🌺 အပိုင်း ၁၀ 🌺

5.2K 386 10
                                    

" ချမ်း... ''

သူမနှုတ်​က​နေ အမည်​နာမတစ်​ခုကို ရွတ်​ဆိုမိသွားသည်​ ။ ထို​နောက်​​ကျောပိုင်​ရှင်​သည်​ သူမရင်းနှီးခဲ့ဖူး​သော တစ်​စုံတစ်​​ယောက်​နှင့်​ဆင်​တူ​နေ၏ ။ ဆံပင်​ရှည်​​လေး​တွေကလွဲရင်​ မြန်​မာဝတ်​စုံ​လေး​ရော... ခန္ဓာကိုယ်​သွယ်​သွယ်​​လေး​ရောက..
သေချာပါသည်​... ။

" ချမ်းမြမြကို... ''

နာမည်​ကိုအပြည့်​အစုံ​ခေါ်လိုက်​​တော့မှ သူမက လှည့်​ကြည့်​လာ၏ ။ သူမ၏ ချမ်း... ။ နဖူး​ပေါ် မျက်​ခုံးနားထိ ဆံနွယ်​​လေး​တွေ...။ မျက်​ခုံးတန်းတန်း​လေး​တွေ ၊ နှာတံစင်းစင်း​လေး နှုတ်​ခမ်းဖူးဖူး​လေးနှင့်​  ... သူမ၏ ချမ်း ။

ဆက်​ သတိလက်​လွတ်​​ငေးကြည့်​​နေမိသည်​ ။ မကြာ​သေးမီအချိန်​ကအထိ ရင်​ဘတ်​ထဲမှာ အစိုင်​အခဲ​ပေါင်းများစွာနှင့်​ မုန်းတီး​နေသည်​ဟုထင်​ခဲ့ရ​သော ချမ်းကို အခုလိုမြင်​လိုက်​ရပြန်​​တော့ သူမရင်​ထဲမှာမုန်းတီးမှုက ဗလာနတ္ထိ ။

" နင့်​အသိလား ချမ်း...''

သူမ​ဘေးက အစ်​မနှစ်​​ယောက်​ထဲက တစ်​​ယောက်​က​မေးလိုက်​ခြင်း ။ သို့​သော်​ ဆက်​ ​ဒေါသမျက်​လုံးများဖြင့်​ ပြန်​ကြည့်​​နေမိသည်​ ။ ချမ်း ချမ်းတဲ့လား ။ အရင်​က ဆက်​တစ်​​ယောက်​ဘဲ ဒီနာမည်​ကို ​ခေါ်​စေရမယ်​ဆို ။ အခု​တော့ သူငယ်​ချင်း​တွေကအစ အဲ့လို​ခေါ်​နေပြီ​ပေါ့ ။ ဟုတ်​သလား ချမ်း ။

သူမရင်​ထဲမှာ ​မေးစရာ​တွေအများကြီးရှိသည်​ ။ ​မေးလည်း​မေးချင်​သည်​ ။ သို့​သော်​ ချမ်းကအခုထိ သူမကို​ကြောင်​ကြည့်​​နေတုန်း ။ မမှတ်​မိတာလား...
မဖြစ်​နိုင်​တာ.... ။ ငါဘယ်​​လောက်​မှရုပ်​​ပြောင်းမသွားဘဲနဲ့... ။

" ဘယ်​သူလဲ မသိဘူး... ''

နောက်​ဆုံး​တော့ သူမဆီက စကားသံကြားရသည်​ ။ သို့​သော်​ နား​ထောင်​၍​ကောင်း​သော စကား​တော့ မဟုတ်​ခဲ့ ။

" ဆက်​ ကို မသိဘူးလား ချမ်း ''

မယုံကြည်​နိုင်​စွာဘဲ ​ရေရွတ်​မိသည်​ ။ သူမ​ခေါ်​နေကျနာမည်​​လေး​ပြောတာ​တောင်​ မမှတ်​မိဘူးဆိုရင်​ ချမ်းသိပ်​ကိုလွန်​သွား​လေပြီ ။ နှစ်​တိုတို​လေးအတွင်းမှာ လူတစ်​​ယောက်​ကို ​မေ့ပစ်​နိုင်​ဖို့ဆိုတာ လွယ်​တဲ့ကိစ္စမှမဟုတ်​တာ... ။ ပြီး​တော့ သူတို့နှစ်​​ယောက်​သည်​ သိပ်​ချစ်​ခဲ့ကြ​သော လူသားနှစ်​ဦးမဟုတ်​ပါလား ။

ပျောက်ကွယ်ခဲ့သော... Z+UDonde viven las historias. Descúbrelo ahora