Secret 😉

5.8K 443 77
                                    


အဟဲ secretလေးတစ်ခုပြောပြချင်လို့ပါ

ပြောသင့်မပြောသင့်စဉ်းစားနေတာနဲ့
fic လဲ တစ်ဖြည်းဖြည်းပြီးခါနီးရောက်လာပြီမို့
ပြောလိုက်ပါမယ်လေ ဆိုပြီး😁

Doctor ဖတ်ဖူးတဲ့ reader-nim တွေဆို
သိပါတယ် ..

အဲ့တုန်းကလဲ အဲ့fic ရေးဖို့ motivation
ဘယ်ကနေရခဲ့လဲဆိုတာ ပြောပြဖူးတာလေး😍

အခု ဒီ arjussi saranghae လေးမှာလဲ
ရေးချင်စိတ်ပေါက်လာခဲ့တဲ့ အကြောင်း
လေးရှိခဲ့တယ်ရှင့် 😁😁😅

အထူးအဆန်းတော့မဟုတ်ပါဘူး

ဒီထဲက Baek Hyunee လိုပဲ
တို့လဲ arjussi တစ်ယောက်ကို crushမိရာက
နေစပြီး ဒီfic ရေးဖို့စိတ်ကူးပေါက်လာတာ
ပေါ့နော် ဟိဟိ😁😁

ဒါမဲ့ Hyunee လိုတော့ တစ်ကယ် crush
သွားတာမဟုတ်ပါဘူး..

ကျမက အဲ့arjussi ကြီးကို တစ်ရက်ပဲ crush
တာပါ 😁😁😁
အဲ့ဒီနေ့တုန်းက အိပ်ရာမနိုးသေးတဲ့
ကျမကို အဖေက နှိုးပြီး
ဟိုဘက်ရပ်ကွက်မှာနေတဲ့ အဲ့ဒီ arjussi အိမ်ကို
ထမင်းစားသွားဖိတ်ခိုင်းတယ်ရှင့် 😁😁
ရွာက သူ့အစ်မရယ် အဖေရယ် လဲပါတာပေါ့

ဒီမှာတော့ Yoora unnie ကြီးရယ်
သူ့သမီးလေးရယ် အစားထိုးထားတာပေါ့..။

အဲ့ဒီ arjussiကြီးက ကျမအဖေနဲ့သူငယ်ချင်းတွေပဲ
အသက်ကတော့ ဆယ်နှစ်လောက်ကွာတာပေါ့

ဒီထဲကလိုပဲ အဲ့ဒီarjussi နာမည် အဖေတို့
ပြောတာ ကြားဖူးပေမယ့် ဒီလောက်ကြည့်ကောင်းမယ်မထင်ခဲ့ဘူး😞
အဟဲ အဲ့ထမင်းစားသွားဖိတ်တဲ့နေ့ကဆိုရင်
အိပ်ရာစောစောထခိုင်းလို့ဆိုပြီး ဘူနေတာ
အဲ့arjussiနဲ့တွေ့တော့ လူက မျက်လုံးတွေ
ဘလင်းဘလင်းထသွားတာ ဟိဟိဟိ😁😁😁😁

ပြန်စဉ်းစားရင် ခုထိတောင် ပီတိဖြာတယ် 😁😁

Park Chan Yeolကြီးလောက်တော့ ကြည့်
မကောင်းပေမယ့်
သူ့ဘာသူတော့ ကြည့်ကောင်းတဲ့ arjussi
ကြီးပါ 😍😍
အသားဖြူဖြူ
ဒေါင်ကောင်းကောင်းနဲ့
singaporeမှာ အလုပ်လုပ်တာဆိုလား
အခုက ဒီကို ခဏပြန်လာတာတဲ့ 😥
အဲ့တာကြောင့်အရင်က မတွေ့ဖူးတာ...

အဟဲ..ထားပါတော့..အဲ့ဒါက..။

အဲ့ဒီလိုမျိုး ချောချောလှလှarjussiကြီး
တစ်ယောက်ကို တွေ့ရှိပြီးတဲ့သကာလ..
ငါတော့fic တစ်ပုဒ်ရပြီဆိုပြီး
နောက်နေ့မကူးပဲ ဒီ arjussi saranghae ကို
P.1 ရေးခဲ့တာ...။

P.1 ကိုပဲ တို့ကြုံခဲ့ရတာလေးကို ဆက်စပ်ရေးလိုက်တာ..။
ကျန်တာတော့ C နဲ့ Bကိုပဲ စိတ်ထဲ ထည့်ရေး
တာပါ..။
အခု အဲ့arjussiကြီးကို လမ်းမှာ တွေ့ရင်
တောင်မှတ်မိတော့မှာ မဟုတ်လို့
ကိုယ်ဖြစ်ချင်တာတွေ ဇွတ်ဆတ်ရေးတယ်
လို့ မထင်နဲ့နော် 😭

ပြီးတော့ ကိုယ်အရူးထပြီး ရေးခဲ့တာကို
readerတို့က သဘောကျပေးတာမြင်ရတော့
တစ်ကယ်ပျော်တယ် ကွယ် 😍😍😍😍

Doctorတုန်းကလဲ ဆရာဝန်oppa ချောချောလေးကို ငမ်းလာပြီးသကာလ
အရူးထရေးသမျှကို ဖတ်ပေးကြတယ် 😍

အခုfic လေးကိုလဲ ဖတ်ပေးကြတယ် 😍

တစ်ကယ် အရမ်းကိုပျော်ပါတယ် 😍

နောက်ထပ်လဲ အပြင်က ကြုံခဲ့ရတဲ့ တစ်ရက်တာ
အတွေ့အကြုံကို အရင်းခံပြီး
fic တစ်ပုဒ်ရေးဖို့ ရှိသေးတယ် 😌😌

ဒါကတော့ မကြာမီလာမည် မျှော်ပေါ့နော် 😌

လောလောဆယ်

Shades လေးကို အရင်အားထည့်ရေးလိုက်
ဦးမယ်
အဲ့ဒါလေးကိုလဲ ဖတ်ပေးကြပါဦးလို့
ပြောရင်း
ဒီsecretလေးကို တစ်ခန်းရပ်ပြီး
မနက်ဖြန် အပိုင်းသစ် upနိင်ဖို့အတွက်
fic သွားရေးလိုက်ပါဦးမယ်လို့ 😘😘😘😍😍

ချစ်တယ် အားလုံးကို ❤

Arjussi Saranghae ! [ Completed ]Where stories live. Discover now