ep 9

17.2K 2K 395
                                    

'' ဒီလောက်ဆိုးဝါးတဲ့ဟင်းတွေက သခင်လေး စားဖို့လား ''

မုန်းရဲ့ အသံစူးစူးဟာ မီးဖိုချောင်ထဲကနေ ထွက်ပေါ်လာသည် ။ ထမင်းချက်အဒေါ်ကြီး ကလည်း မနေ့တစ်နေ့ကမှ ဒီအိမ်ပေါ်ရောက်လာပြီး သခင်လေးအားကိုးနဲ့ လူပါးဝနေသည့် မုန်းကို ကြည့်မရစွာနဲ့ ပြန်ရန်ထောင်လိုက်သည်။

'' ဒီမှာ ............. ငါ သခင်လေးအတွက် အစားအသောက်ပြင်လာခဲ့ပေးတာ သုံးနှစ်မကတော့ဘူး ၊ မင်းက မနေ့တနေ့ကမှ ရောက်လာပြီး သခင်အားရ ကျွန်ပါးဝနေတာ ၊ ကိုယ့်နေရာ ကိုယ်မသိဘဲ ၀င်ရူပ်ချင်နေတယ် ၊ မီးဖိုချောင် ကိစ္စတွေမှာ ၀င်မပါဘဲ သခင်လေးရဲ့ အောက်ခြေသိမ်းတွေ လုပ်ပြီး သခင်လေးဆီက မျက်နှာရအောင်သာ လုပ်စမ်းပါ ''

'' ဟက်...... တကယ်တမ်း သခင်အားရ ကျွန်ပါးဝနေတာ ကျုပ်မဟုတ်ဘူး ....... ခများတို့ ၊ သခင်လေးပေးတဲ့ လစာကို ယူပြီး ခုလို ဖြစ်သလို ချက်ကျွေးလို့ ရတယ်ပေါ့ ၊ ခုကစပြီး သခင်လေးအတွက် စားရေးသောက်ရေးကို ကျုပ်တာဝန်ယူတယ် ၊ ခများတို့ လုပ်စရာမလိုတော့ဘူး ''

ဒီလူတွေဟာ တစ်ချိန်မှာ သခင်လေးကို ဒုက္ခပေးကြမည့်လူတွေ ၊ ဦးမင်းလက်ယျာ၏ လူတွေဖြစ်သွားကြပြီး သခင်လေးကို သစ္စာဖောက်ကာ အနီးကပ် လုပ်ကြံမည့်လူတွေ ၊ အဲ့အချိန်မရောက်ခင် သူက အရင် ရှင်းထုတ်ရမည် ။

'' တောက်တိုမယ်ရလုပ်ဖို့ ၀ယ်ထားတဲ့ အစေခံက မီးဖိုချောင်ကိစ္စထိ ၀င်ပါရဲတယ်ဆိုတော့ မင်းက တော်တော် ရောင့်တက်နေပြီဆိုတဲ့ သဘောဘဲ ၊ ကောင်းပြီလေ ........ အစကတော့ မင်းကို သနားပြီး ဘာမှမပြောဘဲနေမလို့ ၊ ဒါပေမယ့် မင်းက ငါ့ကိုတွန်းအားပေးလာတော့ သခင်လေးပြန်လာရင် မင်းဘယ်လိုတွေ ကမ်းတက်နေလဲဆိုတာ သိအောင် ပြောပြမယ် ၊ ဒီက ထွက်သွားဖို့ အထုပ်ပြင်ထား .....''

'' ခုလိုသတိပေးလို့ ကျေးဇူးတင်ပါတယ် ........... ဒါပေမယ့် ထွက်သွားရမယ့်သူက ကျပ်မဟုတ်ဘူး၊ ခများတို့ ဘဲ ဖြစ်မှာ ....ဖယ် .... ဖယ် ၊ အချိန်မရှိဘူး ခဏနေ သခင်လေး ပြန်လာတော့မှာ ၊ သူ့အတွက် ညစာပြင်ရမယ် ''

'' မင်း...... မင်း.... စောင့်ကြည့်နေလိုက် ''

ထောင့်မကျိုးဘဲ အထက်စီးကနေ မောက်မောက်မာမာ ပြောလိုက်သည့် မုန်း၏ စကားကြောင့် ထမင်းချက်အဒေါ်ကြီးသည် ရှူးရှူးရှဲရှဲနဲ့ ဒေါသထွက်ကာ မီးဖိုခန်းထဲကနေ ထွက်သွားလေသည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now