လွန်ခဲ့သော..စက္ကန့်ပိုင်းကလေး..အထိ..
အရာရာ..အဆင်ပြေနေခဲ့ပါရက်...
ရုတ်တရက်..ပြောင်းလဲ သွားခဲ့သော..
အခြေအနေတွင်..မျက်လုံးရှေ့က..
ပုံရိပ်ကလေး..လှစ်ခနဲ ..
ပျောက်ကွယ်..သွားလေ..သည်...။မျက်ရည်စက်တွေ...တစ်နင့်တပိုးနဲ့...
ဘာဖြစ်လို့များ..ပြေးထွက်သွားရတာလဲကွာ...။"Chan Yeol..မြေး...ဘာလုပ်နေတာလဲ..
လိုက်သွားလေ..မြန်မြန်.."အဘွားက..သတိပေးလာခဲ့တော့...မှ...
ခြေထောက်တွေမှာ..သတိကပ်ပြီး..
သူ့နောက်ကို..လိုက်ဖို့..အလုပ်ပေးလိုက်သည်...။ကျွန်တော်...မှားခဲ့..ပြီထင်သည်...။
နောက်ဆုံးလူ..အဖြစ်..ဒီကလေးနဲ့..
တွေ့ဆုံရမယ်..ကိုသာ..ကြိုသိခဲ့ရင်..
ကျွန်တော့်..နှလုံးသားကို..
သူ့တစ်ယောက်တည်း..ပိုင်ဆိုင်ဖို့ရာ..
အဖြူစင်ဆုံး..ထားခဲ့..မိ..မှာ..။အခုတော့..အနာဂတ်ကို..ကြိုမသိနိုင်တဲ့..
လောက..သဘာဝ..တွေကြောင့်..
သူ့အပေါ်မှာ..အားနာစရာတွေ..ဖြစ်ခဲ့ရပြီ...။Nayeon..လေးကိုလဲ..အပြစ်..မတင်ရက်ပါ
လေ..။
ခမျာ...ကလေးငယ်လေးဆိုတော့..
ဒီစကားပြောလိုက်ရင်..ဘာတွေ
ဖြစ်သွားမလဲဆိုတာ
သူမှ..မသိရှာတာ...။"ကလေး..! ကလေးလေး...
ကိုယ်..ပြောပြပါရစေ..ဟင့်အင်း..
ကိုယ်..ရှင်းပြပါရစေ..."လမ်းကြောတွေလဲ..မသိပါပဲနဲ့..
ခြေဦးတည့်ရာ..ထွက်လာပုံရသည့်..
ကောင်လေးကို..အဘွားတို့..အိမ်ရှိသည့်..
လမ်းမကြီး...ဆုံးခါနီးမှ..လိုက်လို့..
မှီသွားသည်...။ခြေလှမ်းသေးသေးတွေက..ဒီနေ့ကျမှ..
မြန်နေသလို...။အနောက်ကနေ..လက်ကလေးကို..လှမ်းဆွဲ
၍..တားလိုက်သော်လည်း..ရုန်းနေသော
ကြောင့်..ခြေလှမ်းတွေကို...အရှိန်မြှင့်လိုက်ပြီး
အရှေ့က..နေ..ပိတ်ရပ်ကာ..
တားဆီးလိုက်သည်...။နေပူပူ..ထဲမှာ..ဘာဖြစ်လို့များ..
အပင်ပန်းခံ..ပြီး..ပြေးလွှားနေရသလဲ..ကွာ...။မင်း..၀မ်းနည်းသွားတယ်..ဆိုရင်တောင်..
ဒီလူ့ရင်ထဲမှာ..အခု..မင်းတစ်ယောက်တည်းက
သာ..အရေးအပါဆုံး...လူဖြစ်နေပြီဆိုတာ..
မင်းယုံကြည်အောင်..ထပ်ပြီး...
ပြောပြမှာမို့...ကျေးဇူးပြုပြီး..
မနာကျင်ပါနဲ့လား...။