" ဖေဖေ နေမကောင်းဘူး ချမ်း ''နှစ်ယောက်အတူ စာလုပ်နေရင်းကနေ ဆက် က လေးတွဲ့တွဲ့လေးပြောသည် ။
" အခုတဖြည်းဖြည်း ပိန်ကျသွားတာ သတိထားမိတယ်မလား... ဆေးရုံနဲ့အိမ်နဲ့တင် လှည့်နေရတာလည်း နှစ်လကျော်နေပြီ... အဆုတ်ရေဝိုင်းတာတဲ့... ''
ချမ်း စကားတစ်ခွန်းမှမဆိုမိ... ဆက် ၏မျက်နှာကိုသာ သေချာစိုက်ကြည့်နေရင်း ဖခင်ဖြစ်သူအတွက် ဝမ်းနည်းနေရှာသည့်ကလေးငယ်ကို နှစ်သိမ့်ရမည့်စကားလုံးရှာနေ၏ ။
" ချမ်း ဖေဖေသာ ဆက်တို့ကိုထားသွားရင်ဘယ်လိုလုပ်မလဲဟင်... ဆက် ဆက် ပြိုလဲသွားမယ်ထင်တယ်... ''
ဆက် မျက်ဝန်းကမျက်ရည်တစ်ပေါက်ကျလာချိန်မှာတော့ ချမ်း ဆက် ၏ လက်တစ်စုံကို သူမဘယ်ဘက်လက်ကလေးနှင့် ဆုပ်ကိုင်လိုက်ရင်း ကျလာသော မျက်ရည်စက်ကလေးကို ညာလက်နှင့် ညင်သာစွာ သုတ်ပေးလိုက်သည် ။
" ချမ်း ကအမြဲရှိနေမှာ... ဆက် ရဲ့ဘေးမှာပေါ့...
တစ်ခုခုဆို ချမ်းကိုအရင်ပြောနော်... ဆက် ဘာဖြစ်ဖြစ် ချမ်းက ဆက်ဘေးမှာရှိနေမှာဟုတ်ပြီလား ''" omm... ချမ်းက ဆက်အတွက်ဘဲနော်... ဆက်ကို မထားခဲ့ရဘူး... အမြဲ ဆက် အပိုင်ဘဲ... ''
စကားတို့မဆိုမိ... တစ်ခါတစ်လေ စကားတွေထိုင်ပြောနေခြင်းထက် တိတ်ဆိတ်သော ရင်ထဲကစကားတို့က ပိုပြီး နက်ရှိုင်းစွာသက်ရောက်တတ်သည်မဟုတ်ပါလား...
ပတ္တမြားဆက် ဟူသော ကလေးငယ်၏ နီထွေးသော လက်အစုံကို ဆုပ်ကိုင်ရင်း....
🌺 ပျောက်ကွယ်ခဲ့သော 🌺
" ဘိုး ရေ... ''
" ဗျ ''
" ဆက် မုန့်ဖိုးကုန်နေပြီ... ဟီး...😁''
ရှိသမျှသွား အကုန်ဖြီးကာ သွယ်ဝိုက်သောအားဖြင့် မုန့်ဖိုးတောင်းနေသော ပတ္တမြားဆက်