ep 19

15.3K 1.7K 371
                                    

Dinner ဆိုပေမယ့် ဘယ်သူမှ စားဖို့သက်သက်ကြီးလာကြတာမဟုတ်ပါဘူး ။ အနှိုင်းမဲ့နှင့်မုန်းတို့သည်လည်း စားပွဲတစ်ခုတည်းတွင်ထိုင်ကာ အနှိုင်းမဲ့ကတော့ လူတစ်ချို့နဲ့စကားပြောနေလေသည် ။ မုန်းကတော့ ဝိုင်ခွက်ကို လက်ကြားထဲညှပ်ပြီး ဒီစကားဝိုင်းထဲ ဝင်မပါဘဲ အလိုက်တသိငြိမ်နေလိုက်သည် ။ သူတို့စီးပွားရေးသမားအချင်းချင်းပြောနေကြသည့် အကြောင်းအရာများထဲတွင် စီးပွားရေးလုပ်ငန်းအပြင် နိုင်ငံရေးတွေလည်းပါသည် ။ ဒါကြောင့် ကလေးသာသာဖြစ်နေသည့် မုန်းက တစ်ယောက်တည်းကွက်ပြီး နူတ်ဆိတ်နေရတော့ တဖြေးဖြေးနဲ့ သူသည် စကားဝိုင်းထဲမပါဘဲ အပိုလူလိုခံစားရလာသည် ။

" ပျင်းနေပြီလား?  ဝိုင်တွေ သိပ်မသောက်နဲ့ဦး  ''

သခင်လေးက မုန်း၏ အနားကပ်ကာတိုးတိုးလေးကပ်ပြောတော့ မအူမလည်နဲ့  ပြုံးလိုက်သည် ။

" မပျင်းပါဘူး  ။ သခင်လေးအေးဆေးစကားပြောပါ မုန်းကို စိတ်မပူနဲ့ ''

" စိတ်ချလိုက်မယ်နော် ၊ ငါမင်းကို ကလေးတစ်ယောက်လို လိုက်မထိန်းချင်ဘူး ''

" စိတ်ချပါ.... မုန်းကြောင့် သခင်လေးမျက်နှာမပျက်စေရဘူး ''

မုန်းက ကလေးတစ်ယောက်လိုဖြူစင်စွာပြုံးရင်း ကတိပေးလေတော့ အနှိုင်းမဲ့စိတ်ချလိုက်ပြီး စားပွဲခုံအောက်က မုန်း၏ ပေါင်ကို သူ့လက်လေးနဲ့ညစ်လိုက်သည် ။ ရုတ်တရက်ဆိုတော့ မုန်း ကြက်သီးမွှေးညင်းများပင် ထသွားကာ ကျဉ်တက်သွားပေမယ့် သခင်လေး၏ မျက်နှာက မည်သည့်ပုံမှမပြဘဲ တည်ငြိမ်နေ၍ မုန်းရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့လိုက်သည် ။ မီးအလင်းရောင်နည်း၍ စားပွဲခုံအောက်က အနှိုင်းမဲ့၏ လက်တစ်ဖက်ကို တခြားသူတွေသတိမထားမိ၍သာ တော်သေးသည် ။ မဟုတ်ရင်မုန်းရှက်လွန်းလို့ မျက်နှာဖော်ရဲတော့မည်မဟုတ် ။

ဒါပေမယ့် အနှိုင်းမဲ့က မဟုတ်ကဟုတ်ကတွေ လုပ်နေတာလည်းမဟုတ်ဘဲ ဒီအတိုင်းမုန်း၏ပေါင်ကို ဖွဖွလေးပွတ်သပ်ကာ ကျီစယ်ရုံသက်သက်ဖြစ်သည် ။ ကာယကံရှင်မုန်းကတော့ မျက်နှာတွေနီလာကာ နားရွက်ဖျားတွေပူနွေးလာသလို ခံစားလိုက်ရသည် ။ ဟန်ဆောင်ကောင်းသော လူကြီးလူကောင်း အနှိုင်းမဲ့က စကားဝိုင်းထဲတွင် စကားပြောမပျက်ဘဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ လုပ်နေလေသည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now