" ဆက် သမီးလေး... ''အပေါ်ထပ်ကဆင်းလာရင်း ကျောင်းသွားဖိုပြင်ဆင်နေသော သမီးငယ်ဖြစ်သူကို ဒေါ်မိမိတာလှမ်းခေါ်ရင်း လက်ကိုလှမ်းကိုင်လိုက်သော်လည်း ဆက်က လက်ကိုရှောင်လိုက်ပြီး အကိုင်မခံ ။
" ပြောပါမေမေ ''
ဒေါ်မိမိတာ ဝမ်းနည်းစိတ်ကို ချိုးနှိမ်လိုက်ရင်း
" မေမေ ကျောင်းလိုက်ပို့မယ်လေ သမီးလေး ''
" ရပါတယ်...သမီး ကိုသွင်ဟန်သာ့ကိုခေါ်ထားတယ်...လမ်းတစ်ဝက်ရောက်နေပြီပြောတယ် ''
" မေမေ့ကို စိတ်မဆိုးပါနဲ့သမီးရယ်... ''
" အရာရာအားလုံးက အကြောင်းနဲ့ အကျိုးနဲ့ ဖြစ်တည်လာတယ်လို့ သမီးထင်တယ်မေမေ မေမေသမီးကို အဲ့လိုဆက်ဆံတယ်ဆိုတာလည်း အကြောင်းရှိမှာပါ... ''
ပျော့ပျောင်းမှုမရှိ ပြောသွားသောစကားတွေကြားမှာ ဆက် အသံကအေးစက်မှုတွေသာ ကြီးစိုးလျှက်...
ဒေါ်မိမိတာပြောစရာစကားမရှိ...
အေးစက်စက်အကြည့်တွေကို ခံနိုင်ရည်မရှိသဖြင့် မျက်နှာလွှဲကာ ခေါင်းငုံ့နေရသည် ။"ဆက် သွားတော့မယ် မေမေ... ''
လှည့်ထွက်သွားသော ဆက်ကျောပြင်လေးကို သူမငေးကြည့်နေရင်းသာ...
တာဝန်မကျေခဲ့သမျှအရာအားလုံးအတွက်...
မေမေ ဆိုးသွမ်းခဲ့တဲ့အရာအားလုံးအတွက်...
ပြန်ပြီး ပေးစပ်ပါရစေနော်....🌺🌺
" ဟာ ဆက်... နေမကောင်းသေးဘဲနဲ့ ကျောင်းကိုဘာလို့လာတာလဲကွာ.... ''
ကျောင်းအဝင်ဝမှာတင် တွေ့လိုက်ရသောချစ်သူနှင့် ကြားလိုက်ရသော စိုးရိမ်စကားတို့ကြောင့် ဆက် နည်းနည်းတော့နေသာသွားသည် ။
အခုသူမမှာ မျှော်ကြည့်စရာဆိုလို့ ချမ်းမြမြကို တစ်ယောက်သာရှိတော့သည်မဟုတ်ပါလား...။