Ep.16

11.2K 915 26
                                    

မျက်လုံးအစုံကို မှိတ်ချပြီး ငါးမိနစ်လောက်ပဲဖြစ်ဖြစ်..
အိပ်စက်လိုက်ချင်ပေမယ့်...။

နှစ်ရက်တာလုံးလုံး ..အလုပ် တွေ ဆက်တိုက်လုပ်ခဲ့ရတာမို့ အိပ်ချိန်လုံလုံလောက်လောက် မရခဲ့လို့.
အိမ်က ကုတင်ပေါ်မှာ
ခြေစုံပစ်လှဲပြီး အနားယူအိပ်စက်လိုက်ချင်ပေမယ့်လို့...။
အပြစ်တစ်ခုလုပ်ခဲ့မိသည့်အတွက်
စိတ်ဆိုးတော်မူနေသည့် ရည်စားနုနုထွတ်ထွတ်လေးရဲ့ အမျက်တော်ကို
ဖြေလျှော့ရန်အလို့ငှါ...
အလုပ်ပြီးသည်နှင့် သူ့ကျောင်းရှိရာသို့သာ
ထွက်လာခဲ့လိုက်သည်...။

နောက်ထပ် ၁၀ မိနစ်လောက်ကြာရင် ပြီးလောက်တော့မည့် သူ့အတန်းချိန်ကြောင့်
အခုချိန်မှာ..မျက်ခွံတွေ သေမတတ်လေးလံ နေပါသော်လည်း...အလိုမလိုက်နိုင်ပါ...။

အခုချိန်သာ အိပ်ပျော်သွားရင် သူ ထွက်အလာကို ဘယ်လိုမှ တွေ့မှာမဟုတ်လေ..။

"ရုပ်ကလဲကွာ..မျက်တွင်းကြီးချိုင့်ပြီး
လှလဲ မလှပါလား..Park Chan yeol ရေ့..
နေဦး.."

ကားနောက်ကြည့်မှန်မှာ မြင်နေရသည့်
ဆံပင်ဖရိုဖရဲ နဲ့ မျက်တွင်းတွေ ချိုင့်နေပါသော
ကိုယ့်ပုံစံကြောင့်...။
မျက်တွင်းချိုင့်နေတာကိုတော့ အခုချိန် ဘယ်လိုမှ ပြင်လို့ မရမယ့်တူတူ
ပြင်လို့ရသည့် ဟာလေးကိုတော့
အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မည့် သန္ဓိဌာန်တစ်ခု ချကာနဲ့ပဲ....
လက်ဆွဲအိတ်ထဲ အမြဲတမ်းအသင့်ထည့်ထားတတ်သည့်
ဆံပင်ဖျန်းသော spray ဘူးလေးကို
ထုတ်ကာ...ဖွာနေသော ဆံပင်တို့ကို
သေသေ သပ်သပ် ပြန်ဖိချမိသည်...။

ိုအဲ့ကျတော့မှ...မှန်ထဲမှာ ..မြင်နေရသည့်..
အသွင်ပြောင်းလဲသွားသော ဆံပင်နဲ့
ကိုယ့်ပုံစံက..ပြန်လည်ကြည့်ကောင်းသွားသည်။

အဲ့ဒါမှ...ကျွန်တော့်အသဲလေး...။
မောမောပန်းပန်းစာသင်ပြီး ထွက်အလာမှာ..
ကျွန်တော့်ကို မြင်ပြီး အမောပြေသွားမှာ မလား....။

"ဒီအရွယ်ကြီးရောက်မှ လှချင်တယ်လို့တော့မပြောနဲ့နော်..
ဒီarjushi ကြီးက..အင်း..အမှန်တိုင်းပြောရရင်တော့..
ရည်းစားနဲ့ တွေ့ခါနီးမှာ..ဒီလို ပြင်ပြင်ဆင်ဆင်လုပ်တတ်တာ..
မင်းလေးက ဒုတိယမြောက်ပါ..
ကျန်တဲ့ လူတွေတုန်းက ကြည့်ကောင်းကောင်း
ကြည့်မကောင်းကောင်း..အိပ်ရာကနေ ကမူးရှူးထိုးထလာတဲ့ ဆံပင်ဘုတ်သိုက်ကြီးနဲ့လဲ
သွားတွေ့ဖူးခဲ့တယ်ဆိုတာ...ယုံလိုက်..
ဒါပေမယ့်
မင်းလေးကိုတော့ကိုယ့်ရဲ့အကောင်းဆုံးပုံရိပ်
တွေပဲ ပြချင်တာမို့လို့ပါ...."

Arjussi Saranghae ! [ Completed ]Where stories live. Discover now