ကျွန်တော်ငယ်ငယ်က..omma ပြောနေကျ..
စကားတစ်ခွန်းရှိသည်..။သူနဲ့ appa ညားခါစ...
အိမ်ကနေ..သုံးမှတ်တိုင်လောက်ပဲ..ဝေးတဲ့..
နေရာမှာ...အလုပ်လုပ်တဲ့..appaဆီ..
နေ့လည်စာ..ထမင်းချိုင့်..သွားပို့..
ညနေ..appa အလုပ်ပြီးတဲ့အထိ..စောင့်ပြီး
အိမ်ကိုတူတူ..ပြန်လာခဲ့ရသည့်..အချိန်တွေဟာ
ဘာနဲ့မှ..မလဲနိုင်လောက်အောင်..
ပျော်ရွှင်ဖွယ်..အတိပြီးပါသည်တဲ့...။အခု..ကျွန်တော်လဲ..omma..ပြောသလို..
ခံစားနေရတယ်ပြောရမလား...။နောက်ထပ်..ရက်အနည်းငယ်လောက်ဆိုရင်..
ကျွန်တော့်ရဲ့..တရားဝင်..လင်ယောက်ျား..
ဖြစ်လာတော့မယ့်..arjussi ကြီးဆီ..
နေ့လည်စာ..ထမင်းဘူးလေး..
လုပ်ပြီး..
သူ့ရုံးကို..လာပို့ရတဲ့..ခံစားချက်က..
ဘယ်လိုပြောရမလဲ..။အဟင်း...။
ကိုယ်တစ်ကယ်ချစ်ရတဲ့လူနဲ့..ချစ်သူရည်းစား
ဖြစ်ဖူးတဲ့သူတွေ ဆိုရင်...သိပါတယ်..။
အဲ့ဒီလိုမျိုးခံစားချက်က..
ဘယ်လောက်တောင်မှ..
ပျော်ဖို့ကောင်းလဲဆိုရင်..
လမ်းလျှောက်တာတောင်မှ..ခြေထောက်နဲ့..
မြေကြီး..မထိချင်ဘူး..။
မြောက်ကြွ..မြောက်ကြွနဲ့ဗျ...။မနေ့ကထဲက..ကိုယ်တိုင်ဈေးသွား..
ချက်ပြုတ်စရာတွေ..၀ယ်လာပြီး..
ဒီနေ့မနက်အစောကြီး..ထကာ..
ချစ်ရသူကြီး..ခံတွင်းမြိန်စေဖို့..ဆိုပြီး..
omma ဆီမှာ..တပည့်ခံကာ..
အားလုံးကို..ကိုယ့်လက်ကိုယ်ခြေ..
ချက်ပြုတ်ပြင်ဆင်ခဲ့သည်...။ထမင်းဘူး..အ၀ါရောင်လေးကို..
ကိုင်ပြီး..သူရှိနေသည့်..နေရာသို့..
အရောက်လှမ်းနေမိသည့်..
ကျွန်တော့်ခြေလှမ်းတွေ..သွက်လက်သည်
ထက်ကို..ပိုနေမိသည်...။တစ်ခါတစ်ခါ...ဘယ်ဘက်လက်သူကြွယ်
မှာ..သူကိုယ်တိုင်ဝတ်ပေးခဲ့သည့်..
လက်စွပ်လေးကို..ကြည့်ပြီး..
ပြုံးမိပြန်သည်...။လမ်းလျှောက်နေရင်း...တစ်ယောက်တည်း..
ပြုံးလိုက်..ရယ်လိုက်..လုပ်နေသည့်..
ကျွန်တော့်ကို..လမ်းသွားလမ်းလာတွေက..
ဘယ်လိုထင်နေကြမလဲတော့မသိ..။
ဒါပေမယ့်..ဂရုမစိုက်ပါ..။
အချစ်သာရှိနေရင်..အရူးလို့အထင်ခံရလဲ
ကျေကျေနပ်နပ်ကြီး..အထင်ခံနိုင်သည်လေ..။