ep 27

14.1K 1.5K 189
                                    


အိမ်တွင်ကျန်ခဲ့သောမုန်းက ညနက်သည်အထိ သခင်လေးပြန်မရောက်လာ၍ စိတ်ပူလာပြီး ဖုန်းတွေဆက်တိုက်ခေါ်နေမိသည် ။ သို့သော်ဖုန်းက စက်ပိတ်ထား၍ သူဘယ်ရှာလို့ရှာရမှန်းမသိ ။

အိမ်အောက်မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်းစောင့်နေသော်လည်း မနက်မိုးသာလင်းသွားသည် သခင်လေး၏ အရိပ်အယောင်ကိုမတွေ့ ။ သူ့လက်ထောက်ကိုဖုန်းဆက်မေးကြည့်သော်လည်း သခင်လေးပြန်သွားပြီဟုသာဆိုလာသည် ။ အသက်ပြည့်ပြီးသားလူကြီးတစ်ယောက်ကို မစိုးရိမ်သင့်မှန်းသိပေမယ့် မတော်လို့များ သခင်လေးသာ တစ်ခုခုဖြစ်နေရင်ဆိုတဲ့စိတ်ကြောင့် လူကတစ်ညလုံးအိပ်မရဘဲ ငုတ်တုတ်ကြီးပင် ။

" လူကို စိတ်ပူအောင်အရမ်းလုပ်တဲ့ ခင်ဗျားကြီးကို ပြန်ရောက်လာရင် လက်သီးစာတစ်ချက်လောက် ကျွေးပစ်ဦးမှာ...... အကျင့်မကောင်းတဲ့လူကြီး ''

**************

တစ်ဆစ်ဆစ်ကိုက်ခဲနေသည့် ဦးခေါင်းကို အသာဖိနှိပ်ရင်း အနှိုင်းမဲ့သည် မျက်လုံးကိုအားတင်းဖွင့်လိုက်သည် ။ မရင်းနှီးသည့်အခန်းဖွဲ့စည်းပုံကို ဦးစွာမြင်လိုက်ရတာမို့ သူ မျက်မှောင်နည်းနည်းကုပ်သွားသည် ။ သူ့နောက်ကျောဖက်တွင် မိန်းမတစ်ဦး၏ တအင့်အင့်ရိုက်ငိုသံကို သဲ့သဲ့လေးကြားလိုက်ရ၍ ခေါင်းနပန်းကြီးသွားကာ ချက်ချင်းလှည့်ကြည့်လိုက်သည် ။

'' ဟင်............... ''

သူ အိမ်မက်များမက်နေတာလား ။ ဒါမှမဟုတ် ထင်ယောင်ထင်မှားဖြစ်နေတာလား ။ အ၀တ်မပါသော အမျိုးသမီးတစ်ဦးသည် ကုတင်ထောင့်စွန်းမှာ တုန်ယင်စွာ ကျုံ့လျက်ထိုင်နေသည် ။ ဖူးယောင်နေသည့်မျက်နှာနှင့် ညိုမဲနေသော ဒဏ်ရာအချို့က သူမ၏ ခန္ဓာကိုယ်မှာစွဲထင်လျှက်ပင် ။ ဒါ အဓမ္မပြုကျင့်ခံရသည့် ပုံစံမျိုး ။

အနှိုင်းမဲ့ သူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်တော့ အ၀တ်စားမကပ်သည့် ခန္ဓာကိုယ်က စောင်နဲ့ဖုံးကွယ်လျှက် ။

'' မင်း ဘယ်သူလဲ ? ''

သူက ထိတ်လန့်စွာမေးတော့ အမျိုးသမီးငယ်၏ ရိုက်သံကပိုကျယ်လာသည် ။

အကြင်နာ.... မုန်း ( Completed)Where stories live. Discover now