Ep.33...

7.9K 658 37
                                    

ကားကို တရကြမ်းမောင်းနေမိသဖြင့်
တတီတီ..၀င်နေသော message များကို..
ဖွင့်မကြည့်ဖြစ်...။

message များအားလုံး..
Baby ဆိုသည့် contact လေး တစ်ခုတည်းမှ
လာနေခြင်း ဖြစ်ပေမယ့်..ပြန်ဖြေဖို့..
မစဉ်းစားတော့ပဲ...
ထို Babyလေးရှိရာ...အရောက်သွားဖို့
ပဲ..ကြိုးစားနေမိသည်...။

သူ့အဖေဘာတွေ ပြောလွှတ်လိုက်သလဲ..
သိချင်နေပုံရသည့်..ကောင်လေးက...
လွန်ခဲ့သည့်မိနစ်ပိုင်းအချို့ကပင်..
ဖုန်းနဲ့..ဆက်သွယ်..မေးမြန်းနေပါသော်
လည်း....
တမင်သက်သက်..ဖုန်းလဲ မဖြေ..
message လဲ..ပြန်မပို့...။

သူ..စိုးရိမ်နေမှာ..သိပေမယ့်..
လူချင်းတွေ့ပြီး..ပြောချင်တာကြောင့်ရယ်..

စိတ်ပူနေမည့်..ချစ်သူလေးကို..သူ့ရင်ထဲက..
အပူတွေကို..ကိုယ်တိုင်ကိုယ်ကျ...
တွေ့ပြီး..ငြှိမ်းသတ်ပေးချင်တာရယ်ကြောင့်
ချိန်းဆိုထားသည့်..နေရာကို..
မြန်မြန်ရောက်ဖို့အရေးသာ..ကားကို..
မောင်းနေမိသည်..။

ဒီအချိန်လောက်ဆိုရင်..ကောင်လေးတော့..
ကျွန်တော့်ကို..တော်တော်လေး..တင်းနေ
လောက်ပြီထင်သည်...။

ထင်ထားသည့်အတိုင်းပင်..သူတို့..အိမ်နား
မရောက်ခင်...နှစ်အိမ်သုံးအိမ်ကျော်
လောက်ကတည်းက..ကျွန်တော့်ကားမီးရောင်ကို..မြင်ပြီး...
ပြေးလာနေသော..ကောင်လေး...။

ကျွန်တော် ကားပေါ်က ဆင်းလိုက်တော့..
မြင်လိုက်ရသည့်..မျက်နှာကလေးက..
ပြိုတော့မည့်မိုးလို..။
မျက်ရည်စက်လေးတွေတောင်..တွဲလွဲခိုစ..
ပြုနေလေပြီ..။

"arjussi ကြီး...!
ဘာလို့ ဖုန်းမကိုင်တာလဲ ..!?
ဒီမှာ...သူများက..စိတ်ပူလို့..သေတော့မယ်.."

ကားပေါ်က ဆင်းဆင်းချင်း..ပျော်ရွှင်ဝမ်းသာ
မှုများနဲ့အတူ...
ချစ်သူကလေးကို..ပွေ့ဖက်လိုက်သည့်အခါ..
ငိုချင်ရက်လက်တို့ဖြစ်နေသူလေးက..
ရင်ခွင်ထဲကနေ..အတင်းထွက်ပြီး..
ကျွန်တော့်ကို..တအံ့တသြကြည့်လာခဲ့သည်..။

"appa ကဘာတွေ ပြောလိုက်လဲ..
appa ဆီ ဖုန်းဆက်မေးတော့လဲ...မင်းလူနဲ့
တွေ့မှ..မေးကြည့်ဆိုလို့..ရင်တမမ စောင့်နေတာ..
ခင်ဗျားကြီးကလဲ..ဖုန်းမကိုင်ဘူး...!
ပြော...! appa ကြီး ဘာတွေ ပြောလိုက်လဲ..
သဘောမတူဘူးတဲ့လား...!"

Arjussi Saranghae ! [ Completed ]Where stories live. Discover now