီးလို့..ခုမှ..ကလေးဆီ..လာရတာ.."

"ဘယ်သူက..ဘာမေးနေလို့လဲ..."

နှုတ်ခမ်း လှလှတွေကို..အရှေ့ကို
တစ်တောင် လောက်ဆူထော်ပြီး
ကျွန်တော်နဲ့..
မျက်လုံး..ချင်း..ဆိုင်မကြည့်ပဲ..

ဖွင့်ထားသော..တံခါးပေါက်ကနေ..
ကားအပြင်ဘက်ဆီက..လမ်းသွား
လမ်းလာ တွေကို..ငေးကြည့်နေပါသော..
ကျွန်တော့် Baek Hyun...။

မိန်းကလေးတွေ...တစ်ခုခု..အလိုမကျလို့..
စိတ်ဆိုးစိတ်ကောက်တဲ့ ..အချိန်..
နှုတ်ခမ်းဆူထားရင်..
ကြည့်ကောင်းလား...ကြည့်မကောင်းလား
သေချာ..မသိပေမယ့်..
ကျွန်တော့်ကောင်လေး..စိတ်ကောက်
နေသည့်..ပုံလေးက..တော့..
ဆူထော်နေသည့်..နှုတ်ခမ်း
ပါးပါးကို..ဆွဲ မွချင်စရာပါ..။

ဘုကလန့်တိုက်နေလို့..ကျွန်တော်နမ်းလိုက်ရင်
ရန်ထောင်မလား စိုးရွံ့မိပေမယ့်..

ကြောက်ကြောက်နှင့်ပင်
စိတ်ထဲ မှာဖြစ်တည်နေသည့်..
ချစ်မြတ်နိုးခြင်းတွေကို..ခုတုံးလုပ်ကာဖြင့်ပဲ..
ထို နှုတ်ခမ်းပါးတွေ ဆီ...အနမ်းတစ်ခုနဲ့..
ခစားမိပြန်သည်...။

အဲ့ဒီ ကျတော့..ကောင်စုတ်ကလေးက..
ဘာမှ..မပြောလို့...တော်သေးသည်...။

မနေ့က..ကိုယ်နဲ့ နေချင်လို့..သူ့ခမျာ...
အိမ်မှာ..လာအိပ်တာကို..
တစ်ညလုံးပစ်ထားခဲ့သည့်..အပြစ်အတွက်..
ပြန်ပေးဆပ်ရမည်လေ...။
ဟုတ်တယ်ဟုတ်...။

"အဲ့ဒီ လောက်နဲ့..မရဘူး..."

သူ့နှုတ်ခမ်းပါးလေးဆီ..ထိကပ်ရုံလေး..
ရွှတ်ခနဲ..ကျွန်တော်နမ်းတော့..

နှုတ်ခမ်းထောင့်ကို..တွန့်ချိုးကာဖြင့်..
ကျွန်တော့်ကို..ငြိုငြင်စွာ..
မျက်စောင်းထိုးသည်...။

အပြင်ကို..လှည့်ငေးနေသည့်..
မျက်နှာလေးကတော့..ကျွန်တော့်ဘက်
လှည့်လာသည်..။

Arjussi Saranghae ! [ Completed ]Where stories live. Discover now