ep 29

15K 1.5K 169
                                    

သိပ်မကြာခင်နေထွက်တော့မှာမလို့ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးက နီရွှေရွှေအရောင်နဲ့ ။ ထွက်ပြူစဖြစ်နေတဲ့ နေလုံးကြီးနဲ့အတူ တစ်ချို့ရွာသားတွေက ပင်လယ်ထဲဆင်းဖို့ ပြင်နေကြသည် ။ မုန်းက သောင်ပြင်ပေါ်သွားထိုင်ရအောင်ဆိုလို့ ခရီးဆောင်ရေနွေးဓာတ်ဘူးထဲ ကော်ဖီအပြည့်ဖျော်ထည့်ကာ စားစရာအနည်းငယ်နဲ့ နှစ်ဦးသား သဲသောင်ပြင်ကိုထွက်လာခဲ့သည် ။ ရွာနဲ့ ပင်လယ်က နည်းနည်းတော့ အလှမ်းဝေးတာမို့ ခဏခဏကုန်းပေါ်ပြန်မတက်ချင်၍ ရိက္ခာတွေအပြည့်ထည့်ခဲ့လေသည် ။

အသင့်ပါလာတဲ့ ခေါက်ဖျာလေးကို ခင်းပြီး စားစရာတွေကို ပုံချထားလိုက်သည် ။ ထို့နောက် သခင်လေး၏နံဘေးထိုင်ချကာ ပုခုံးပေါ်ခေါင်းမှီလိုက်သည် ။

'' ကိုကို ........... ''

'' ပြောလေ.......... ချစ်လေး ''

'' နောက်နှစ်ကျရင် ဒီနေရာကို တစ်ခေါက်ပြန်လာရအောင် ။  ကိုကိုရှိနေလို့လားမသိ ဒီမနက်ခင်းလေးက အရမ်းပြည့်စုံတယ် ''

'' ဒီနေရာကို တကယ်ပဲသဘောကျတာလား ''

'' အင်း .............. အရမ်းအရမ်းသဘောကျတာပဲ ။ ဖြစ်နိုင်ရင် အသက်တွေကြီးလာရင် ဒီနေရာကို ခဏခဏလာပြီး စိတ်အပန်းဖြေပစ်မှာ ''

အနှိုင်းမဲ့ညင်သာစွာရယ်မောကာ မုန်း၏ဆံနွယ်နုနုလေးတွေကို လက်ချောင်းလေးတွေနဲ့ပွတ်သပ်ရင်း နဖူးပြင်ထက် အနမ်းနွေးနွေးတစ်ခုပေးလိုက်သည် ။

'' ဖြစ်စေရမယ် .......... မင်းလိုချင်တာအားလုံးကို ကိုကိုက ဖြည့်ဆည်းပေးမှာမလို့ မနက်ဖြန်အတွက် မတွေးဘဲ ဒီနေ့အတွက်ပဲ စဉ်းစားနော် ...........''

'' အံမယ်...........လူကြီးက စကားလုံးအနုအရွတွေလည်း ပြောတတ်သား ''

'' အရမ်းချစ်လို့လေ ........ တစ်ချို့စကားလုံးတွေက တမင်လုပ်ယူစရာမလိုဘူး ။ ခံစားချက်အတိုင်းအကုန်ထွက်လာတာပဲ ''

'' မုန်းရဲ့ ချစ်သူမှ ဟုတ်ရဲ့လားလို့ သံသယရှိသွားပြီ.......... ဟိဟိ ''

အနှိုင်းမဲ့သည် မုန်း၏နဖူးလေးကို လက်နဲ့ဖွဖွလေးခေါက်ကာ ကျီစယ်လိုက်သည် ။ ထို့နောက်ပူနွေးနေဆဲဖြစ်နေသေးတဲ့ ကော်ဖီဗူးလေးကိုယူကာ နှစ်ဦးသားမျှသောက်လိုက်သည် ။ နေလုံးကြီးအပြည့်ထွက်လာတဲ့အထိ သဲသောင်ပြင်မှာထိုင်နေရင်း မုန်းသည် သခင်လေး၏ လှုပ်ရှားမှုမှန်သမျှကို မှတ်တမ်းယူရိုက်ထားလေသည် ။ ၂ နာရီလောက်အကြာမှာ တည်းခိုခန်းကိုပြန်လာပြီး ပင်လယ်ထဲဆင်းရန်အတွက် အ၀တ်စားဝင်လဲခဲ့သည် ။ တကူးတကပြင်ဆင်ထားတာမရှိဘဲ အဆင်ပြေသည့် အ၀တ်စားများကိုသာ ကောက်ထည့်လာတာမို့ သူတို့ရဲ့အ၀တ်စားတွေက ပင်လယ်နဲ့တော့ သိပ်မအပ်စပ် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now