ချမ်း မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်က အဖြူရောင်မျက်နှာကျက်တစ်ခုသာ ။တစ်ဆက်ထဲမှာသတိရမိတာက မနေ့ကသူမကားဖြင့်အတိုက်ခံခဲ့ရသည် ။ သူမသတိမေ့မသွားခင်အထိ ချမ်း၏အလန့်တကြားအော်သံလိုလို ကြားလိုက်ရသေးသည် ။ သွေးလန့်၍များကြားချင်ရာကြားမိနေသလား ။ အဲ့ဒိနေ့က သူမတို့အိမ်ကနေ ချမ်းကစိတ်ကောက်ပြီးပြန်သွားခဲ့တာလေ ။
နောက်ပြီးတစ်ချိန်ထဲမှာဘဲ သူမခန္ဓာကိုယ်က လုံးဝနာကျင်မနေတာကိုသတိပြုမိ၏ ။ ဖြစ်ဖြစ်ချင်းက သွေးပူတုန်းမို့ အများကြီးထိသွားတယ်လို့ထင်တာ နေမှာပါလေ ဟုသာစိတ်ကိုဖြေတွေးမိသည် ။
ပြီးတော့ မေမေတို့.. ။ ဘယ်ရောက်နေကြပါလိမ့် ။ သမီးတစ်ယောက်လုံးကားတိုက်ခံရတာတောင် ဆေးရုံမှာစောင့်မပေးကြဘူးလား ။
အတွေးတွေနှင့်အတူ သူမကုတင်ပေါ်ကနေ အလူးအလဲထမိသည် ။ သို့သော် သိလိုက်ရသည်က သူမသည် လက်ချောင်းလေးတစ်ချောင်းမှစ၍ လှုပ်မရပါချေ ။ စိတ်ရှိတိုင်းကုတင်ပေါ်က ထသွားဖို့ဆိုတာ ဝေးစွ ။ လှုပ်တောင်မလှုပ်နိုင်သော အဖြစ်ကိုတွေးရင်းဝမ်းနည်းလာမိသည် ။ သူမလေများဖြတ်နေသလား ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတဘဝနှင့်တော့မနေချင်ပါ ။ ပြီးတော့ ချမ်း...
သူမဒုက္ခိတဘဝနှင့်တော့ ချမ်းကိုဒုက္ခမပေးချင်တော့ပါ။ ဒါဆို သူမအချစ်နှင့်ဝေးရတော့မည်လား ။တွေးရင်းမျက်ရည်တွေဝဲလာမိသည် ။ အနီးအနားမှာတစ်ယောက်မှမရှိခြင်းက ဝမ်းနည်းစိတ်တို့ကို ပိုမိုဖြစ်တည်စေ၏ ။
" ငါတကယ်ကြီး လှုပ်လို့မရတော့တာလား... ''
ဝမ်းနည်းစွာရှိုက်ငိုလိုက်မိမှ သူမအသံသည်လည်း သူမအသံမဟုတ်တော့... ။ သူမကမ္ဘာကြီးချာချာလည်းသွားသလို ခံစားလိုက်ရသည် ။
မျက်ရည်တွေကတသွင်သွင်စီးကျလာ၏ ။ fic တွေထဲကလို time travel နဲ့ အတိတ်ခေတ်တွေကိုများ ပြန်ရောက်သွားလေသလား ။