🌺 အပိုင်း ၂၀🌺

4.9K 327 10
                                    


" ညီ​လေးတို့ ညီမ​လေးတို့ အစ်​ကိုတို့ ​ဆေး၁ က​နေပြီး​တော့ ပရဟိတအဖွဲ့တစ်​ဖွဲ့ဖြစ်​တဲ့ ​သွေးလှူရှင်​များအသင်းကို တစ်​နှစ်​တစ်​ခါ အသစ်​ပြန်​ဖွဲ့​လေ့ရှိပါတယ်​​နော်​... fresher ​လေး​တွေ​ရောက်​လာတိုင်း အစ်​ကိုတို့အဖွဲ့ထဲကို ပါဝင်​ဖို့ နှစ်​တိုင်းဖိတ်​​ခေါ်ပြီး အသင်းဝင်​အသစ်​​တွေထည့်​​ပေးတယ်​... ​သွေးလှူတယ်​ဆိုတာ အစ်​ကိုတို့နဲ့မစိမ်းတဲ့ အလုပ်​တစ်​ခုလည်းဖြစ်​တယ်​... ဆရာဝန်​တစ်​​ယောက်​အ​နေနဲ့​ရော... ပြည်​သူတစ်​​ယောက်​အ​နေနဲ့ပါ... ကုသိုလ်​လည်းရ တာဝန်​လည်း​ကျေတဲ့လုပ်​ငန်းတစ်​ခုဖြစ်​တဲ့အတွက်​​ကြောင့်​....
အစ်​ကိုတို့အဖွဲ့ကို ပါဝင်​ဖို့ဖိတ်​​ခေါ်ပါတယ်​... ''

Welcome show အစမ်း​လေ့ကျင့်​မှုနားထား​သောရက်​​လေးမို့ စာသင်​မည်​မှမလုပ်​ရ​သေး...
အ​ကြောင်းကိစ္စတစ်​ခုခုဖြင့်​ ​ရောက်​​ရောက်​လာတတ်​​သော Senior အစ်​ကိုအစ်​မများထဲတွင်​ ချမ်းများပါလာ​လေမလား... ဆက်​​မျှော်​လင့်​ချက်​ဖြင့်​ ရှာ​နေမိသည်​ ။

ပူပူ​နွေး​နွေးရထား​သော ချစ်​သူ​လေးမို့ အမြဲ​တွေ့ချင်​​နေမိသည်​ဆိုလျှင်​ ဆက်​လွန်​မည်​မထင်​ ။ အမြဲသူ့အ​ကြောင်းဘဲ​တွေး​နေမိကာ သူ့ပုံရိပ်​များသာ ဦး​နှောက်​ထဲ​ရော နှလုံးသားထဲမှာပါ ကြီးစိုး​နေ၏ ။

" အစ်​မတို့က​လေ ​သွေးလှူနိုင်​မယ့်​အ​ခြေအ​နေ... ​သွေးအား​ကောင်းမ​ကောင်းကို အရင်​ဆုံးစစ်​ပြီးမှ အားလုံး​ကောင်းတယ်​ဆိုရင်​အဖွဲ့ထဲကိုထည့်​တာပါ​နော်​... အဲ့ဒါ​ကြောင့်​ ပါချင်​ရဲ့သားနဲ့ ​သွေးအားမပြည့်​လို့လှူမရမှာ​ကြောက်​​နေရင်​ အရင်​ဆုံးစစ်​​ပေးမယ်​... အဲ့ဒါ​ကြောင့်​ ဝင်​ကြပါလို့... ​နော်​...''

ဆက်​အကြည့်​​တွေက state ​ပေါ်တက်​ပြီးစည်းရုံး​ရေးဆင်း​နေ​သော အစ်​မဆီမှာမရှိ... ။ ​နောက်​ဆုံးမှဝင်​လာ​သော ပြတင်း​ပေါက်​နားကတစ်​​ရွေ့​ရွေ့လှမ်းလာ​နေသည့်​​ ချမ်းဆီသို့သာ... ။

နို့နှစ်​​ရောင်​အသားအ​ရေ​လေးနှင့်​လိုက်​ဖက်​စွာ ဝတ်​ထား​သော အပြာနု​ရောင်​မြန်​မာဝမ်းဆက်​က​လေးနှင့်​သူမသည်​ အားလုံးထဲတွင်​ထင်း​နေ၏ ။
ဆံပင်​ရှည်​များကို ခင်​မြင့်​မြင့်​​လေး​မြှောက်​စည်းထား​သော ချမ်းသည်​ ​အေးချမ်းစွာ လှပ​နေသည်​ ။

ပျောက်ကွယ်ခဲ့သော... Z+UNơi câu chuyện tồn tại. Hãy khám phá bây giờ