???? အပိုင်း ၂ ????

7.3K 413 5
                                    

" ဘယ်​လိုလဲ ဆက်​... ဒီတစ်​လအဆင့်​နှစ်​ဖြစ်​သွားပါလား... ဒီ​လောက်​စာ​တွေကျက်​ထားရက်​နဲ့ ဘယ်​​နေရာ​တွေ သျှမ်းခဲ့လဲ ​ပြောစမ်းပါဦး ''

ကျောင်းက​ပေးလိုက်​သည့်​ Report card ကိုကိုင်​ကာ ​ဒေါသကြီး​နေသည့်​ ​မေ​မေ​ဒေါ်မိမိတာ...

ဆက်​ က​တော့ ​ခေါင်းငုံကာ​ကြောက်​​နေရရှာသည်​ ။ စာနှင့်​ပတ်​သတ်​လျှင်​ တင်းကြပ်​လွန်းလှ​သော မိဘနှစ်​ပါး​ကြောင့်​ သူများ​တွေ စာ​မေးပွဲ​အောင်​လို့​ပျော်​​နေချိန်​ ဆက်​ မှာ အဆင့်​နှစ်​ဖြစ်​သွားသဖြင့်​အဆူခံ​နေရသည်​။

" မ​ဖြေခင်​ ​မေးတုန်းကအကုန်​ရတယ်​လို့မ​ဖြေခဲ့ဘူးလား... ဒါဆို ဘာလို့အဆင့်​နှစ်​ဖြစ်​ရသလဲ ''

အ​ဖြေမရှိ ။ သူမကိုယ်​တိုင်​လည်း မသိ။

ကိုယ်​ကိုယ်​တိုင်​​တောင်​မသိ​သော... ​ဖြေရခက်​​သော​မေးခွန်း​တွေကို ဆက်​ မုန်းသည်​ ။

" ​ဖေ​ဖေ​ပြောမယ်​သမီး... ​လောကမှာလူ​တွေက ပထမ​နေရာကလူကိုဘဲမှတ်​မိတတ်​ကြတာ...
ဒုတိယ​နေရာဆိုတာ ရိုင်းရိုင်း​ပြောရရင်​ နာမည်​ကြီးထမင်းငတ်​ဘဝဘဲ... ​ဖေ​ဖေဆိုလိုတာကို သမီးသ​ဘော​ပေါက်​မှာပါ...''

အဆူခံ​နေရသည့်​ ကိစ္စကြီးသည်​​ဖေ​ဖေ၏စကားသံနှင့်​ အဆုံးသတ်​သွားသည်​။

" အခုအ​ပေါ်တက်​ ​ရေချိုးပြီးစာလုပ်​​တော့... ထမင်းစားချိန်​ကျရင်​လာ​ခေါ်မယ်​... ပထမ​နေရာကိုပြန်​မယူနိုင်​မချင်း အရင်​လို ​ဆော့ဖို့ ၊ကစားဖို့၊ အ​လေလိုက်​ချိန်​​တွေမရှိပါ​စေနဲ့​တော့... ''

နောက်​ဆုံး​တော့လဲ သူဘာ​ပြောနိုင်​မလဲ...

" ဟုတ်​ကဲ့ပါ ​ဖေ​ဖေ '' ​ပေါ့...

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ရေချိုးပြီး ည​နေငါးနာရီမထိုးခင်​ကတည်းက စာထိုင်​လုပ်​​နေရ၍ ဆက်​ ခါး​တွေ​ညောင်းလာသည်​။ နာရီကိုကြည့်​လိုက်​​တော့ ​ခြောက်​နာရီခွဲ...

အ​ညောင်းအညာ​ဖြေဖို့ စာကြည့်​စားပွဲမှထလိုက်​ပြီး ပြတင်း​ပေါက်​မှတိုးဝင်​လာ​သော​လေကို တစ်​ဝကြီးရှူရှိုက်​ပစ်​လိုက်​သည်​ ။

ပျောက်ကွယ်ခဲ့သော... Z+UOnde histórias criam vida. Descubra agora