" ဆက်ကို စိတ်မချဘူး... ''" ဟင် ဘာလို့လဲ... ''
" ဆက်က ကျောင်းမှာ Queen လေ... ''
" အဲ့ဒါနဲ့ဘာဆိုင်လဲ ချမ်းရဲ့... ''
ချမ်း သူမရင်ခွင်ထဲကနေခေါင်းလေးမော့ကာ မေးဖျားလေးကိုမထိတထိနမ်းလိုက်သည် ။
အခု ချမ်းကဆက်တို့အိမ်ကိုရောက်နေခြင်းဖြစ်သည် ။ ချမ်းတို့အရင်နေခဲ့သောအိမ်ကလေးကို မိသားစုလိုက်ပြန်ပြောင်းလာကြတော့ ဆက်နဲ့ချမ်းကအိမ်နီးချင်းပြန်ဖြစ်သွားပြန်သည် ။ အရာအားလုံးသည် သူမတို့ဘက်မှာရှိနေသလို အစီအစဉ်ကျလျှက် ။" Queen ဆိုတော့ ကျောင်းကကောင်လေးတွေက လိုက်ကြမှာပေါ့... ''
" အို လိုက်လိုက်ပေါ့... ဆက်ချစ်တာချမ်းတစ်ယောက်ထဲဘဲကို... ''
" ဒါပေမယ့် သူများတွေလာကြိုက်နေတာကိုဘဲ မကြိုက်တာကွာ...''
နှုတ်ခမ်းတထော်ထော်ဖြင့်ပြောနေသော လူကြီးပေါက်စကိုကြည့်ရင်း ဆက်ပြုံးမိသည် ။
" ဒါဖြင့် ချမ်းကိုရော ကြိုက်တဲ့သူမရှိဘူးတဲ့လား ဆက်ကရော အဲ့ဒါကိုကြိုက်တယ်လို့ထင်နေသလား... ပြောပါဦးဒေါ်ချမ်းမြမြကို... ''
" ဟာ... ဒါတော့ သူတို့ဘာသာကြိုက်တာဘဲ ချမ်းကလာကြိုက်ပါ လာကြိုက်ပါပြောနေတာလည်းမဟုတ် ''
" အဟင်း... ကျွန်မက အဲ့ဒါကိုကျတော့ ကြည်ကြည်ဖြူဖြူနဲ့ လက်ပိုက်ကြည့်နေရမယ်ပေါ့... ဟုတ်စ ''
" ဆက်နော် ... ကတ်သတ်မပြောနဲ့... ''
ရပြီ... သူမရဲ့ ဆက်နော်... ဆိုတဲ့ အသံလေးအောက်မှာတင် ပတ္တမြားဆက်တို့ အချိုလွန်ပြီးသေလို့ရပြီ ။ မြတ်နိုးသည် ။ ချစ်တာထက်ပိုသည် ။ အရာအားလုံးကို ပုံအပ်ပြီး မြတ်နိုးချင်သည် ။ သက်ဆက်နှင်းချင်သည် ။
အချစ်ဆိုတာဘာလဲ လို့မေးရင် ဆက်ဖြေနိုင်မည်မဟုတ် ။ ငါအချစ်ဆိုတာကိုမသိဘူး ။ ချမ်းမြမြကို ကိုဘဲချစ်တာဟု ဖြေဖြစ်လိမ့်မည် ။ သူများတွေလို အလင်္ကာအမျိုးမျိုးဖြင့် သူမ၏အချစ်ကို မဖွဲ့နွဲ့ချင် ။ သူမ၏အချစ်သည် ချမ်းမြမြကိုသာဖြစ်သောကြောင့် ။