🌺 ဇာတ်​သိမ်းပိုင်း ၅ 🌺

9K 461 47
                                    

" ဆက်​ ရင်​ဘတ်​မှာ​လေ... ဆက်​​ဖေ​ဖေဆုံးတဲ့​နေ့က ဖန်​ချွန်​နဲ့ ဆွဲခြစ်​ထားတဲ့ ဒဏ်​ရာရှိတယ်​လို့​ပြောတယ်​... ဒီ​နေ့ဟုတ်​မဟုတ်​အတည်​ပြုကြည့်​ရမယ်​... ''

" အို ချမ်း​နော်​.......... ''

ကမ္ဘာကြီးကသာယာသည်​ ။

နှစ်​​ယောက်​ထဲ တစ်​ကမ္ဘာဖြစ်​​နေသလိုလို.... ။

ဆက်​နှုတ်​ခမ်း​လေးကိုနမ်း​နေရင်း လက်​ကလည်း သူမဆံနွယ်​​လေး​တွေကိုခပ်​ဖွဖွပွတ်​​နေမိသည်​ ။

" ဆက်​... ချမ်း ဒီလို​နေ့မျိုးကို​ရောက်​ဖို့ ​စောင့်​ခဲ့ရတာ ​ခြောက်​နှစ်​​တောင်​... ''

" omm... ​ခြောက်​နှစ်​... အကြာကြီး​စောင့်​ခဲ့ရတာဘဲ.... ''

" ပြီး​တော့ အခု ချမ်းအသက်​က ၂၅ နှစ်​ရှိ​နေပြီ... နှစ်​နည်းနည်း​လောက်​ကြာရင်​ အပျိုကြီးစာရင်းဝင်​သွားမှာ... ''

" ဆက်​လည်းအတူတူပါဘဲ... တစ်​နှစ်​​လေးကွာတာကို... ''

" မဟုတ်​ဘူး​လေ...​ပြောချင်​တာကကွာ.... ''

" ဘာမှ ​ပြောချင်​မ​နေနဲ့... ရှင်​က အသက်​​တွေကြီးသွားရင်​ မချစ်​ချင်​​တော့တာလား... ​နောက်​တစ်​​ယောက်​ရှာမှာလား... ''

" ဟာကွာ... အဲ့လို​ပြောတာမဟုတ်​ဘူးဆက်​ရယ်​... ''

ပြောချင်​သည့်​စကားနှင့်​ target ​တွေလွဲကုန်​တာ​ကြောင့်​ ချမ်း​ခေါင်းကိုကုတ်​ကာ ညည်းညူမိသည်​ ။

" ချမ်း​ပြောချင်​တာကကွာ.... ချမ်းတို့က မကြာခင်​လက်​ထပ်​ရ​တော့မှာ​လေ... ''

" အင်း​လေ...ဘာလဲ လက်​မထပ်​ချင်​​တော့ဘူးလား.... ''

သူမရင်​ခွင်​ထဲက​နေ အကန်​​တွေချည်းဘဲ ​ပြော​နေ​သော ထိုက​လေးစုတ်​ကို အသည်းယားလွန်း၍ ဖျစ်​ညှစ်​ပစ်​ချင်​သည်​ ။

" ချမ်း​ပြောချင်​တာက ဆက်​ကို ပိုင်​ဆိုင်​ချင်​​နေပြီလို့...''.

တည့်​တိုး​ပြောချလိုက်​မှပင်​ အနှီက​လေးစုတ်​က မျက်​နှာ​လေးရဲသွားပြီး ​ပြောချင်​တာကိုသ​ဘော​ပေါက်​သွားသည်​ထင်​၏ ။

ပျောက်ကွယ်ခဲ့သော... Z+UWhere stories live. Discover now