တစ်နေ့လုံး... တစ်ညလုံး...
ဆက် ငိုနေခဲ့သည် ။
့အိမ်ထဲကအိမ်ပြင်မထွက်...
ဘာတစ်ခုမှမစားဘဲ ။
အိမ်က လူကြီးတွေလည်း သူ့အပူနှင့်သူဆိုတော့ သတိမထားမိ။ လူမမာကလည်းကျန်းမာရေးပိုဆိုးလာသလို လူကြီးနှစ်ယောက်ကလည်း စိတ်ဓာတ်ကျနေပြီထင်၏ ။ အခန်းထဲကမထွက်သော ဆက်ကို ဂရုမစိုက်နိုင်တော့ဘူးထင်... ။
ဖေဖေ့အပေါ် မေမေ၏ဂရုစိုက်မှုတို့ကလည်း မရှိသလောက်နည်းပါးသွားခဲ့သည် ။ ဂရုစိုက်တာကိုမြင်ချင်လျှင် ပုံတူပန်းချီရေးကြည့်ရမည့်အတိုင်းပင်...။
အိမ်တွင်းရေးအဆင်မပြေမှုသည် အိမ်ရှိမိသားစုအကုန်လုံးအား ဖရိုဖရဲဖြစ်သွားစေ၏ ။
တစ်စုံတစ်ယောက်တိုင်းစီ၏ ရင်တွင်း၌ မှန်းဆ၍မရသော မီးပုံကြီးတစ်ခုရှိနေ၏ ။ပူ လောင် လွန်း လှ ပါ သည် ။
လောင် မြိုက် လွန်း လှ ပါ ၏။
#-------# 🌺 ပျောက်ကွယ်ခဲ့သော..... 🌺
" သမီးလေး... ''
မနက် မျက်နှာသစ်ပြီးအပေါ်ထပ်မှဆင်းလာသော ဆက်အား ဖေဖေမှလှမ်းခေါ်လိုက်ခြင်း...။
" ဒီစာကို ဘွားကိုပေးလိုက်ပါဆက်... ''
သူ့အနားလည်းရောက်သွားရော စာလေးတစ်စောင်ကိုထိုးပေးပြီး ထူးထူးဆန်းဆန်းစကားတွေပြောပြန်သည် ။
" ဖေဖေနဲ့ ဘွားဘွားက တစ်အိမ်ထဲနေပြီးတော့ စာရေးပြောရမယ့်အကြောင်းရှိလို့လား... ''
ဆက်မနေနိုင်စွာမေးခွန်းထုတ်မိပြန်၏ ။
" ဖေဖေပြောတာနားထောင်ဆက်... ဘွားကိုသွားပေးလိုက်ပါ... သေချာသိမ်းထားဖို့ပြော... ပြီးတော့သမီး ဖေဖေမရှိတော့တဲ့အခါ မေမေ့ကိုဂရုစိုက်ပါ... သူကအခုချိန်မှာ မိသားစုရဲ့မေတ္တာကိုရဖို့ လိုအပ်နေတဲ့သူပါသမီးရယ်... ''