Ep.18..**

15.3K 919 24
                                    

အရှိန်မှန်မှန် စီးဆင်းနေကြသော..
ရေစက် များနှင့်..ကမ်းခြေတစ်လျှောက်မှာ.. ထွန်းလင်းထားသည့်..မီးရောင် အနည်းငယ်ရယ်....။

ပြီးတော့....ရေပြင်အလယ်လောက်မှာ တည်ရှိနေသည့်..
ကျွန်းလေးတစ်ကျွန်းဆီကနေ...
ဖြာထွက်နေသော
မီးအလင်းရောင် မှိန်မှိန်ဝါးဝါးကလွဲရင်...
ကျန်သည့် နေရာ များမှာ...အမှောင်ထုများ ကြီးစိုးနေသည်...။

ကောင်းကင်ပြင်တွင်တော့....လမင်း တစ်ခြမ်းစောင်းလေးရယ်...။
ကြယ်လေး နှစ်လုံး သုံးလုံးလေးရယ်ကတော့
ဖြိုးဖြိုးဖြောက်ဖြောက်ထွန်းလင်းနေကြသည်..။

ကမ်းခြေတစ်လျှောက်တွင်လည်း...
သက်ရှိဆိုလို့...ကျွန်တော်နဲ့ သူနဲ့ နှစ်ယောက်တည်းသာ ..ရှိနေသည်....။

အင်းပေါ့လေ...။
မနက် နှစ်နာရီ ကျော်ကျော် အချိန်ကြီးမှာ..
ဘယ်သူကများ...ကမ်းခြေမှာ လမ်းလျှောက်ထွက်နေပါ့မလဲ...။
ဟုတ်တယ်မလား....။

နားနေခန်းလေး..တစ်ခုပဲ ဖြစ်ဖြစ် သွားငှါးကြရအောင် ဆိုတော့လဲ....
မနက်နေထွက်တာ ကြည့်ပြီးရင်...
ပြန်တော့မှာမို့လို့..မငှါးပါနဲ့ ဆိုပြီး..အတင်းတားထားသည်လေ....။

ပြီးတော့ကာ...။

အခုနကပဲ...မျက်လုံးတွေ ဖွင့်မရလောက်အောင်...အရမ်းအိပ်ချင်နေပါ
သည် ဆိုသည့်လူက...အခုများကျတော့...
ကျွန်တော် လိုချင်တာ...ဒီလိုမျိုးလေး..
ကျွန်တော်နဲ့ arjushi ကြီးနှစ်ယောက်ထဲ..
ဘယ်သူမှ မရှိတဲ့
ကမ်းခြေအစပ်နားလေးမှာ...
လေလေးတဖြူးဖြူးနဲ့...နေချင်တာ...။
အခုတော့ အားလုံးကွက်တိဖြစ်နေတာမို့..
ပျော်နေပါသည် တဲ့...။

အံ့သြပါရဲ့ ဗျာ...။

အေးအေးဆေးဆေး နေချင်တယ်ဆိုရင်လဲ...
ဒီကို ညနေလောက်ကတည်းက..လာပြီး...
ညပိုင်း..ကမ်းခြေမှာ လူပါးတဲ့ အချိန်ကျရင်..
ထွက်ထိုင်လဲ ရပါရက်သားနဲ့...။
ဒီလိုမျိုး..ညကြီး သန်းခေါင်မှာ...
ကိုယ့်အိမ်မှာကိုယ် အေးအေးလူလူ အိပ်တော့မယ့်လူကို...မရ အရ ဆွဲခေါ်လာပြီး...
နှစ်နာရီကျော်လောက်ကြီး..
ကားမောင်းခိုင်းပြီးတော့...
ညကြီးမှောင်မှောင်မှာ...
ကမ်းခြေအစပ်မှာ...ချမ်းက ချမ်းနဲ့ ထိုင်ခိုင်းထားတာ...တော်ရုံတန်ရုံ..အကျင့်ပုတ်တာလား....။

Arjussi Saranghae ! [ Completed ]Where stories live. Discover now