🌺 အပိုင်း ၄ 🌺

5.8K 396 5
                                    

" ဟုတ်​တယ်​​မောင်​... က​လေးကို​ရော မိဘ​တွေကို​ရောထားခဲ့ပြီး ​မောင့်​​နောက်​ကိုလိုက်​မှာပါ... ''

အသံ... ဖုန်း​ပြောသံ... အတိအကျ​ပြောရလျှင်​ ဆက်​ ​မေ​မေ​ဒေါ်မိမိတာ၏ ဖုန်း​ပြော​နေသံ...

အိမ်​​ထောင့်​ချိုး​လေးက​နေ ဆက်​အသာကွယ်​ပြီးနား​ထောင်​​နေမိသည်​ ။ ​မေ​မေက ကိုယ့်​ကိုထားခဲ့ပြီး သူ့လူ​နောက်​ကိုလိုက်​သွားမှာဆိုပါ့လား...

" ​မောင်​ ဒါဆိုရင်​ ​တွေ့​နေကျ​နေရာမှာ​တွေ့မယ်​​နော်​... ''

" ဒါဘဲ​နော်​..  ချစ်​တယ်​​မောင်​... ''

ဖုန်း​ပြောအပြီး ​မေ​မေကလှည့်​ထွက်​သွားသည်​ ။
ဆက်​ အချိန်​မီကွယ်​လိုက်​နိုင်​၍ ဆက်​ကိုမမြင်​လိုက်​...။

သို့​သော်​ ရင်​ဘတ်​ထဲက ​အောင့်​တက်​လာသည်​ ။ ပြည့်​ကျပ်​​နေပြီး လုံးဝကိုဖွင့်​ထုတ်​ပစ်​ချင်​​သောခံစားချက်​က သိပ်​ကိုမွန်းကျပ်​လွန်းသည်​ ။
မျက်​ရည်​တို့ကလည်း မဖိတ်​​ခေါ်ပါဘဲနှင့်​ ပါးပြင်​​ပေါ်စီးကျလာကြသည်​ ။

အိမ်​ပြတင်း​ပေါက်​က​နေ အထဲကိုကြည့်​လိုက်​​တော့ ဧည့်​ခန်းထဲက dream bed ​ပေါ်မှာ ပက်​လက်​က​လေး ​ဖေ​ဖေ... ။ ​ဘေးမှာ ဘွားက လက်​က​လေး​တွေကို နှိပ်​​ပေး​နေသည်​ ။ ​ဖေ​ဖေလည်း သတိထားမိပါသည်​ ။ သူ့မိန်းမ မူပျက်​​နေသည်​ဆိုတာကို....

တစ်​လ​ကျော်​ ၊ နှစ်​လအတွင်းမှာ ​ဖေ​ဖေသည်​မမှတ်​မိနိုင်​​လောက်​​အောင်​ ပိန်​ကျသွားသည်​ ။ အလုပ်​လည်းမသွားနိုင်​ ။ ​တွေ့လိုက်​ရလျှင်​ အမြဲပက်​လက်​က​လေး... ။

မဖြစ်​... ။ ဒီလိုမျိုး ဘာမှမသိသလို​နေဖို့​တော့မဖြစ်​​တော့...။ ဆက်​ တစ်​ခုခု​တော့လုပ်​မှဖြစ်​မည်​ ။
ဖေ​ဖေ့အတွက်​ နည်းနည်း​လေးဘဲဖြစ်​ဖြစ်​.........








                       🌺 ​ပျောက်​ကွယ်​ခဲ့​သော 🌺

" ​သေချာရဲ့လား ငါ့​မြေးရယ်​... မိမိက အဲ့လိုလုပ်​မယ့်​သူလား.. ဘွားမယုံပါဘူး​အေ ''

ဆက်​ စုံစမ်းရရှိထား​သော ဖုန်းနံပါတ်​ကို ဘွားကိုပြကာ အဖြစ်​မှန်​​တွေကို​ပြောပြလိုက်​မိသည်​ ။ ​မေ​မေက သူ့ဖုန်းကို passward ခံမထား၍သာ ဆက်​ဒီလိုလွယ်​လွယ်​နဲ့ရခဲ့ခြင်းဖြစ်​သည်​ ။ ပြီး​တော့ ပို၍​သေချာ​သောသက်​​သေ​တွေက ​မေ​မေနှင့်​ ထိုလူပို့ထား​သော message ​တွေ...

ပျောက်ကွယ်ခဲ့သော... Z+UWhere stories live. Discover now