Ep.35..

7K 664 86
                                    

ပန်းရောင်နုနု..
မိုးပြာရောင်..
အဖြူ..
အမဲ..
စသဖြင့်...အရောင်စုံများကြားထဲမှ..
ဘယ်တစ်ခုကို..ရွေးချယ်ရမလဲ..
တစ်ကယ်မသိတော့...။

ကျွန်တော့်ကို..ရွေးချယ်
ခွင့်ပေးပါဟု..
လျှာရှည်ပြီးတောင်းဆိုမိခဲ့သဖြင့်..
arjussi ကလဲ...ဦးစားပေးထားသည်..။

အတူတူလိုက်လာခဲ့သည့်..Sehunee ကလဲ..
သတို့သားဆန္ဒကိုသာ..ရှေးရှူ ပါသည်ဆိုကာ..
ဘေးထွက်နေတော့..
ကျွန်တော့်မှာ..တစ်ယောက်တည်း..
ကလယ်ကလယ်နဲ့..ဟိုဟာရွေးရနိုးနိုး..
ဒီဟာ ရွေးရနိုးနိုးနဲ့..တိုင်ပတ်နေသည်..။

ဆိုင်ကအစ်မကြီးတွေ..လဲ..ကူပြီးရွေးပေးပေ
မယ့်..အဆင်မပြေ..။

ခက်တာက...အကုန်လုံးက...လိုချင်စရာ
ကောင်းနေတာမို့..
အကောင်းထဲက..အကောင်း..ဆုံးကို..
ရွေးရခက်နေ
သည်...။

နောက်ဆုံးတော့..မျက်လုံးထဲမှာ..
ကြည့်အကောင်းဆုံးလို့..ထင်ရသည့်..၀တ်စုံ
တစ်ခုကို..ရွေးချယ်နိုင်သွားသည်...။

"arjussi ဒါလေးရော..ဘယ်လိုလဲ.."

ခရမ်းပုတ်ရောင်..၀တ်စုံလေးကို..
ဆွဲထုတ်ယူလိုက်ပြီး..ချစ်သူကို..ပြလိုက်သည်..။

"အင်း..လှတယ်..မဆိုးဘူး.."

"ကျစ်..!
ဘာကို..မဆိုးဘူးလဲ..သေချာလဲ..မကြည့်ပဲနဲ့..
ခင်ဗျားနော်...မင်္ဂလာဆောင်ဖို့အကျီင်္လာရွေး
နေတာနော်..
အိမ်မှာ..၀တ်ဖို့..အကျီင်္လာဝယ်နေတာမဟုတ်ဘူး
စိတ်ပါ..လက်ပါလုပ်...!"

ဆိုင်ထဲ..ဟိုကြည့်ဒီကြည့်လုပ်နေရာကနေ..
ကျွန်တော်ပြနေတဲ့..၀တ်စုံကို..
မျက်လုံးနဲ့..တစ်ချက်သာ..စွေကြည့်ကာ..
ထောက်ခံနေတော့..
နည်းနည်းတော့..အသည်းပေါက်သွားသည်..။

ဘယ်နှယ့်..ဒီမှာက..အသေအချာရွေးချယ်
နေတာကို..
သူကတော့ဖြင့်..ကလေးသဘောဆိုသည့်..
စကားကို..အာဂုံဆောင်ပြီး..
အလေးအနက်လဲမထားဘူး..။

တစ်ကယ်..စိတ်တိုမိတယ်...။

ဒါပေမယ့်လဲ..အမြဲတမ်းဆင်ခြေဆင်လက်
ပေးတတ်တဲ့..လူကြီးရဲ့..စကားတွေထဲမှာပဲ..
ကျွန်တော့်စိတ်တွေ..အရည်ပျော်ကျ..
သွားခဲ့ရပြန်သည်..။

Arjussi Saranghae ! [ Completed ]Where stories live. Discover now